Saturday, February 23, 2013

February 22 ရက် မှ 28 ရက်အထိ (၇) ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဖေဖေါ်ဝါရီ ၂၃ ၊ ၂၄ ရက်တို့တွင် ဆန္ဒစောမှု ၊ စိတ်မြန်ကိုယ်မြန် လုပ်ကိုင်ရမှု့ တို့ဖြင့် ဆောင်ရွက်နေရတတ်သည်။ ကတိပျက် ကွက်မှု့ တွေကြောင့် လည်း သူတစ်ပါး၏ အပြစ်တင်ခြင်းခံရတတ်သည်။ အချစ်ရေး ၊ အိမ်ထောင်ရေး အဆင်မပြေဖြစ်ရတတ်သည်။ အလုပ်မှာလည်း စိတ်ရှုပ်ရတတ်သည်။ ပစ္စည်းပျောက်ခြင်း ငွေလိမ်လူလိမ် ခံရတတ်ခြင်း ဖြစ်မည်။ ကိုယ်ရေးကိုယ်တာ တွေရှုပ်ရတတ်တယ်။

ဖေဖေါ်ဝါရီ ၂၅၊၂၆၊၂၇၊၂၈ ရက်တွေမှာတော့ စိတ်တွေ အေးဆေးလာပါပြီ။ သို့ပေမဲ့ ပစ္စည်းအ၀ယ်မှားခြင်း ၊ အတိုက်အခံ တစ်ခု ကြုံရခြင်းတို့ ဖြစ်တတ်၍ ဂရုစိုက်ပါ။ အချစ်ရေး မှာ တစ်ယောက်မက စွဲလန်းသူတွေ့မည်။ ရုတ်တရက်သွားရသော ခရီးတွေရောက်မယ်။ သူတစ်ပါး အရှုပ် ကိုယ့်အရှုပ်ဖြစ်တတ်တယ်။ ငွေဝင် ၊ ငွေထွက်ကြမ်းနေမည်။ စက် ၊ ရွှေ ၊ မြေတို့ ၀င်ထွက်မှုဖြစ်မည်။ စပ်တူ အလုပ်တို့စကားပြောရမည်။ အဒေါ် ၊ ဦးလေးတို့ အတွက် စိတ်ရှုပ်ရတတ်သည်။ စာချုပ်ခြင်း ၊ ၀န်ခံခြင်းတို့ ကို ဂရုစိုက်ပါ။

အကျိုးပေးသောနံပါတ်            - ၁၊ ၅၊ ၇ ။

အထူးဟော               - သတိတစ်ခု ထားပါ။

ယတြာ           - တနင်္ဂနွေနေ့ တွင် မြောက်အရပ်ရှိ လမ်းကို သန့်ရှင်းရေးလုပ်ပါ။

တနင်္လာ

ဖေဖေါ်ဝါရီ ၂၂ မှ ၂၅ ရက်ကြား တွင် မိသားစု အရေး ၊ သားချင်းအရေးတွေ စိတ်ရှုပ်နေရတတ်သည်။ ခရီးယာယီ သွားရမည်။ စီးပွားရေး လုပ်ငန်းတစ်ခု လုပ်ချင်လာမည်။ မလုပ်သင့်သေးပါ။ လူယုံမထားရ။ လူလိမ် ၊ ငွေလိမ်ခံရတတ်သည်။ ထီပေါက်ကိန်းရှိ၍ ထီထိုးရန်မမေ့ပါနှင့် (သို့မဟုတ်) ထီပေါက်သကဲ့သို့ ငွေဝင်ကိန်းရှိသည်။ အလုပ်အကိုင် တစ်ခု လက်ခံရလိမ့်မည်။ လုပ်ငန်း အကြီးအကဲက ခေါ်လိမ့်မည် ။ ကောင်းကျိုးပေးမည်။ အဆင်ပြေမည်။ အချစ်ရေးအဆင်ပြေမည်။ လက်ထပ်ခွင့်တောင်းပါမည်။ အိမ်ထောင်ရေးသာယာမည်။ အိမ် ၊ မြေတို့ရောင်းထွက်မည်။ အသစ်ဝင်မည်။ ဖေဖေါ်ဝါရီ ၂၆ မှ ၂၈ ကြား မရေမရာ မသေချာဖြစ်နေတတ်သည်။ ဆုံးဖြတ်ချက်ကို လျင်မြန်စွာမချသင့်ပါ။ အားနာမှုကိုဂရုစိုက်ပါ။ ၀မ်းဗိုက်မကောင်းဖြစ်တတ်သည်။ စေတနာက ဝေဒနာ ဖြစ်တတ်သည်။ ဂရုစိုက်ပါ။ ငွေကုန်ကျများနေမည်။ ၀င်စရာ၊ရစရာငွေတို့ရလာမည်။ စပ်တူရှယ်ယာမလုပ်သင့်ပါ။ ငွေပေးမချေးရ။ ပြန်မရတတ်ပါ။

အကျိုးပေးဂဏန်း         - ၂၊ ၄၊ ၈။

အထူးဟော               -လူယုံမထားရ။

ယတြာ           - တနင်္လာနေ့တွင်ငှက်ကလေးတွေကို အစာကျွေးပါ။

အင်္ဂါ

ဖေဖေါ်ဝါရီ ၂၂ မှ ၂၄ ကြား မိမိကိုယ်တိုင် ဘာမှန်းမသိသလိုဖြစ်နေမည်။  စိတ်တည်ငြိမ်မှု့ မရှိဘဲ စိတ်လှုပ်ရှားမှု တွေဖြစ်နေမည်။ မိသားစု ၏ ယုံကြည်မှု နည်းပါးခြင်း ခံရတတ်သည်။ သံသယ နှင့် အကြည့်ခံနေရတာမျိုးဖြစ်မည်။ ငွေဝင် ငွေထွက် ကြမ်းနေမည်။ ခရီးယာယီ သွားရမည်။ တစ်ယောက်သော ချစ်သူ က လက်ထပ်ရန် တောင်းဆို လာမည်။ ယူ၍ မဖြစ်နိုင်ခြင်း နှင့် အတိုက်အခံတွေကြုံခြင်း ဖြစ်နေမည်။ သူတစ်ပါး အပြစ်တင် ဝေဖန်ခြင်းခံရမည်။ အိမ်ရှိလူတို့ အပြင်ထွက် ကြမည်။ ဖေဖေါ်ဝါရီ ၂၅ မှ ၂၈ ကြား တွင် ချစ်သူ တစ်ယောက် က သင်၏ မပြတ်သားမှု့ ကြောင့် သင့်ကို စွန့်ခွာ မှု့ဖြစ်လိမ့်မည်။ လုပ်ငန်းတွေ လုပ်ရန် ကြွေးတွေယူရလိမ့်မည်။ စက်ပစ္စည်း အပြောင်းအလဲ မြင်တယ်။ ဆင်ခြင်ပါ။ ၀မ်းဗိုက် မကောင်းဖြစ်မည်။ ရေလမ်းခရီးမသင့်ပါ။ လူယုံမထားသင့်ပါ။ ထီပေါက်မည်။ ၉ ထိပ်ဖြင့်ထီထိုးပါ။ ၅ ၊ ၆ ၊၇ ပိတ်ပါ။

