
Sunday, July 1, 2012
ရမ်းဗြဲမြို့အမတ် ၀န်ကြီးဦးကျော်ခင် ရခိုင်တိုင်းရင်းသားတွေကို အဓမ္မလုပ်အားစေခိုင်း

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား ငြိမ်သက်နေသော်လည်း စီးပွားရေး ပိတ်ဆို့နေသေး

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် အနောက်ဘက်ဒေသရှိ မောင်တောမြို့မှ ယင်းနှစ်နိုင်ငံစီးပွားရေး အခြေအနေကို စောင့်ကြည့် နေသူ ဦးဖြူချေအားမေးမြန်းရာ အောက်ပါအတိုင်း ရှင်းပြသည်။
ဖမ်းဆီးစစ်ဆေးနေသော ရခိုင်ပြည်နယ်အကြမ်းဖက်မှုနှင့် ဆက်နွယ်မှုရှိသူ ၆ ဦး ဘင်္ဂလာ အာမခံလွှတ်ပေး

အင်းလေးကန်ဒေသ အနောက်ဘက်၌ လူမှုစီးပွားရေးစစ်တမ်း ကောက်ယူသွားမည်
လူမှုစီးပွားရေး စစ်တမ်းတစ်ခုအား အင်းလေးကန်ဒေသ အနောက်ဘက်ရှိ ရွာများ၌
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် FREDA နှင့်
ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခုတို့ ပူးပေါင်းဆောင်ရွက်
ကောက်ယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြစ်ကြီးနားမြို့တွင် ဇွန်လ ၂၉ ရက်နေ့ ညနေ ၆ နာရီ ၀န်းကျင်က ဗုံးတစ်လုံးပေါက်ကွဲ၊ လူတစ်ဦးသေဆုံးခဲ့ကြောင်းသိရ
မြစ်ကြီးနားမြို့၊ မိုးလုံလေလုံ အားကစားကွင်းအနောက်ဘက် လ၀ကရုံးလမ်း
စမားဒူးဝါးဆင်ဝါးနောင် အုတ်ဂူ နောက်ကျောလမ်းကြားတွင် ဇွန်လ ၂၉ ရက်နေ့ ညနေ ၆
နာရီဝန်းကျင်က ပြင်းအား အသင့်အတင့်ရှိ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး
ဖေါက်ခွဲသူကိုယ်တိုင် ညာလက်ပြတ်၊ မျက်နှာတစ်ခုလုံး ပျက်စီးကာ
သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ် မြေပုံမြို့ တရုတ်တန်းနှင့် သဲတန်းရပ်ကွက်ကြားရှိ တစ်ရာတန် သောက်ရေကန်အတွင်း ငါးများ အဆိပ်သင့် သေဆုံးမှုဖြစ်ပေါ်
ဇွန်လ (၂၈)ရက် (ယနေ့)တွင် ရခိုင်ပြည်နယ် မြေပုံမြို့ တရုတ်တန်းနှင့်
သဲတန်းရပ်ကွက်ကြားရှိ တစ်ရာတန် သောက်ရေကန်အတွင်း ငါးများ အဆိပ်သင့်
သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရှိရသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်မြို့တော်စည်ပင်ရရှိသော ဘဏ္ဍာငွေခွဲတမ်းထဲမှ ၅၀ ရာခိုင်နှုန်းခန့်ကိုသာ မြို့တော်၏ အဓိကလိုအပ်နေသော လမ်းတံတား၊ ရေပေးဝေရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများတွင် သုံးစွဲမည်ဟုသိရ
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
အနေဖြင့် ရန်ကုန်မြို့တော်၏ လိုအပ်သည့်နေရာများတွင် ပြုပြင်အသုံးပြုရန်
ငွေကျပ် ၅၅ ဒသမ ၅၂ ဘီလျံကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီး
ဘဏ္ဍာငွေအစီအစဉ်မှ ခွဲတမ်းရရှိခဲ့ကြောင်း၊ ယင်းခွဲတမ်း ရရှိငွေ၏ ၅၀
ရာခိုင်နှုန်းခန့်ကိုသာ မြို့တော်၏ အဓိက လိုအပ်နေသော လမ်းတံတား
ပြုပြင်တည်ဆောက်ရေး၊ ရေပေးဝေရေးနှင့် သန့်ရှင်းရေး လုပ်ငန်းများတွင်
သုံးစွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ
ထုတ်ပြန်ချက်အရ သိရှိရသည်။
မတ်လအတွင်း ပြဋ္ဌာန်းခဲ့သော လယ်ယာမြေဥပဒေ၌ တောင်သူလယ်သမားများ၏ အကျိုးစီးပွား ကာကွယ်မှု နည်းပါးနေသောကြောင့် သြဂုတ်လအတွင်း ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေ

