ဇွန်လ ၁၂ ရက်နေ့
 |
စစ်တွေမြို့ နာဇီဈေး ယခု မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မီးလောင်မှုမြင်ကွင်း ဓါတ်ပုံ- Eleven Media Group |
ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၁း၁၅ နာရီခန့်တွင် စစ်တွေမြို့နယ် နာဇီကျေးရွာတွင်
ရခိုင်တိုင်းရင်းသား ၆၀၀၀ခန့်နှင့် ဘင်္ဂါလီ ရိုဟင်ဂျာ ၁၀၀၀၀ခန့် အဓိကရုဏ်း
ဖြစ်ပွားနေကြောင်း သိရှိရသည်။ အဆိုပါ အဓိကရုဏ်း ဖြစ်ပွားသည့်နေရာတွင်
ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်နှင့် တပ်မတော်မှ ၃၀ ဦးခန့် က ၀င်ရောက်ဖြန်ဖြေ
ပေးနေကြောင်း အဆိုပါနေရာသို့ ရောက်ရှိ သတင်းရယူနေသည့် Eleven Media Group
မှ သတင်းထောက်က သတင်းပေးပို့ပါသည်။
ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က စစ်တွေမြို့ ကသဲရပ်ကွက်တွင်
ရိုဟင်ဂျာ ဘင်ဂါလီများက အိမ်ကို မီးရှို့၍ ထွက်ပြေးသွားကြကြောင်း သိရသည်။
မီလောင်မှုကြောင့် ရခိုင်လူမျိုးများ၏ နေအိမ် ၅ လုံးခန့်နှင့် ရိုဟင်ဂျာ
ဘင်င်္ဂါလီများ၏ နေအိမ်များလည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
မီလောင်မှုမှာ လက်ရှိအချိန်အထိ ဆက်လက်လောက်ကြွမ်းလျှက်ရှိကြောင်း သိရသည်။
စစ်တွေမြို့နယ် နာဇီကျေးရွာတွင် မီးအကြီးအကျယ် လောင်ကြွမ်းနေကြောင်းနှင့်
လူအချို့ ပိတ်မိနေသည်ဟု ဒေသခံများက ခန့်မှန်းပြောကြားခဲ့ကြောင်း
အဆိုပါနေရာအနီသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်မှ
သတင်းပေးပို့ Eleven Media Group - Facebook
အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။
 |
စစ်တွေမြို့ နာဇီဈေး ယခု မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မီးလောင်မှုမြင်ကွင်း ဓါတ်ပုံ- Eleven Media Group |
နာဇီရွာ မီးလောင်မှုဖြစ်စဉ်တွင် လူမျိုးခြားများ နေထိုင်သည့် နေအိမ်အတွင်းမှ
မီးအားပိုမို တောက်လောင်စေသည့် လောင်စာဆီများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ
မီးငြှိမ်းသတ်ရာတွင် အခက်အခဲ ရှိစေရန် လမ်းသွယ်၊လမ်းကြား အချို့တွင်
အရာဝတ္တုများစွာဖြင့် ပိတ်ပင်ထားကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူး
ဦးမင်းစန်းအေး က ပြောကြားခဲ့သည်။
 |
စစ်တွေမြို့ နာဇီဈေး ယခု မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မီးလောင်မှုမြင်ကွင်း ဓါတ်ပုံ- Eleven Media Group |
 |
စစ်တွေမြို့ နာဇီဈေး ယခု မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မီးလောင်မှုမြင်ကွင်း ဓါတ်ပုံ- Eleven Media Group |
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။