အကျိုးပေးဂဏန်း         - ၃၊ ၅၊ ၇။

အထူးဟော               - သတိတရား လက်ကိုင်ထားပါ။

ယတြာ           - အင်္ဂါနေ့နံနက်တွင် တောင်အရပ်က သံဃာတော်ကို ဆွမ်းကပ်ပါ။

ဗုဒ္ဒဟူး

ဖေဖေါ်ဝါရီ ၂၂ မှ ၂၅ ကြားတွင် ရှုပ်နေသော စိတ်များ ဒေါသထွက်စရာစိတ်များ  အတတ်နိုင်ဆုံးသည်းခံ ဖြေရှင်းသွားနေရမည်။ ဆိုင်ကယ် ၊ ကား ဂရုစိုက်မောင်းပါ။ ချိက်မိတတ်သည်။ အားနာမှု့ ဂရုစိုက်ပါ။ အားနာလို့ နောက်တစ်ယောက် နှင့် ချစ်မိမယ်။ လက်ဆောင်ရမည်။ စက်ပစ္စည်း ၀င်မည်။ လူလိမ် ငွေလိမ်ခံရတတ်သည်။ ပညာရေးကောင်းမယ်။ ထီထိုးပါ။ ထီပေါက်မည်။ ၅ ထိပ်နှင့်ထိုးပါ။ ၆၊၇၊၈ ပိတ်ပါ။ ဆန္ဒမစော နှင့် သတိမလွတ်နှင့် အားနာမှု့ကို ဂရုစိုက်ပါ။

ဖေဖေါ်ဝါရီ ၂၆ မှ ၂၈ ရက် အတွင်း ကံကောင်းတယ်။ ၀မ်းသားစရာ သတင်းကြားရမည်။ ဆရာသမား မိဘတို့က ချီးကျုးခြင်းခံရမည်။ အလုပ်အကိုင် အဆင်ပြေမည်။ အချစ်ရေး အိမ်ထောင်ရေး အဆင်ပြေမည်။ သူတစ်ပါးရဲ့ ယုံကြည်အားကိုးခြင်း ခံရမည်။ ရစရာငွေတို့ရမည်။ ခေါင်းဆောင်တင်ခံရမည်။

အကျိုးပေးဂဏန်း         - ၃၊ ၄၊ ၅။

အထူးဟော               - ဆန္ဒမစောနှင့်။

ယတြာ           - ဗုဒ္ဒဟူးနေ့ မနက်တွင် ဘုရားကို  ရေးအေး (၁၇) ခွက် လှူပါ။

ကြာသပတေး

ဖေဖော်ဝါရီ ၂၂ရက် ၊ ၂၃ ရက်  ၊ ၂၄ ရက် တွင် လမ်းသွားလျှင် ကြည့်သွားပါ။ ခလုတ်တိုက်မိ မည်။ ကား ၊ ဆိုင်ကယ် ပွတ်တိုက် မိမည်။ အတွေးမလွန်စေနှင့်။ အချစ်ရေးမှာ တဖက်မုန်း တစ်ဖက်ချစ်ဖြစ်မည်။ ပြတ်သားမှု ပြုသင့်ပါတယ်။ လုပ်ငန်းပြောင်းလဲမှု့ လုပ်ငန်းသစ်စတင်မှု့ တို့ ဖြစ်မည်။ မပြုသင့်ပါ။ စက် ၊ မြေ ၊ ငွေ ၀င်မည်။ အဟောင်းထွက်မည်။ အသက်ကြီးပိုင်းချမ်းသာမည်။

ဖေဖေါ်ဝါရီ ၂၅ မှ ၂၈ ကြားသင်၏ ဆောင်ရွက် မှု့တွေ အောင်မြင်မည်။ လက်ထပ်ဖြစ်မည်။ (သို့မဟုတ်) ခိုးပြေးဖြစ်မည်။ နှစ်ဖက်မိဘတို့ သဘောမတူဖြစ်မည်။ ကျန်းမာရေးဂရုစိုက်ပါ။ လူလိမ် ငွေလိမ် ခံရမည်။ စကားပြောဆင်ခြင်ပါ။ သူများအရှုပ် ကိုယ့်အရှုပ် ဖြစ်မည်။

အကျိုးပေးဂဏန်း         - ၅၊ ၀၊ ၁။

အထူးဟော               - သူများစကားနားမယောင်ပါနှင့်။

ယတြာ           - ကြာသပတေးနေ့နံနက်တွင် ပေါက်ပေါက်ဆုပ် ၅ လုံးကို ဘုရားလှူပါ။

သောကြာ

ဖေဖော်ဝါရီ ၂၂ မှ ၂၅ ရက်ကြား တယူသန်တဇွတ်ထိုး မလုပ်နှင့်။ သူများပြောတိုင်းမယုံနှင့်။ ဆန္ဒ စောပြီး ဇွတ်မလုပ်နှင့်။ ဂရုစိုက်ပါ။ မလိုအပ်ဘဲ ငွေကုန်ပေါက်တွေ မြင်တယ်။ သူများရည်းစားနှင့် ကိုယ်ရတတ်သည်။ ကွက်ကျော်မြင်တတ်သော်လည်း အကဲခတ်ညံ့၍ သင်ခံရတတ်သည်။ အလုပ်မှာ စိတ်ရှုပ်ရတတ်သည်။ ခြေ ၊ လက် ဂရုစိုက်ပါ။ ဖေဖေါ်ဝါရီ ၂၆ မှ ၂၈ ကြား ဆောင်ရွက်မှု့တွေအောင်မြင်မည်။ ကြိုးစားမှု့တွေ အောင်မြင်မည်။ ဖြေဆိုမှုတွေအောင်မြင်မည်။ တခုလပ် ၊ မုဆိုးဖို ၊ မုဆိုးမ ဂရုစိုက်ပါ။ ငြိတတ်သည်။ ညခရီးမသွားသင့်ပါ။ ခိုက်မိတတ်သည်။ ဆွေမျိုးသားချင်း အတွက် စိတ်များ ရတတ်သည်။ အလုပ်အကိုင်ရာထူးတက်မည်။ လစာတိုးမည်။ အလုပ်ပြောင်းရမည်။