ရေလုပ်ငန်းနယ်ပယ်တွင် ပထမဆုံး လက်ခစားစနစ်ဖြင့် လုပ်ကိုင်ခြင်းအဖြစ် ပြည်တွင်းကုမ္ပဏီတစ်ခု အာဂျင်တီးနားမှ ငါးများတင်သွင်း၍ ရေထွက်ပစ္စည်းများ ထုတ်လုပ်
ရေလုပ်ငန်းနယ်ပယ်တွင် ပထမဆုံးအဖြစ် ပြည်ပမှ ရေထွက်ပစ္စည်း
ကုန်ကြမ်းတင်သွင်း၍ ပြည်တွင်းတွင် ကုန်ချောထုတ်လုပ်ပြီးပြန်လည် တင်ပို့သည့်
လက်ခစားစနစ်ကို ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သည့် စက်ရုံ တစ်ခုအားသရုပ်ပြ
လုပ်ကိုင်ခွင့်ပြုခဲ့ပြီး လက်ရှိတွင် ယင်းစက်ရုံက အာဂျင်တီးနားနိုင်ငံမှ
ငါးများတင်သွင်း၍ မလေးရှားကုမ္ပဏီအတွက် လက်ခစားစနစ်ဖြင့်
ဆောင်ရွက်ပေးနေကြောင်း လက်ခစားစနစ် သရုပ်ပြ လုပ်ကိုင်ခွင့်ရခဲ့သည့်
အဏ္ဏ၀ါဒေ၀ီ ငါးဖမ်းကုန်ထုတ်နှင့် အထွေထွေလုပ်ငန်း သမလီမိတက်မှ
တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အမေရိကန်ကုမ္ပဏီ ပက်စီအချိုရည်နှင့် မြန်မာကုမ္ပဏီ ဒိုင်းမွန်းစတားကုမ္ပဏီတို့ အကျိုးတူ ချိတ်ဆက်လုပ်ကိုင်သွားမည်ဖြစ်ပြီး ကိုကာကိုလာကုမ္ပဏီမှ ၀န်ထမ်း စတင်ခေါ်ယူနေ
နာမည်ကျော် အမေရိကန်အချိုရည် အမှတ်တံဆိပ်တစ်ခုဖြစ်သော
ပက်စီအချိုရည်နှင့် မြန်မာထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်သော
ဒိုင်းမွန်းစတားကုမ္ပဏီတို့ မြန်မာနိုင်ငံအတွင်း အကျိုးတူ
ချိတ်ဆက်လုပ်ကိုင်သွားမည်ဖြစ်ပြီး အခြားအမေရိကန် နာမည်ကျော်
အချိုရည်တစ်ခုဖြစ်သည့် ကို ကာကိုလာကုမ္ပဏီမှ ၀န်ထမ်းစတင် ခေါ်ယူနေကြောင်း
စီးပွားရေးအသိုင်းအ၀ိုင်းအတွင်းမှ သတင်းရရှိပါသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥရောပငါးနိုင်ငံခရီးမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လေဆိပ်အထွက်မှစ၍ ပြည်လမ်းတစ်လျောက် ပြည်သူများနှင့် ထောက်ခံသူများက NLD အလံများ ကိုင်ဆောင်ကြိုဆို

ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာသော
ယာဉ်တန်းအား ကြိုဆိုထောက်ခံသူများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်၌ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်
နှစ်ပေါင်း ၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချယ်အား အမေရိကန် အထက်လွှတ်တော် အတည်ပြု

