Friday, June 1, 2012
မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်အဖွဲ့ ဥပဒေရေးရာ ဆွေးနွေးပွဲ ကျင်းပ
မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်အဖွဲ့ ဥပဒေရေးရာ ဆွေးနွေးပွဲ ကျင်းပ
2012-06-01
မြန်မာနိုင်ငံ ဥပဒေရေးရာကိစ္စတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးပွဲ တရပ်ကို မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်အဖွဲ့က ဦးစီးပြီး ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားမှာ ရှေ့နေများကောင်စီကို လွတ်လပ်စွာ
ဖွဲ့စည်းခွင့်ရရေးနဲ့ နိုင်ငံရေးအကျဉ်းကျ ရှေ့နေများ
လိုင်စင်ပြန်လည်ရရှိရေး စတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး တင်ပြကြကြောင်း
ဦးဆောင်စီစဉ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း တရားလွှတ်တော် ရှေ့နေ
ဦးသိန်းသန်းဦးက ပြောပါတယ်။
ဒီအခမ်းအနားကို NLD ခေါင်းဆောင် ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ဥပဒေပညာရှင်တွေ ၊ အရပ်ဘက် လူ့အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေ စုစုပေါင်း တစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။
"အဓိကအချက်ကတော့
ကျွန်တော်တို့တိုင်းပြည်မှာ လယ်သမား၊ အလုပ်သမားပေါ့နော်၊ စာပေစာနယ်ဇင်းတို့
အစိုးရချုပ်ကိုင်မှု ကင်းလွှတ်ပြီးတော့ ဖွဲ့စည်းတည်ထောင်ခွင့် ပေးထားတယ်။
ကျွန်တော်တို့ရှေ့နေ ရှေ့ရပ်တွေမှာကျတော့ လွတ်လပ်တဲ့ အဖွဲ့အစည်း မရှိဘူး။
နောက်ဘားကောင်စီ ဥပဒေကလည်း ကျွန်တော်တို့ကို ဖိနှိပ်ချုပ်ခြယ်တဲ့
ဥပဒေပဲဖြစ်တယ်။ ကျွန်တော်တို ရှေ့နေတွေကို ကိုယ်စားမပြုဘူး။
နောက်ပါတဲ့သူတွေကလည်း ဂုဏ်သိက္ခာရှိတဲ့၊ ဂုဏ်သတင်း ကျော်ဇောတဲ့
ရှေ့နေတွေမပါပဲနဲ့ အစိုးရဝန်ထမ်းဟောင်း၊ ဥပဒေအရာရှိတွေတို့၊
တရားသူကြီးဟောင်းတွေကို ထည့်ထားပြီးတော့ ကျွန်တော်တို့ ရှေ့နေအားလုံးရဲ့
ကိုယ်စားမပြုနိုင်ဘူး။ အဲဒါကြောင့်မို့လို့ အဲဒီကိစ္စတွေကို ကျွန်တော်တို့
ပြန်လည်သုံးသပ်ပေးဖို့အတွက် ကျွန်တော်တို့ လှုပ်ရှားမှု ဖြစ်ပါတယ်"
ဒီစာတမ်းဖတ်ပွဲမှာ အခွန်ဥပဒေ တိုးမြှင့်ခြင်းနဲ့ ပတ်သက်တဲ့
ဝေဖန်ချက်စာတမ်း၊ တရားရုံးအဆောက်အဦးကို တခြားဌာနများကို ချထားတဲ့ ကိစ္စ၊
မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရေးအတွက်
ဘားကောင်စီ ဥပဒေကို ဝေဖန်ချက်စာတမ်းနဲ့ နိုင်ငံရေးမှုကြောင့်
အကျဉ်းကျခံရပြီး လိုင်စင်ရုပ်သိမ်းခံရတဲ့ ရှေ့နေများရဲ့ကိစ္စ စတဲ့ စာတမ်း ၎
စောင်ကို ဥပေဒပညာရှင် ဦးအောင်သိန်း၊ ဦးကြီးမြင့်၊ ဦးသိန်းသန်းဦး နဲ့