အကျိုးပေးဂဏန်း         - ၆၊ ၇၊ ၈။

အထူးဟော               - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။

ယတြာ           - သောကြာနေ့နံနက်တွင် မြောက်အရပ်ရှိ လမ်းကို သန့်ရှင်းရေးလုပ်ပေးပါ။

စနေ

ဖေဖော်ဝါရီ ၂၂ရက်မှ ၂၅ရက်ကြား လုပ်ဆောင်ချက်များ ဆောင်ရွက်မှု့များ အလင်းရောင်ပေါ်လာမည်။ ဆက်လုပ်ပါ ပို၍ အောင်မြင်မည်။ ကံကောင်းသတင်း တွေကြားရမည်။ လုပ်ငန်း ၃ မျိုး ထိလုပ်ရမည်။ လုပ်ငန်း ၂ မျိုး အောင်မြင် ၊ ပေါက်မည်။ ကိုယ်ပိုင်လုပ်ငန်း ကြီးမား ခြင်းကြီးပွားခြင်း ဖြစ်မည်။ စီးပွားရေး အကျိုးဆောင်လုပ်ငန်း တွေ အကျိုးပေးမည်။ ရာထူးတက်မည်။ လုပ်ငန်းချဲ့မည်။ အချစ်ရေး အိမ်ထောင်ရေး ကောင်းမည်။ လက်ထပ်ခွင့်တောင်းမည်။ အားလပ်မှု့ မရှိခြင်း နှင့် လက်ထပ်ရန် အချိန်မပေးနိုင်၍ နှစ်ကုန်ပိုင်း ထိ ရွှေ့ဆိုင်းမှု့ဖြစ်လာမည်။ စက် ၊ မြေ ၊ အလုပ်နေရာ အခန်း တို့ဝင်လာမည်။ ကောင်းတယ။် သူများကြားအရမ်းမ၀င်ပါနှင့်။ ညှပ်တတ်သည်။ ထီထိုးလိုက်ပါ။ ပေါက်မည်။ ၇ ထိပ် ၂ ထိပ် ဖြင့် ပေါက်မည်။ ဖေဖေါ်ဝါရီ ၂၆ မှ ၂၈ ကြား လှုပ်ရှားမှု့ များ ၏ အကျိုးကျေးဇူး တွေ ရလာပါပြီ။ ဆောင်ရွက်မှု့များ တိုးချဲ့ပါ။ ငွေဝင်လာမည်။ ခရီးများမည်။ ထိခိုက်ရှနာ ချော်လဲ လိမ့်ကျမှု ကားဆိုင်ကယ် ပွတ်တိုက်မှု့ တို့ ဖြစ်တတ်ပါတယ်။ ငွေကြေးပစ္စည်း ပျောက်တတ်တယ်။ ဂရုစိုက်ပါ။ မရောက်ဘူးသောခရီး မပေါင်းဘူးသော မိတ်ဆွေ မလုပ်ဘူးသော အလုပ် တို့လုပ်ရတတ်သည်။ ကမ်းလှမ်းသူတို့ ဒု နှင့်ဒေး ဖြစ်လာမည်။ ပျော်ရွှင်မှုများနှင့် ရင်ဆိုင်ရလိမ့်မည်။ ဆွေမျိုး သားချင်းအတွက် အလုပ်နှင့် အချိန်မျှပေးရမည်။ ကံကောင်းပါတယ်။

အကျိုးပေးဂဏန်း         - ၇၊ ၉၊ ၁။

အထူးဟော               - ကြိုးစားမှု့တိုင်းအောင်မြင်မှု့ရနေမည်။

ယတြာ           - စနေနေ့တွင် လမ်းဘက်ထွက်၍ ကြွလာသော သံဃာတော်ကို အကြော် ဆွမ်းလှူပါ။

မျှောစာမပါပဲ သတ္တုသယ်ပါက အရေးယူခံရမည်

နေပြည်တော်သတ္ထုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုမိန့်(မျှောစာ)မပါပဲ သတ္ထုများအားသယ်ယူပို့ဆောင်ပါက တရားမ၀င်သတ္ထု ပစ္စည်းသယ်ယူပို့ဆောင်မှုဖြင့်အရေးယူခံရမည်ဖြစ်သည်ဟု  နေပြည်တော်သတ္ထုတွင်းဝန်ကြီးဌာနမှ သိရသည်။

သတ္ထုတွင်းလုပ်ငန်းကုမ္ပဏီများသည် နေပြည်တော်သတ္ထုတွင်းဝန်ကြီးဌာန၏ခွင့်ပြုမိန့်(မျှောစာ) မယူပဲ တရားမ၀င် သတ္ထုများသယ်ယူပို့ဆောင်နေခြင်းများကြောင့် ယခုကဲ့သို့ သတိပေးမှုများထွက်ပေါ်လာခြင်းဖြစ်သည်။

 "သယ်ဆောင်ခွင့်(မျှောစာ)တင်တာလဲ ခက်ခက်ခဲခဲ တင်စရာ မလိုပါဘူး  ဘယ်ကနေဘယ်ကို သယ်မယ် ဘာကြောင့် သယ်မယ်ဆိုတာလေးပဲ ကုမ္ပဏီစာရွက်နဲ့ ရေးပေးယုံပဲသူတို့ဘက်က မှန်မှန်ကန်ကန် သယ်တယ်ဆိုရင် ကျွန်တော်တို့က ခွင့်ပြုပေးပါတယ် "ဟုသတ္ထုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ကိုကို ကပြောသည်။

တရားဝင်ခွင့်ပြုထားသောလုပ်ကွက်မှ ထုတ်လုပ်သည့်ပစ္စည်းများဖြစ်မှသာသယ်ဆောင်ခွင့် (မျှောစာ) ထုတ်ပေးမည် ဖြစ်ပြီး လုပ်ကွက်တစ်ခုမှ လစဉ် တန် ၁၀၀ထုတ်လုပ်လျှင် ၎င်းပမာဏ ထက်ပို၍တင်ပါက သယ်ယူခွင့်ပြုမည်မဟုတ်ကြောင်း ထုတ်လုပ်မှုစာရင်းများအား သေချာစစ်ဆေးပြီးမှ ခွင့်ပြုပေးမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

မျှောစာကို နေပြည်တော် သတ္ထုတွင်းဝန်ကြီးဌာနကမှ  ပြည်နယ်အစိုးရသို့မျှောစာ ပြန်တင်ရကြောင်းနှင့် ပြည်နယ် မှ မျှောစာမှန်ကန်မှုရှိမရှိမေးမြန်းပြီးမှသာ ဖြတ်သန်းခွင့်ပေးခြင်းဖြစ်သည်။

 "သတ္ထုတွင်းဝန်ကြီးဌာနကနေ တရားဝင် သယ်ယူခွင် လက်မှတ်ထုတ်ပေးတယ် ရောင်းချခွင့်ဈေနှုန်းကိုပါ သတ်မှတ်ပေးထား တယ်   နောက်ဆုံးရောင်းတဲ့ အဆင့်တင်မဟုတ်ပဲကြိတ်ခွဲ သန့်စင်တဲ့ အဆင့်ထိတောင်မှ အန်တီတို့ဆီက မျှောစာပါမှ ထွက်လို့ရတာ"ဟုသတ္ထုတွင်းဝန်ကြီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းစန်းကပြောသည်။

ဖေဖော်ဝါရီလ (၁၄)ရက် နေ့က ကယားပြည်နယ် လွိုင်ကော်မြို့မှ  သယ်ဆောင်လာသော ခနောက်စိမ်းသတ္ထုတင်ကားကို ရှမ်းပြည်နယ် ပင်လောင်းမြို့ အဝင်ဂိတ်တွင်စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်သည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာ ယခုကဲ့သို့ပြန်လည်ဖြေကြားခဲ့သည်။

`အဲဒီသူရကံချွန်ကုမ္ပဏီ က ဘယ်နေရာ ဘယ်ဌာနမှာမျှောစာ လျှောက်ရမယ်ဆိုတာ သိတယ် ၊မသိတာ မဟုတ်ဘူး၊ အသိ လွန်နေတာ ၊ အရင် သယ်ယူမှုတစ်ခုတုန်းကလည်း မမှန်မကန်လုပ်တာလေးတွေရှိလို့ ၊ သတိပေးထားဖူးတယ်´ ဟုသတ္တုတွင်းဝန်ကြီးဌာနမှ ဦးဇော်ကိုကို က ပြောသည်။