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီးအဖြစ် အထက်လွှတ်တော်၏ အတည်ပြုခြင်းခံရသော ဒဲရစ်မစ်ချယ်အား ၂၀၁၂၊ မတ်လ ၁၅ ရက်က ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်
နှစ်ပေါင်း ၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချယ်အား အမေရိကန် အထက်လွှတ်တော်က ဇွန်လ ၂၉ ရက်နေ့က အတည်ပြုခဲ့သည်။
မြောက်ကိုရီးယားက မြန်မာနဲ့ စစ်လက်နက်အပေးအယူ လုပ်ခဲ့ဖွယ်ရှိ
မြောက်ကိုးရီးယားက ဆီးရီးယားနဲ့ မြန်မာနိုင်ငံတို့နဲ့
စစ်လက်နက်ဆိုင်ပစ္စည်းရာ အပေးအယူတွေ လုပ်ခဲ့ဖွယ်ရှိတယ်ဆိုတဲ့
လွတ်လပ်တဲ့ကျွမ်းကျင်သူတွေရဲ့ အဖွဲ့တစ်ဖွဲ့က စုံစမ်းစစ်ဆေးရေးသားထားတဲ့
အစီရင်ခံစာတစ်စောင်ကို ကုလသမဂ္ဂက ဇွန်လ (၂၉) ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီအစီရင်ခံစာကို Reuters သတင်းဌာနက လွန်ခဲ့တဲ့ မေလကတည်းက
ကြည့်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လူထု သောင်းသောင်းဖြဖြ ကြိုဆို

ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပအပြန် ခရီးကို ကြိုဆိုခဲ့ကြတဲ့ ရန်ကုန်မြို့က
ပြည်သူတချို့။ (ဇွန်လ ၃၀၊ ၂၀၁၂)
ဥရောပ ၅ နိုင်ငံခရီးကနေ ဒီကနေ့ ဇွန်လ ၃၀ ရက် စနေ့ မနက်က ရန်ကုန်မြို့ကို
ပြန်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီ အဖွဲ့ဝင်တွေအပြင်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ခန့်အပ်မှု ဆီးနိတ်အတည်ပြု
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့
အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) အဆိုပြုထားသူ ဒဲရက်မစ်ချဲလ်
(Derek Mitchell) ကို အထက်လွှတ်တော်က အတည်ပြု ထောက်ခံလိုက်ပါပြီ။ သောကြာနေ့က
အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တာ ဖြစ်တဲ့အတွက် မစ္စတာ မစ်ချဲလ်
ဟာ ၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး
ဖြစ်လာတော့မှာဖြစ်ပါတယ်။
တင်းကြပ်ပြီးမျှတတဲ့ နိုင်ငံသားစိစစ်ရေး ဥပဒေတရပ်လိုကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား
တင်းကြပ်ပြီးမျှတတဲ့ နိုင်ငံသားစိစစ်ရေး ဥပဒေတရပ်လိုကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား
2012-06-29
ရခိုင်ပြည်နယ်ကပဋိပက္ခတွေ ဖြေရှင်းဖို့ဆိုရင် တင်းကြပ်ပြီး မျှတမှုရှိတဲ့ နိုင်ငံသားစိစစ်ရေးဆိုင်ရာ ဥပဒေ လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက် ပါတယ်။
RFA
ဖမ်းဆီးခံ ရခိုင် တိုင်းရင်းသားများ ပြန်လွှတ်ရေး သမ္မတထံ စာတင်
ဖမ်းဆီးခံ ရခိုင် တိုင်းရင်းသားများ ပြန်လွှတ်ရေး သမ္မတထံ စာတင်
2012-06-29
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အတွင်း ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေး ဖို့ မြောက်ဦးမြို့ဒေသခံ (၈၀၀) ကျော်က သမ္မတ ဦးသိန်းစိန်ထံ စုပေါင်းလက်မှတ်ရေးထိုး တောင်းဆို လိုက်တယ်လို့ သိရပါတယ်။ရခိုင်ပြည်နယ်တွင်း မိုးသည်းထန်ပြီး ရေကြီးမှုကြောင့် အိမ်ခြေအများအပြား ပျက်စီး
ရခိုင်ပြည်နယ်တွင်း မိုးသည်းထန်ပြီး ရေကြီးမှုကြောင့် အိမ်ခြေအများအပြား ပျက်စီး
2012-06-29
ရခိုင်ပြည်နယ်တွင်းက လွန်ခဲ့တဲ့ (၂) ရက်က မိုးအသည်းအထန် ရွာသွန်းခဲ့တဲ့အတွက် ဘူးသီးတောင်၊ မောင်တော နဲ့ ကျောက်တော်မြို့ နယ်တွေမှာ ရေလွှမ်းမိုးပြီး အိမ်ခြေအများအပြား ပျက်စီးခဲ့ပါတယ်။ထိန်းသိမ်းခံဝန်ထမ်း လွတ်မြောက်ရေး ကုလနှင့် NGO ကြိုးပမ်းနေ
ထိန်းသိမ်းခံဝန်ထမ်း လွတ်မြောက်ရေး ကုလနှင့် NGO ကြိုးပမ်းနေ
2012-06-29
ရခိုင်ပြည်နယ်က အကြမ်းဖက်မှု တွေ အတွင်း သူတို့ရဲ့ဝန်ထမ်းတချို့ကို အစိုးရက ဖမ်းဆီးထိန်းသိမ်း ထားကြောင်းနဲ့ သူတို့ အားလုံး လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြောင်း ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ လူမှုရေး အကူ အညီ ပေးနေတဲ့ အဖွဲ့အစည်းတွေက ဒီကနေ့ ပြော လိုက်ပါတယ်။ရခိုင်အရေးအခင်း သေဆုံးသူ ၈၀ ခန့်ရှိကြောင်း ကုလပြော
ရခိုင်အရေးအခင်း သေဆုံးသူ ၈၀ ခန့်ရှိကြောင်း ကုလပြော
2012-06-29
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်း ပတ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက်မှုတွေမှာ သေဆုံးသူ ၈ဝ ခန့်ရှိခဲ့ တယ်လို့ အစိုးရထုတ်ပြန် တဲ့ စာရင်းကို ကိုးကားပြီး ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Martin Nesirky က ဒီကနေ့ ပြောလိုက်ပါတယ်။မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ကန့်သတ်မှုတွေ များနေဆဲ
မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ကန့်သတ်မှုတွေ များနေဆဲ
2012-06-29
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ရေးသားဖော်ပြနေတဲ့ သတင်းမီဒီယာတွေအပေါ် အစိုးရရဲ့ အရေးယူ ဆောင် ရွက်မှုတွေကို ကြည့်ရင် မြန်မာနိုငံမှာ သတင်းလွတ် လပ်ခွင့်ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခံ ထားရဆဲ ဖြစ်တယ် လို့ ပြင်သစ်အခြေစိုက် RSF နယ်စည်း မခြား သတင်းထောက်များ အဖွဲ့က ပြောကြားလိုက် ပါတယ်။
RFA
မြေပုံမှာ ရုန်းရင်းဆန်ခတ်ဖြစ်
မြေပုံမှာ ရုန်းရင်းဆန်ခတ်ဖြစ်
2012-06-29
ရခိုင်ပြည်နယ် မြေပုံမြို့မှာ ဒီကနေ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပေမယ့် အခြေအနေကို ထိန်းသိမ်းထားနိုင်တယ်လို့ သတင်းရရှိပါတယ်။တိုင်းပြည်ကို ဦးဆောင်ခွင့်ရရင် ဦးဆောင်သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
တိုင်းပြည်ကို ဦးဆောင်ခွင့်ရရင် ဦးဆောင်သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
2012-06-28
သူ့အနေနဲ့ တိုင်းပြည်ကို ဦးဆောင်ခွင့်ရရင် ဦးဆောင် လုပ်ကိုင်သွားမှာဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြင်သစ်နိုင်ငံ ပဲရစ် မြို့တော်မှာ မနေ့က သတင်းထောက်တွေရဲ့ အမေးကို ဖြေကြား ရာမှာ ပြောသွားခဲ့ပါတယ်။
AFP
Subscribe to:
Posts (Atom)