၈၈- မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ အသီးသီး ဖတ်ကြား
ဆွေးနွေးခဲ့ကြပါတယ်။ဒီအခမ်းအနားကို NLD ခေါင်းဆောင် ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ဥပဒေပညာရှင်တွေ ၊ အရပ်ဘက် လူ့အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေ စုစုပေါင်း တစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။
ဒီနေ့မနက် ဒေါ်အောင်ဆန်းစုကြည် သီးသန့်သတင်းစာရှင်းလင်းပွဲပြုလုပ်သွားပါတယ်။ ပွဲအဆုံးပိုင်းမှာ သတင်းထောက်တစ်ယောက်ရဲ့ နောက်ဆုံးမေးခွန်း မြန်မာနိုင်ငံရဲ့ telecommunication နဲ့ social media နဲ့ ပတ်သက်ပြီး Facebook အကြောင်းထည့်မေးတဲ့မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားသွားပါတယ်။ ဒီဗွီဘီ - Facebook
ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းစတင်ပြီးနောက် ပြင်ဦးလွင်၊ နောင်ချို မြို့နယ်တွင် လယ်မြေ သိမ်းခံရမှုမြင့်တက်
မေလ ၃၁ ရက်၊ ၂၀၁၂ ခုနှစ်၊
ကျော်သူရမျိုး (YPI)
ကျောက်ဖြူ-ကူမင်း ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း စတင်သည့်နောက် ပြင်ဦးလွင်နှင့် နောင်ချိုမြို့များတွင် လယ်မြေသိမ်းဆည်းခံရမှု မြင့်တက်လာခဲ့ပြီး ယခုအခါ ယင်းစီမံကိန်းနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် အသိမ်းခံရသည့် လယ်မြေ ဧက (၁၃၀၀၀) ကျော်အထိ ရှိလာကြောင်း တောင်သူလယ်သမားအရေး ဆောင်ရွက်ပေးသည့် စိမ်းလန်းပြင်ဦးလွင်အဖွဲ့မှ ပြောသည်။
“နှစ်လအတွင်း စုဆောင်းထားတဲ့ မှတ်တမ်းတွေအရ မြေဧက (၁၃၀၀၀)ကျော် အသိမ်းခံထားရပြီ၊ ဒါတောင်အသိမ်းခံထားရပြီး ဆက်သွယ်အကြောင်းကြားခြင်း မရှိသေးတဲ့ တောင်သူလယ်သမားတွေ ရှိသေးတယ် ” ဟုတောင်သူလယ်သမား ကွန်ရက်မှ ဦးစည်သူကပြောသည်။
ပြင်ဦးလွင်မြို့တွင် ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းလျှက် ရှိသည့် အလုပ်ခွင်တခုကို ယခုလအတွင်း တွေ့ရသည့် မြင်ကွင်း၊ ၊ (သတင်းဓါတ်ပုံ ကျော်သူရမျိုး YPI )
ကျော်သူရမျိုး (YPI)
ကျောက်ဖြူ-ကူမင်း ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း စတင်သည့်နောက် ပြင်ဦးလွင်နှင့် နောင်ချိုမြို့များတွင် လယ်မြေသိမ်းဆည်းခံရမှု မြင့်တက်လာခဲ့ပြီး ယခုအခါ ယင်းစီမံကိန်းနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် အသိမ်းခံရသည့် လယ်မြေ ဧက (၁၃၀၀၀) ကျော်အထိ ရှိလာကြောင်း တောင်သူလယ်သမားအရေး ဆောင်ရွက်ပေးသည့် စိမ်းလန်းပြင်ဦးလွင်အဖွဲ့မှ ပြောသည်။