ပင်လောင်းဂိတ်အရာရှိတစ်ဦးမှ ၎င်း ခနောက်စိမ်း သယ်လာသောကားတွင် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၏ သယ်ယူခွင့် (မျှောစာ) မပါဝင်သည့်အတွက် တရားမ၀င်ကြောင်းပင်လောင်းဂိတ်မှအရာရှိတစ်ဦးအား ပြောခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

"လုပ်ထုံးလုပ်နည်းက ကုမ္ပဏီတိုင်း က သတ္တုတွင်းဝန်ကြီးဌာနမှာ မျှောကိုလာလျှောက်တယ်။ လျှောက်တာလဲ ဘာအခက်အခဲမှ မရှိဘူး ၊ မလျှောက်ပဲနဲ့ဒီအတိုင်း သယ်တယ်ဆိုတော့ သူ့မှာ မရိုးသားတဲ့ အကြံအစည် တစ်ခုရှိလို့ပဲ လို့သတ်မှတ်တယ်" ဟု  သတ္တုတွင်းဝန်ကြီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှုးကပြောသည်။

အဆိုပါသတ္တုများသယ်ယူခွင့်လက်မှတ်ထုတ်ပေးခြင်းကို သတ္တုတွင်းဝန်ကြီးဌာနမှ ဌာန(၃)ခု ခွဲထားပြီး အမှတ်(၁)သတ္ထုတွင်း လုပ်ငန်းအနေဖြင့် ခနောက်စိမ်း၊ ခဲ၊ သွပ် ၊ကြေး၊ နီကယ် အစရှိသည့်အလယ်အလတ်တန်ဖိုးရှိသော သတ္ထုများ၊ အမှတ်(၂) သတ္ထုတွင်းလုပ်ငန်းအနေဖြင့်ရွှေ၊ တိုက်တေနီယမ် အစရှိသည့် တန်ဖိုးကြီး သတ္ထုများ၊ အမှတ်(၃)သတ္ထုတွင်းလုပ်ငန်း အနေဖြင့် စက်မှုကုန်ကြမ်း တွင်းထွက်များဖြစ်သောကျောက်မီးသွေး၊ ထုံးကျောက် အစရှိသည့် ဈေးအပေါဆုံးသတ္ထုများ ဟူ၍သတ္ထုအမျိုးအစားအလိုက် ဌာနများခွဲထားသည်။

"  ခနောက်စိမ်းက အရေးပါတဲ့ ဖြည့်စွက်သတ္တုတစ်မျိုးဖြစ်တယ်။ ဈေးကောင်းလည်းရတယ်။ ဒါကြောင့်နိုင်ငံတော်အဆင့်ကပဲ ခွင့်ပြုသင့်တယ်။ " ဟု သတ္တုတွင်းအင်ဂျင်နီယာတစ်ဦးကပြောသည်။

စာသင်ချိန်နောက်ကျ၍ ဆယ်တန်းစာမေးပွဲဖြေဆိုရန် ရခိုင်မှ ကျောင်းသားများစိုးရိမ်

၂၀၁၂ခုနှစ်က ဖြစ်ပေါ်ခဲ့သော ပြည်နယ်တွင်း ပဋိပက္ခဖြစ်စဉ်များကြောင့်ရခိုင်ပြည်နယ်၌ စာသင်ကျောင်းအချို့ ပိတ်ထားခဲ့ရသလိုကျောင်းသားကျောင်းသူများမှာလည်း စာဖတ်ချိန်နှင့်သင်ယူချိန် နောက်ကျခဲ့သည့်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အရေး စိုးရိမ်နေကြောင်း သိရသည်။

"ကလေးတွေရဲ့ စိတ်ထဲမှာပဋိပက္ခဖြစ်စဉ်အကြောင်းတွေဘဲ အရိုးစွဲနေကြတော့ စာဖတ်ချင်စိတ်မရှိတာ တွေ့ရတယ်။ တချို့ကလည်း စိုးရိမ်နေကြတာပေါ့။  ကျွန်တော်ထင်တယ်တက္ကသိုလ် ဝင်တန်းစာမေးပွဲကို ကလေးတွေ တော်တော်လေးဖြတ်ကျော်ရမယ်။ ဘာလို့ဆိုတော့အရေးအခင်း တစ်လျှောက်လုံးကျောင်းတွေ ပိတ်ထားခဲ့ရတယ်လေ။  ကျောင်းကြီးဖွင့်ပေမယ့် စာသင်ဝိုင်းတွေက မဖွင့်ဘူး။ ၂၀၁၃ နှစ်ဆန်းကမှ စာဖတ်ဝိုင်းတွေပုံမှန်ဖြစ်လာပေမယ့် အချိန်က နောက်ကျနေပြီ" ဟု စစ်တွေမြို့ အထက(၁) မှအလယ်တန်းပြ ဆရာတစ်ဦးက ပြောပြသည်။

ရခိုင်တွင် ပဋိပက္ခဖြစ်စဉ်သည် ငြိမ်သွားခြင်းမရှိဘဲနေရာကွက်ကျားဖြစ်ပေါ်နေသောကြောင့် ကျောင်းသား ကျောင်းသူများ အနေဖြင့်စိုးရိမ်နေကြခြင်းဖြစ်သည်။

"ကျွန်မသားကိုဆိုရင် ညစာဖတ်ဝိုင်း တောင် မလွှတ်ရဲဘူး စိုရိမ်တယ်ဆိုတာကဘင်္ဂါလီတွေ လော်စပီကာနဲ့ အော်တဲ့ အသံတွေ ကျွန်မတို့မင်းဂံဘက်က  နေ့ တိုင်းကြား နေရတယ်'" ဟုစစ်တွေမြို့မင်းဂံရပ်ကွက်မှ ကျောင်းသားမိဘတစ်ဦး က ပြောသည်။

အဆိုပါ ပဋိပက္ခဖြစ်စဉ်များကြောင့် ကျောင်းသားအများစုမှာစာထဲစိတ်မ၀င်စားနိုင်ကြောင်းကိုလည်း သိရသည်။

 "စာထဲမှာကို စိတ်မရောက်တာများတယ်။ ညနေဆိုရင် တစ်ခုခုဖြစ်လာမလား။ခွေးဟောင်သံ ကြားတာက အစလန့်တာပေါ့။ ဒီနှစ်တော့ ဖြေနိုင်မှာမဟုတ်ဘူး" ဟုမင်းဂံရပ်ကွက်မှ တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ဦးက ဆိုသည်။

၂၀၁၂ ခုနှစ် ဇွန်လ ပဋိပက္ခအလွန်  ကျောင်းအချို့ပုံမှန် ဖွင့်ခဲ့သော်လည်းတကျော့ပြန် ပဋိပက္ခများကြောင့် မြို့နယ် အချို့၌ ကျောင်းအချို့ ပိတ်ထားခဲ့ရသည်။

 ယမန်နှစ်ကလည်း ရခိုင်ပြည်နယ် ၏ တက္ကသိုလ်ဝင်တန်းအောင်ချက်မှာ ကျဆင်းခဲ့သလိုယခုနှစ်တွင်လည်း ယင်းသို့ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု သိရသည်။

