Tuesday, June 12, 2012

ရိုဟင်ဂျာပဋိပက္ခကြောင့် နယ်စပ်လုံခြုံရေး ဘင်္ဂလားဒေ့ရှ် တိုးမြှင့် ကောက်ဘဇားရှိ ရခိုင်ဘုရားပုထိုးများကို ရဲများစောင့်ရှောက်

ဒါကာ၊ ဇွန် - ၁၁

အိမ်နီးချင်းမြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများနှင့်ဆက်နွှယ်သော ပဋိပက္ခများနှင့် ဆူပူအုံကြွများဖြစ်ပွားလျက်ရှိခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျောက်တွင် လုံခြုံရေး တိုးမြှင့်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူများ၏ထုတ်ပြန်ချက်ကို CNA သတင်းတွင်ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မြို့တစ်မြို့ဖြစ်သော ကောက်ဘဇားတွင် နယ်စပ်လုံခြုံရေးတပ်များကို တိုးမြင့်ထားပြီး၊ယင်းဒေသရှိ ရိုဟင်ဂျာ ၃သိန်းခန့်နေထိုင်သော ဒုက္ခသည်စခန်းကိုလည်း ဘင်္ဂလားဒေ့ရှ်ရဲများက သတိထား၍စောင့်ကြည့်လျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်သူ Jasim Uddin ကပြောကြားသည်။

မြန်မာနှင့်နယ်နမိတ်ချင်းထိစပ်နေသော ကီလိုမီတာ ၂၀၀ (မိုင် ၁၂၅မိုင်)တလျောက်တွင် နယ်စပ်လုံခြုံရေးကိုတိုးမြှင့်ထားရန်အမိန့်ပေးထားကြောင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့အကြီးအကဲ ဗိုလ်မှုးချုပ် Anwar Hossain က Daily Star သတင်းကိုပြောကြားသည်။

ထို့ပြင် ကောက်ဘဇားဒေသရှိ ရခိုင်ဘုရားပုထိုး များတွင်လည်း လုံခြုံရေးတိုးမြှင့်ထားကြောင့် ကောက်ဘဇားရဲတပ်ဖွဲ ဒုရဲချုပ် Uttam Kumar က AFP သတင်းဌာနသို့ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။