Sunday, July 1, 2012

ရခိုင်ပြည်နယ်တွင်း မိုးသည်းထန်ပြီး ရေကြီးမှုကြောင့် အိမ်ခြေအများအပြား ပျက်စီး

ရခိုင်ပြည်နယ်တွင်း မိုးသည်းထန်ပြီး ရေကြီးမှုကြောင့် အိမ်ခြေအများအပြား ပျက်စီး
2012-06-29
ရခိုင်ပြည်နယ်တွင်းက လွန်ခဲ့တဲ့ (၂) ရက်က မိုးအသည်းအထန် ရွာသွန်းခဲ့တဲ့အတွက် ဘူးသီးတောင်၊ မောင်တော နဲ့ ကျောက်တော်မြို့ နယ်တွေမှာ ရေလွှမ်းမိုးပြီး အိမ်ခြေအများအပြား ပျက်စီးခဲ့ပါတယ်။

ရေကြီးမှုကြောင့် ကုန်းမြင့်ရာနေရာမှာ ယာယီကယ်ဆယ်ရေး စခန်းတွေ ဖွင့်လှစ်ပြီး ဒေသခံတွေကို ရွှေ့ပြောင်း ပေးထားရပါတယ်။
ဘူးသီးတောင်၊ မောင်းတောမြို့နယ်တွေအတွင်း မေယုတောင်တန်း တလျှောက်မှာ မြေပြိုကျမှုတွေရှိပြီး လမ်းပန်းဆက်သွယ်ရေး တွေ ပြတ်တောက်ခဲ့ပါတယ်။
အဲဒီအချိန်အတွင်းမှာပဲ ပုဏ္ဍားကျွန်းမြို့နယ်ထဲက ရွာတစ်ရွာမှာ လေဆင်နှာမောင်း တိုက်ခတ်သွားခဲ့တဲ့အတွက် အိမ်ခြေ ၁၅ လုံး ပျက်စီးသွားခဲ့ပြီး လူပေါင်း ၈၉ ယောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။