ရခိုင်ပြည်နယ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မတ်လ ၁၃ ရက်နေ့တွင်ဖြေဆိုကြရမည်ဖြစ်သည်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်ရသေ့တောင်မြို့နယ်၊ မောင်တောမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ရမ်းဗြဲမြို့နယ်၊  သံတွဲမြို့နယ်တို့တွင် ရခိုင်နှင့် ဘင်္ဂါလီတို့ ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အန္တရာယ်မရှိဟုဆိုထားသည့် အလုံဋ္ဌာနာလမ်း ကန်ထရိုက်တိုက် အက်ကွဲမှု ပြင်ဆင်ပေးမည်

အလုံ ဋ္ဌာနာလမ်း တိုက်အက်ကွဲမှုအတွက် တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီမှ တာဝန်ယူပြင်ဆင်ပေးမည်ဖြစ်ကြောင်း အိမ်ရှင် ဦးကျော်သက်ထွန်းထံမှ သိရသည်။

"ဖေဖော်ဝါရီလ (၂၀) ရက်နေ့ နေ့လည် တစ်နာရီ ၀န်းကျင် လောက်က ကျွန်တော်ရေချိုးပြီးထွက်လာတော့ အက်ကြောင်း ကိုတွေ့တာပဲ၊စတွေ့တုန်းကတော့အဲ့ဒီလောက်မဆိုးသေးဘူး ၊၊အဲ့ဒါနဲ့ကျွန်တော်လည်းစည်ပင်ကို ချက်ချင်းအကြောင်းသွားကြားခဲ့တယ်။နောက်တော့ စည်ပင်အင်ဂျင်နီယာနဲ့တာဝန်ရှိသူတွေ လာစစ်ဆေးတယ် ။သူတို့ကတော့ အန္တရာယ်မရှိဘူးလို့ ပြောတယ်။"ဟု အခန်းပိုင်ရှင်ဦးကျော်သက်ထွန်း ကဖြေကြားခဲ့သည်။

ဖေဖော်ဝါရီလ(၂၀)ရက်နေ့ နေ့လည် (၁) နာရီ ခန့်တွင်အမှတ်(၈၇)၊မြေညီထပ်၊ဋ္ဌာနာလမ်း၊ဋ္ဌာနာရပ်ကွက်၊ အလုံမြို့နယ်၌တိုက်အက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးယင်းတိုက်အားစည်ပင်နှင့်ထွန်းတောက်ကြယ်ဆောက်လုပ်ရေးမှ ၂၀၀၄ ခုနှစ်တွင် တာဝန်ယူတည်ဆောက်ခဲ့ကာ ၂၀၀၅ ခုနှစ်မှစ၍လူနေခွင့်ပေးခဲ့သည့် (၇)ထပ် တိုက်ဖြစ်သည်။

ဖေဖော်ဝါရီလ (၂၁)ရက် ညနေ ၅ နာရီခန့်တွင် ထွန်းတောက်ကြယ်ဆောက်လုပ်ရေးမှ ဆောက်လုပ်ရေး အင်ဂျင်နီယာရောက် လာပြီး နေထိုင်သူများအား အန္တရာယ်မရှိကြောင်း လိုအပ်သည်များကို ပြန်ပြင်ပေးမည်   ဖြစ်ကြောင်းပြောခဲ့သည် ဟု သိရသည်။

"ဖေဖော်ဝါရီ (၂၂) ရက်နေ့ မနက် ၈နာရီ လောက်က စပြီး အက်နေတဲ့နေရာကအုတ်ကိုဖြိုချခဲ့တယ်။ တစ်ပါတ် နှစ်ပါတ်လောက် ကြာမယ်လို့တော့ပြောတယ်။အက်ကြောင်းစဖြစ်တဲ့အခန်းက အရင်ကအပ်ချည်လုံးလုပ်တဲ့ စက်ကြီးတွေရှိတယ်။ အဲ့နေ့ကမှစည်ပင်ကဓါတ်ပုံရိုက်ပြီးပြောင်းခိုင်းထားတာ ၊အခန်းအပေါ်ထပ်မှာလည်း အိမ်ပြင်နေတယ်လေ၊ အက်ကြောင်းတွေပိုကြီးလာတော့အိမ်ပြင်တာကို ရပ်ခိုင်းလိုက်ရတယ်၊အဲ့ဒီဒဏ်တွေကြောင့်လည်း ပါမယ်ထင်တယ်၊ နောက်တော့လွန်ခဲ့တဲ့ရက်(၂၀)လောက်ကငလျင်ကလည်းလှုပ်သွားသေးတယ်ဆိုတော့ အဲ့ဒါတွေ အားလုံးစုပေါင်းပြီးဖြစ်လာတာလို့တော့ထင်တယ်"ဟု ဋ္ဌာနာရပ်ကွက်၊အုပ်ချုပ်ရေးမှူး ဦးခင်ဇော်ထွန်းကပြောပြခဲ့သည်။

အဆိုပါ(၇)ထပ်တိုက်၌ လူဦးရေ(၅၀)၀န်းကျင်နေထိုင်ကြောင်း ၁၄ခန်းရှိသော်လည်းအခန်း(၂)ခန်း၌သာ လူနေထိုင်ခြင်း မရှိကြောင်း၊ အန္တရာယ်ရှိပါက ကျန်လူများအားသင့်တော်သည့်နေရာသို့ ရွှေ့ပြောင်းပေးရန် စဉ်းစားထားကြောင်းကိုလည်း ၄င်းကဆက်ပြောသည်။

"အရင်ကအခန်းအနောက်ဖက်မှာအပ်ချည်လုံးစက်ကြီးတွေရှိတယ်၊ရေစီးတဲ့အပေါ်မှာလည်းမူတည်တယ်ပေါ့နော်၊ဖောင်ဒေး ရှင်းကြောင့်တော့ မဟုတ်ပါဘူး။ကျွန်တော်တို့ပြန်ပြင်ပြီးဆောက်ပေးမှာပါ။တရားစွဲတာတို့အရေးယူတာတို့တော့ မခံရပါဘူး" ဟု ထွန်းတောက်ကြယ်ဆောက်လုပ်ရေးမှပြင်ဆင်ရေးတာဝန်ခံ ကိုငြိမ်းချမ်းကပြောသည်။

၂၀၁၂ ခုနှစ် အတွင်းမှာလည်း အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းတွင်အလားတူဖြစ်ရပ်မျိုးဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ဦးတို့မှာမကြာမကြာဆိုသလို တိုက်အက်တာတွေ၊ အသက်ကယ်လှေကားပြိုတာတွေဖြစ်တယ်။အဓိကကတော့တာဝန် သိတတ်မှုပေါ့ဗျာ ။ဘယ်ဆောက်လုပ်ရေးကိုမဆို စည်ပင်ကကြပ်ကြပ်မတ်မတ်လုပ်သင့်တယ် ။၈နှစ်၉နှစ်လောက် သက်တမ်း ရှိတဲ့တိုက်တွေကဒီလိုဖြစ်နေပြီးအနှစ် ၂၀၊၃၀ လောက်တိုက်တွေဘာလို့ဒီလိုမဖြစ်တာလဲ ။ သက်ရှိနဲ့သက်မဲ့ယှဉ်လာရင် သက်ရှိက တန်ဖိုးရှိပါတယ်။လူသားချင်းကိုယ်ချင်းစာသင့်တယ်"ဟု စောရန်ပိုင်မြောက် ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