“နှစ်လအတွင်း စုဆောင်းထားတဲ့ မှတ်တမ်းတွေအရ မြေဧက (၁၃၀၀၀)ကျော် အသိမ်းခံထားရပြီ၊ ဒါတောင်အသိမ်းခံထားရပြီး ဆက်သွယ်အကြောင်းကြားခြင်း မရှိသေးတဲ့ တောင်သူလယ်သမားတွေ ရှိသေးတယ် ” ဟုတောင်သူလယ်သမား ကွန်ရက်မှ ဦးစည်သူကပြောသည်။

ပြင်ဦးလွင်မြို့တွင် ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းလျှက် ရှိသည့် အလုပ်ခွင်တခုကို ယခုလအတွင်း တွေ့ရသည့် မြင်ကွင်း၊ ၊ (သတင်းဓါတ်ပုံ ကျော်သူရမျိုး YPI )
ချင်းပြည်နယ် ဖွံ့ဖြိုးရေးဆွေးနွေးပွဲ မီဇိုရဲများ ဝင်ရောက်ဖမ်းဆီး
နယူးဒေလီ (မဇ္ဈိမ) ။ ။ ချင်းပြည်နယ် ငြိမ်းချမ်းရေးနှင့်
ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွင် လူမှုအဖွဲ့အစည်းများ ပါဝင်သင့် သည့်
အခန်းကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးပွဲတခုကို အိန္ဒိယနိုင်ငံ၊
မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့တွင် ကြာသပတေးနေ့က ကျင်းပနေစဉ် ဒေသခံ
မီဇိုရဲများက ဝင်ရောက်ဖမ်းဆီးကြောင်း သိရသည်။
ရွှေ့ပြောင်းအလုပ်သမား ယာယီပတ်စ်ပို့နှင့် မှတ်ပုံတင်အရေး ဒေါ်စုဆွေးနွေးခဲ့
ချင်းမိုင်(မဇ္စျိမ) ။ ။ ထိုင်းနိုင်ငံရှိ မြန်မာ
ရွှေ့ပြောင်းအလုပ်သမားများ၏ ယာယီပတ်စ်ပို့ ဈေးနှုန်းမှန်ရေးနှင့်
အလုပ်သမားမှတ်ပုံတင် မရသေးသူများကို လုပ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်က
မဟာချိုင်ရှိ ယာယီပတ်စ်ပို့ရုံး၌
ပြောဆိုလိုက်သည်။
ပြောဆိုလိုက်သည်။
မွန်အမျိုးသားကျောင်းများ ဘဏ္ဍာရေးခက်ခဲနေ
စံခလပူရီ (မဇ္ဈိမ) ။ ။ မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ဗဟို) သို့ လွှဲပြောင်းပေးလိုက်သည့် မွန်အမျိုးသား
ကျောင်းများအတွက် ဘဏ္ဍာရေး အခက်အခဲနှင့် ကြုံနေရကြောင်း မွန်အမျိုးသား ပညာရေး အကျိုးဆောင် အဖွဲ့က ပြောသည်။
ကျောင်းများအတွက် ဘဏ္ဍာရေး အခက်အခဲနှင့် ကြုံနေရကြောင်း မွန်အမျိုးသား ပညာရေး အကျိုးဆောင် အဖွဲ့က ပြောသည်။
၂၀၁၀ နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ အစီရင်ခံစာ ထုတ်ပြန်
ဘန်ကောက် (မဇ္ဈိမ) ။ ။ ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း
မြန်မာနိုင်ငံအတွင်း လက်ရှိအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအား
စုစည်းတင်ပြထားသည့် အစီရင်ခံစာတစောင်ကို လူ့အခွင့်အရေး မှတ်တမ်းကွန်ယက်
(မြန်မာနိုင်ငံ) ND-Burma မှ ကြာသပတေးနေ့က ထုတ်ပြန်လိုက်သည်။
ရွှေပြည်သာနှင့် လှိုင်သာယာ လယ်သိမ်းခံ လယ်သမားများ ဆန္ဒပြ
ရန်ကုန် (မဇ္ဈိမ) ။ ။ ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်များမှ
လယ်သမား ၁ဝဝ ကျော်က လယ်သိမ်းခံခဲ့ရမှုနှင့် ပတ်သက်၍ ကြာသပတေးနေ့ မနက်ပိုင်းက
