ဂျက်ကီချန်း၏ မြန်မာပြည်ခရီးစဉ် သတင်းစာရှင်းလင်းပွဲ

၂၀၁၂ခုနှစ် ဇူလိုင်လ(၇)ရက်နေ့ ညနေ(၃)နာရီခွဲခန့်အချိန်တွင် ဆီဒိုးနားဟိုတယ်ရှိ ရန်ကင်းခန်းမတွင် ယူနီဆက်ချစ်ကြည်ရေးအထူးသံတမန် ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင် ဂျက်ကီချန်း၏ ကလေးသူငယ်များအပေါ် လူကုန်ကူးမှုတိုက်ဖျက်ရေး မြန်မာပြည်ခရီးစဉ် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး မြန်မာပြည်မှ ရှမ်းတရုတ်လူမျိုးများနှင့် ပြည်တွင်းပြည်ပသတင်းထောက် (၂၀၀)ကျော် တက်ရောက်ခဲ့ကြသည်။