ယဉ်ကျေးမှုဝန်ကြီးဌာနပိုင် ပြတိုက်များ ရက်တိုးမြှင့် ဖွင့်လှစ်မည်

ရန်ကုန် (မဇ္ဈိမ)။   ။ ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ပြတိုက်များကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ ရက်တိုးမြှင့်ဖွင့်လှစ်သွားမည်ဟု ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်မှ တာဝန်ရှိသူတဦးက ပြောဆိုသည်။

ဝန်ကြီးဌာန လက်အောက်တွင် ပြတိုက်ပေါင်း ၃၀ ရှိရာ ယခင်က သတ်မှတ်ထားသည့် ပိတ်ရက်များအနက် အင်္ဂါနေ့ကို မပိတ်တော့ဘဲ ဖွင့်လှစ်ပေးထားမည် ဖြစ်သည်။

"အဲဒီပြတိုက်တွေကို အရင်က တနင်္လာနဲ့ အင်္ဂါနေ့ နှစ်ရက်နဲ့ ပြန်တမ်းဝင် ပိတ်ရက်တွေကို ပိတ်ရက်အဖြစ် သတ်မှတ်ခဲ့တာပါ။ ဧပြီလ ၁ ရက်နေ့က စပြီး တနင်္လာနေ့နဲ့ ပြန်တမ်းဝင် ပိတ်ရက်တွေကိုသာ ပိတ်ရက်အဖြစ် သတ်မှတ်ပြီး ရက်တိုးမြှင့် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်" ဟု အမျိုးသားပြတိုက်မှ ဒေါ်တင်တင်အေး က
ပြောသည်။

ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်မှ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း ကလည်း "ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အမျိုးသားပြတိုက်၊ ဗိုလ်ချုပ်အောင်ဆန်း နေအိမ် ပြတိုက်၊ ပဲခူးတိုင်းဒေသကြီးအတွင်း ကမ္ဘောဇသာဒီ ပြတိုက်၊ သရေခေတ္တရာ
ရှေးဟောင်းသုတေသန ပြတိုက်၊ ပုဂံ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်၊ မော်လမြိုင်၊ တောင်ကြီး၊ စစ်တွေ၊ ဟားခါး၊ မြစ်ကြီးနားတို့မှာရှိတဲ့ တိုင်းရင်းသားရေးရာ ပြတိုက်တွေ စတဲ့ ပြတိုက်ပေါင်း ၃၀ ကို ရက်တိုးမြှင့် ဖွင့်လှစ်သွားမှာပါ" ဟု ဆိုသည်။

ယင်း ပြတိုက် ၃၀ တွင် အမျိုးသားပြတိုက်၊ ရှေးဟောင်းသုတေသန ပြတိုက်များ၊ တိုင်းရင်းသားရေးရာ
ပြတိုက်များ၊ သမိုင်းဆိုင်ရာပြတိုက်များ ဟူ၍ အမျိုးအစား ၄ မျိုး ပါဝင်သည်ဟု ဆိုသည်။

ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည်များ၏ တောင်းဆိုချက်အရ ရက်တိုးမြှင့် ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က ပြောသည်။

တပ်သားတိုးရေး အလေးပေး၍ ကလေးစစ်သား များလာရဟု အစီရင်ခံစာဆို

နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာ့ တပ်မတော်အတွင်း တပ်သား တိုးပွားရေးကိုသာ အရေးထား ဆောင်ရွက်ခဲ့၍ ကလေးစစ်သား အသုံးပြုမှုများ ရှိနေရခြင်းဖြစ်ကြောင်း အစီရင်ခံစာတရပ်က ဆိုသည်။

'မြန်မာနိုင်ငံတွင် ကလေးစစ်သား စုဆောင်းခြင်းနှင့် အသုံးပြုမှု အဆုံးသတ်ခြင်း' ဟူသည့် ခေါင်းစဉ်ဖြင့် ကလေးစစ်သားဆိုင်ရာ နိုင်ငံတကာအဖွဲ့ (CSI)မှ ဇန်နဝါရီ လကုန်ပိုင်းက ထုတ်ပြန်ခဲ့သည့် သုသေသန စာတမ်းတွင် သုံးသပ်ထားခြင်းဖြစ်သည်။

"အကျင့်ပျက်ခြစားမှု၊ ကြီးကြပ်စစ်ဆေးမှု အားနည်းခြင်းနှင့် ပြစ်မှုကျူးလွန်သူများအား အရေးမယူဘဲ တပ်ဖွဲ့ဝင် အရေအတွက် မြင့်မားရေးကိုသာ အစဉ်တစိုက် အလေးထား လုပ်ဆောင်ခြင်းကြောင့် တပ်မတော် (ကြည်း) အတွင်း ကလေးစစ်သား စုဆောင်းမှုနှုန်း မြှင့်မားလာစေခြင်းဖြစ်ကြောင်း" ဟု အစီရင်ခံစာက ဖော်ပြထား
သည်။

အသက်စိစစ် အတည်ပြုသည့် စနစ် အသုံးပြုခြင်း၊ ကလေး စစ်သား စုဆောင်းမှု ပြုလုပ်စေသည့် မက်လုံးများ
ပေးခြင်းကို မြန်မာ့တပ်မတော်အနေဖြင့် ပြုပြင်ရန် လိုအပ်ကြောင်းလည်း အစီရင်ခံစာက ဆိုသည်။

"နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံ၏ လုံခြုံရေးနဲ့ လူ့အခွင့်အရေး အခြေအနေ တွေမှာ အနည်းငယ်တိုးတက်မှု ရှိလာပါတယ်။ ဒီနိုင်ငံရေး ပြောင်းလဲမှု အစီအစဉ်မှာ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးတွေကို အကာအကွယ်ပေးတဲ့ကိစ္စကို အရေးကြီးဆုံး ဦးစားပေး လုပ်ငန်းအဖြစ် မြန်မာအစိုးရနဲ့
နိုင်ငံတကာ အသိုင်းအ၀ိုင်းက သေချာစွာ ဆောင်ရွက်ဖို့ လိုအပ်ပါ တယ်" ဟု CSI ၏ ညွှန်ကြားရေးမှူး Richard Clarke က ဆိုသည်။

စာမျက်နှာ ၄၀ ပါ ထိုစာတမ်းကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတွင်းမှ ကုလသမဂ္ဂမှအရာရှိများ၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ဲ့မှ အရာရှိများ၊ သံအမတ်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ ကလေး စစ်သားဟောင်းများနှင့် ၎င်းတို့၏ မိသားစုများကို တွေ့ဆုံမှုများပြုလုပ်၍ CSI အဖွဲ့က သုသေသနပြုခဲ့ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံကိုပေးသော နိုင်ငံတကာ အကူအညီများကို ကလေးများအား စုဆောင်းခြင်းနှင့် တိုက်ပွဲများတွင် ကလေးစစ်သားများကို အသုံးပြုခြင်းမှ ကာကွယ်ခြင်းတွင် ထည့်သွင်းအသုံးပြုရန်" ဟု အကြံပြုထားသည်။