ရန်ကုန်တိုင်း မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနရုံးရှေ့တွင် ဆန္ဒပြကြသည်။
အပိုပေးရသည့် မီတာခကိစ္စ မြစ်ခြေဒေသခံများ သမ္မတရုံးသို့ တိုင်မည်
ပခုက္ကူမြို့ မြစ်ခြေတိုက်နယ်အတွင်း လျှပ်စစ်မီးရရှိသည့် ကျေးရွာများရှိ
ဒေသခံများသည် ၄ နှစ်ကျော် လစဉ်မပျက် ပေးဆောင်နေရသည့် အပိုထပ်ဆောင်းယူနစ်
အမည်ရှိ မီတာခနှင့် ပတ်သက်၍ မကျေနပ်သဖြင့် နိုင်ငံတော်သမ္မတရုံးသို့ စာတင်ကာ
တိုင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အတိုက်အခံ အဖွဲ့များ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ခွင့်မရ၍ စိတ်ပျက်
ထိုင်းနိုင်ငံကို ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ပြည်ပ အခြေစိုက်
အတိုက်အခံအဖွဲ့များက တောင်းဆိုထားခြင်းကို NLD က အကြောင်းပြန်ကြားလာခြင်း
မရှိသဖြင့် တွေ့ခွင့်ရရန် အဆင်မပြေတော့ကြောင်း သိရသည်။

မြန်မာအလုပ်သမားများရှိရာ မဟာချိုင်သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်စဉ် (ဓာတ်ပုံ- Reuters)
စစ်မှန်သည့် ပြည်ထောင်စု ပေါ်ပေါက်ရေး ရခိုင် ပါတီ ဆွေးနွေး

RNDP ပါတီ ညီလာခံသို့ တက်ရောက်လာသူများကို တွေ့ရစဉ်(ဓာတ်ပုံ - နိရဉ္စရာ)
မြို့နယ်တစ်ခုတည်းတွင် ဒီချုပ်ပါတီဆိုင်းဘုတ်(၂)ခု မရှိစေလို
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် မြို့နယ်တစ်ခုတည်း၌ အောင်နိုင်ရေးအဖွဲ့မှ
ထောင်သော ဆိုင်းဘုတ်နှင့် မြို့နယ်ဆိုင်းဘုတ်တို့ကိုလည်း တစ်ခုတည်းသာ
ဖြစ်စေလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒိချုပ်)မှ
တာဝန်ရှိသူများက တိုက်တွန်းပြောကြားခဲ့သည်။
ရွှေ့ပြောင်း မြန်မာတွေ အိမ်ပြန်နိုင်ရေး ဒေါ်စု ကြိုးစားမည်
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေ
ထိုင်းနိုင်ငံက ကျောင်းတွေမှာ ပညာ သင်ကြား နိုင်ကြတော့မှာ ဖြစ်သလို
အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ချိုးဖောက် ခံနေရတာတွေကိုလည်း အတတ်နိုင်ဆုံး
ကာကွယ် စောင့်ရှောက်သွားပါမယ်လို့ ထိုင်းအစိုးအဖွဲ့၊ ဒုတိယ ၀န်ကြီးချုပ်
တဦးဖြစ်သူ ချာလမ်မ် ယူဘမ်ရုန်းန် (Chalerm Yubamrung)
က ဒေါ်အောင်ဆန်းစုကြည်ကို
ပြည်လုံးညီလာခံအတွက်NLDပြင်ဆင်
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုစုံညီ ညီလာခံတခု
ကျင်းပနိုင်ဖို့အတွက် ပြည်နယ်နဲ့တိုင်း ကော်မရှင်အဖွဲ့တွေကို စတင်
ဖွဲ့စည်းနေပါပြီ။ ရပ်ကွက် ကျေးရွာတွေက အစတိုင်းနဲ့ ပြည်နယ်တွေအထိ အဆင့်ဆင့်
အစည်းဝေးတွေ ကျင်းပကာ ပါတီရဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေကိုလည်း
ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ် တင်မြှောက်သူတွေနဲ့ ပြန်လည်
ဖွဲ့စည်းသွားမယ်လို့ NLD ပါတီက ပြောပါတယ်။ ဘယ်တော့လောက် NLD ပါတီ
ဗဟိုညီလာခံ ကျင်းပမလဲ ဆိုတာကိုတော့ NLD ပါတီက အတွင်းရေးမှူးအဖွဲ့ဝင်
ဦးဥာဏ်ဝင်းကို ဆက်သွယ် မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။
အာရှကိုယ်ကျိုးကြည့်ဝါဒ WTO အကြီးအကဲ သတိပေး
အာရှဒေသ စီးပွားရေး တိုးတက်မှုတွေ ရေရှည်ခံဖို့အတွက် အကြီးမားဆုံး
စိမ်ခေါ်မှုဟာ ကိုယ်ကျိုးစီးပွား ကာကွယ်မှုတွေ ကြီးထွားလာနေတဲ့ ပြဿနာ
ဖြစ်တယ်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အကြီးအကဲက သတိပေးလိုက်ပါတယ်။
ဒေါ်စုနှင့်ခေါင်းဆောင်တချို့ WEF ညီလာခံမှာ သီးခြားတွေ့ဆုံမည်
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့
အရှေ့အာရှ ကမ္ဘာ့စီးပွားရေးညီလာခံကို တတ်ရောက်မှာဖြစ်ပါတယ်။ ညနေပိုင်းမှာ
အရှေ့အာရှ စီးပွားရေးညီလာခံ ကျင်းပရာနေရာကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာ
တာဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ မြန်မာအလုပ်သမားတွေ အများအပြားရှိနေတဲ့
မဟာချိုင်ကို သွားရောက်ပြီး မြန်မာအလုပ်သမားတွေကို တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်နဲ့ နောက်ဆုံးအခြေအနေနဲ့
ပတ်သက်လို့တော့ ကိုသားညွန့်ဦးက စုစည်းတင်ဆက်ပေးထား ပါတယ်။
လစာတိုးတောင်းမိလို့ မောင်းထုတ်ခံရ
လစာတိုးတောင်းမိလို့ မောင်းထုတ်ခံရ
2012-05-31
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဘန့်နိမ်ရာ (ဘန့်နှစ်ရာလို့ မြန်မာအများအသံထွက်ပါသည်) အရပ်မှာရှိတဲ့ Royal Tax (ရိုင်ရယ် တပ်စ်) အထည်ချုပ်စက်ရုံက မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၀၀) ကျော် လုပ်ခတိုးတောင်းတဲ့အတွက် စက်ရုံတာဝန်ရှိသူတွေက အလုပ်ကနေ မောင်းထုတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။
Photo Courtesy of Sein Kyaw Hlaing
သတင်းထောက်တွေ နိုင်ငံသမိုင်း သိဖို့လိုကြောင်း အယ်ဒီတာက ပြောဆို
သတင်းထောက်တွေ နိုင်ငံသမိုင်း သိဖို့လိုကြောင်း အယ်ဒီတာက ပြောဆို
2012-05-30
ဝါရင့်သတင်းသမားတွေ ဦးဆောင်တဲ့ ဂျာနယ်အသစ်တခုနဲ့ လူထုမိတ်ဆက်ပွဲကို ရန်ကုန်မြို့မှာ မနေ့က ကျင်းပခဲ့ရာမှာ အယ်ဒီတာတဦး က မြန်မာနိုင်ငံမှာ အရည်အချင်းပြည့်ဝတဲ့ သတင်းထောက်တွေနဲ့ အယ်ဒီတာတွေ လိုအပ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။
Photo: Myanmar Independent News Journal
Subscribe to:
Posts (Atom)