တပ်မတော် (ကြည်း)တွင် စုစုပေါင်း ကလေးစစ်သား အရေအတွက် မည်မျှရှိသည်ကို ဖော်ပြရန် အလွန် ခက်ခဲပြီး ကုလသမဂ္ဂ အတွင်းရေးမှုး၏ ကလေးနှင့် လက်နက်ကိုင်ပဋိပက္ခ ၂၀၁၂ ခုနှစ် အစီရင်ခံစာတွင် အသက်အရွယ် မပြည့်သည့်သူများ စစ်သားစုဆောင်းခံရ၍ တိုင်ကြားမှုများ ဆက်လက် မြင့်တက်နေဆဲဟု ဆိုသည်။

၂၀၁၂ ခုနှစ် ဇွန်လက ကလေးစစ်သားစုဆောင်းခြင်းနှင့် အသုံးပြုမှု အဆုံးသတ်ရန် မြန်မာအစိုးရ နှင့် ကုလသမဂ္ဂ အကြား သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

"ပထမဆုံးခြေလှမ်းအဖြစ် ကုလသမဂ္ဂနှင့် အခြား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီတွေ လက်နက်ကိုင် အဖွဲ့များရှိရာသို့ လွတ်လပ်စွာ သွားလာနိုင်ခွင့် ထွက်မလာပါက ရေရှည်တည်တံ့စွာ အကာအကွယ်ပေးနိုင်မှု အခွင့်အလမ်း ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်" ဟု Richard Clarke က ပြောသည်။

မြန်မာ သမ္မတ အကြံပေး အရာရှိများ၊ ကလေးစစ်သားစုဆောင်းမှု တားဆီးရေး ကော်မတီ ဥက္ကဋ္ဌ၊ 
ရှေ့နေချုပ်၊ နိုင်ငံခြားရေးနှင့် ကာကွယ်ရေး ဝန်ကြီးဌာနများမှ သက်ဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံခွင့်
တောင်းခဲ့သော်လည်း ခွင့်မရခဲ့သလို အစီရင်ခံစာ မူကြမ်းအား မြန်မာ နိုင်ငံခြားရေး ဌာနသို့ ပို့၍ ထင်မြင်ချက်
တောင်းခံခဲ့သော်လည်း ပြန်စာမရခဲ့ကြောင်း CSI က ဆိုသည်။

CSI သုတေသနပြုချက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ် (KNU/KNLA) နှင့် ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) တို့ အကြောင်းကို အဓိကထား ရေးသားထားသည်။

"KNLA ၏ စစ်သားစုဆောင်းရေးမှုများတွင် စိတ်ချရသော အသက်မှန် အတည်ပြုခြင်း လုပ်ထုံးလုပ်နည်းများ မရှိသည်ကို တွေ့ရသည်" ဟု ထောက်ပြထားသည်။

ထို့ပြင် "ကလေးများနှင့် သူတို့၏ ပတ်ဝန်းကျင်နှင့် မိသားစုကို တပ်မတော် (ကြည်း)၏ ရန်မှ ကာကွယ်ရန်၊ လက်စားချေရန်၊ တိုင်းရင်းသားလက္ခဏာနှင့် တိုင်းရင်းသားဖြစ်မှုတို့ကို အစိုးရမှ အသိအမှတ်ပြုရန် စသော ရည်ရွယ်ခံစားချက်များမှာလည်း ကလေးများကိုယ်တိုင် သဘောတူသဖြင့် စုဆောင်းခြင်းဖြစ်သည်" ဟု ဆိုထားပြီး "ခူမှုရေးဖိအားပေးမှုများနှင့် စစ်မိန့်များ၏ တာဝန်ပေးမှုများကြောင့်ဖြစ်သည်" ဟုလည်း CSI က ဆိုသည်။

သို့သော် အခြားလက်နက်ကိုင် အတိုက်အခံ အဖွဲ့အစည်း အားလုံးနှင့် လက်နက်ကိုင် တပ်ဖွဲ့များ၏ အခြေအနေ ကို ပိုမိုကျယ်ပြန့်စွာ ခြုံငုံတင်ပြထားခြင်း မရှိကြောင်း အစီရင်ခံစာက ဝန်ခံထားသည်။

ကလေးစစ်သား ဟူသည်မှာ လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် အဖွဲ့အစည်းများ နှင့် ဆက်စပ်ပတ်သက်
နေသော ကလေးငယ်များကို ကလေးစစ်သားအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုပြီး ကလေးငယ်များ၊ မိန်းကလေး၊
ယောက်ျားလေးဟု ကန့်သတ်မထားပဲ တိုက်ခိုက်ရေး သမားများ၊ ချက်ပြုတ် သူများ၊ ပစ္စည်းထမ်းသူများ၊ သူလျှိုများအဖြစ် သို့မဟုတ် လိင်မှုဆိုင်ရာ ရည်ရွယ်ချက်ဖြင့် အသုံးပြုရန် စုဆောင်းခံထားရသောအသက် ဆယ်ရှစ်နှစ်အောက် အရွယ် မည်သူ့ကိုမဆို ရည်ညွှန်းကြောင်း သိရသည်။

ကုလသမဂ္ဂနှင့် အစိုးရတို့ အကြား ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အောက်ရှိ အစိုးရ၏ လုပ်ဆောင်မှုများ အပေါ် ထိရောက်မှုရှိမရှိကို ရေရှည် လေ့လာစောင့်ကြည့်ရန်၊ လုပ်ငန်းစဉ်များ အတွင်း ထင်သာမြင်သာမှု ရှိစေရန် အစီရင်ခံစာက တိုက်တွန်းထားသည်။

မြန်မာ့ သဘာဝ ဓါတ်ငွေ့ တင်ပို့မှု ခေတ္တရပ်ခြင်းက ထိုင်းလျှပ်စစ် ဖူလုံမှုအား စိန်ခေါ်နေ

စံခလပူရီ (မဇ္ဈိမ)။   ။ မြန်မာ့ ကမ်းလွန် ပင်လယ်ပြင်ရှိ ရတနာနှင့် ရဲတံခွန် ဓါတ်ငွေ့ လုပ်ကွက် နှစ်ခုကို ဧပြီလ ၅ ရက်နေ့မှ ၁၃ ရက်နေ့အထိ နှစ်စဉ်ပြုနေကျ ကြံ့ခိုင်မှု စစ်ဆေးရန်နှင့် ပြန်လည် ပြင်ဆင်ရန် အချိန်ဖြစ်၍ ထိုင်းနိုင်ငံသို့ တင်ပို့နေသည့် သဘာဝဓါတ်ငွေ့များကို ခေတ္တရပ်ဆိုင်းရမည် ဖြစ်ကာ ထိုင်းနိုင်ငံ လျှပ်စစ်မီး
ဖြန့်ဖြူးပေးနိုင်ခြင်းအပေါ် သက်ရောက်မှုများ ရှိနိုင်သည်ဟု ထိုင်း စွမ်းအင် ဝန်ကြီးဌာန ပြောသည်။

Yadana

ရတနာ ဓါတ်ငွေ့ လုပ်ကွက်အား တွေ့မြင်ရစဉ်။ (ဓါတ်ပုံ၊ american.edu)

"ပြီးခဲ့တဲ့နှစ် စာရင်းတွေအရ ပြောရရင် ဧပြီလ ၄ ရက်နေ့ဟာ လျှပ်စစ်ဓါတ်အား သုံးစွဲမှု အမြင့်မားဆုံး
နေ့ပါ။ ဒီအတောအတွင်း မြန်မာဘက်က သဘာဝ ဓါတ်ငွေ့ တင်ပို့မှု ရပ်ဆိုင်းတာဟာ ကျနော်တို့ ဘန်ကောက်မြို့
ဒေသအချို့နဲ့ ထိုင်းတောင်ပိုင်း ဒေသအချို့ကို လျှပ်စစ်မီး
ပေးဝေနိုင်ဖို့အပေါ် ပြတ်လပ်မှု ဖြစ်စေမယ့် စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဒီနေ့ညနေ အစည်းအဝေးမှာ ဘယ်ဒေသ
တွေ သက်ရောက်မှု ရှိနိုင်မလဲဆိုတာ တိတိကျကျ သတ်မှတ်နိုင်မယ်" ဟု ထိုင်းစွမ်းအင် ဝန်ကြီးဌာန၊ ဘန်ကောက်ရုံးချုပ်မှ အရာရှိတဦး ဖြစ်သူ ခွန်နရီန် က မဇ္ဈိမကို ပြောသည်။
 
အစောပိုင်း၌မူ သဘာဝ ဓါတ်ငွေ့ လုပ်ကွက်များ၏ ကြံ့ခိုင်မှု
ပြန်လည် စစ်ဆေးရေး လုပ်ငန်းစဉ်အား ဧပြီ ၄ ရက်မှ ၁၂ ကို သတ်မှတ်ထားခဲ့သည်။ သို့သော် ထိုင်းအစိုးရ ဘက်မှ မေတ္တာရပ်ခံ၍ လုပ်ငန်းကာလအား ဧပြီလ ၅ ရက်မှ ၁၃ ရက်နေ့သို့ ပြောင်းလဲ သတ်မှတ်ပေးခဲ့ခြင်း
ဖြစ်သည်။
 
ဧပြီလ ၄ ရက်နေ့သည် ထိုင်းနိုင်ငံတွင်း လျှပ်စစ်ဓါတ်အား သုံးစွဲမှု အမြင့်ဆုံးနေ့ ဖြစ်ကာ ၎င်းရက်အတွက် အရန် လျှပ်စစ်အင်အား ပမာဏလည်း အနည်းငယ်ပင် ရှိသည်။ ၅ ရက်နေ့သည် ၄ ရက်နေ့ထက် အရန် လျှပ်စစ်အင်အား ပိုမိုရှိပြီး လျှပ်စစ် ပြတ်လပ်မှု စိန်ခေါ်မှုကို နည်းပါးစေခဲ့ ကြောင်း ထိုင်းစွမ်းအင် အရာရှိက ဆိုသည်။
 
တနင်္သာရီ ကမ်းလွန်ပင်လယ်ပြင်ရှိ ရတနာနှင့် ရဲတံခွန် ဓါတ်ငွေ့ လုပ်ကွက်များမှ တရက်လျှင် ၁,၁၀၀ သန်း ကုဗမီတာ ပမာဏရှိ သဘာဝဓါတ်ငွေ့များ ထိုင်းသို့ နေ့စဉ် တင်ပို့လျက်ရှိကာ ၎င်းမှ ၄,၆၀၀ မဂ္ဂါဝပ် ပမာဏရှိ လျှပ်စစ် ဓါတ်အား ထုတ်ယူလျက်ရှိသည်။ နိုင်ငံလုံး လျှပ်စစ် ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းသည် ဘသာဝ ဓါတ်ငွေ့မှ ထုတ်ယူနေကြောင်း ထိုင်းစွမ်းအင် ဝန်ကြီး ဖွန်ဇက် ရာဒ်ထဖွန် ဖိုင်ဈာန် အပြောအား ကိုးကား၍ ဘန်ကောက်ပိုစ့် သတင်းစာက ရေးသား ထားသည်။
 
ယခုကဲ့သို့ လျှပ်စစ်ဓါတ်အား ပြတ်လပ်မှုအား ကုစားရန် နိုင်ငံတွင်းရှိ ကျောက်မီးသွေးနှင့် ဒီဇယ် လောင်စာ များဖြင့် လျှပ်စစ် ဓါတ်အားထုတ် စက်ရုံများအား ပြန်လည် လည်ပတ်စေကာ အရန် လျှပ်စစ်အင်အား ရရှိရန် စီစဉ်ထားကြောင်းလည်း ထိုင်းစွမ်းအင် အရာရှိက ဆိုသည်။
 
"နိုင်ငံတွင်းမှာ ရှိတဲ့ ရာခ်ျချဘူရီ ခရိုင်ထဲက စက်ရုံကို ကျောက်မီးသွေးနဲ့ ဒီဇယ် သုံးပြီး လည်ပတ် သွားဖို့နဲ့ အရန်လျှပ်စစ် ထုတ်ယူနိုင်ဖို့ စီစဉ်ထားတယ်။ ဒါပေမယ့် သဘာဝ ဓါတ်ငွေ့သုံး လျှပ်စစ် ထုတ်ယူတာလောက် ထိရောက်မှု ရှိဖို့တော့ ဖြစ်နိုင်မှာ မဟုတ်ဘူး။ နိုင်ငံ လျှပ်စစ် ပြတ်လပ်မှု ပြဿနာကို ကုစားနိုင်မယ်လို့လည်း အတိအကျတော့ အာမခံချက် ပေးနိုင်မှာ မဟုတ်သေးဘူး" ဟု ခွန်နရီန် က ပြောသည်။
 
ထို့ပြင် လျှပ်စစ် ပြတ်လပ်မှု စိန်ခေါ်ချက်ကို ကုစားနိုင်ရန်အတွက် ယခုမှစ၍ ပြည်သူများအနေနှင့် လိုအပ်သည့် လျှပ်စစ်ပမာဏကိုသာ သုံးစွဲရန်နှင့် လျှပ်စစ် အသုံးအဆောင် ပစ္စည်းများ တနေ့လျှင် တနာရီ ပိတ်ပေးခြင်းကို တနိုင်ငံလုံး လုပ်ဆောင်သွားခြင်းဖြင့် အရန် လျှပ်စစ်ပမာဏ လုံလောက်စွာ ရှိရေး လုပ်ဆောင်ကြရန် ထိုင်းဝန်ကြီးချုပ် မစ္စ ယင်လတ် ရှင်နာဝါဒ် က တိုက်တွန်း ပြောကြားကြောင်း ထိုင်းဘာသာထုတ် မတ္တိချွှန် သတင်း၌ ဖော်ပြထားသည်။
 
သို့သော်လည်း မြန်မာ့ သဘာဝ ဓါတ်ငွေ့ တင်ပို့မှု ခေတ္တရပ်ဆိုင်းခြင်းသည် ထိုင်းနိုင်ငံ လျှပ်စစ်စွမ်းအင်
ပြတ်လပ်မှု ပြဿနာ ဖြစ်ပွားလာမည့်အထိ ကိုယ်စားပြုမည် မဟုတ်ကြောင်း ထိုင်းစွမ်းအင် ဝန်ကြီး ဖွန်ဇက် ရာဒ်ထဖွန် ဖိုင်ဈာန် က ဘန်ကောက်ပိုစ့်ကို ပြောကြားထားသည်။

မှော်ဘီ-သီရိမင်္ဂလာဈေး ပြေးဆွဲနေသော ဟိုင်းလတ်ယာဉ် တိမ်းမှောက်