Friday, June 1, 2012

မြန်မာတောင်သူလယ်သမားများ အစိုးရလျှပ်စစ်မီးသုံးစွဲမှု (၄၁)%နှုန်းသာရှိ

လယ်သမားများထံမှ စစ်တမ်းကောက်ယူချက်များအရ မြန်မာလယ်သမားများမှာ အစိုးရမှပေးသောလျှပ်စစ်မီး သုံးစွဲမှုမှာ ၄၁%နှုန်းသာရှိကြောင်း ဆန်စပါးလုပ်ငန်းရှင်များအသင်းက သိရသည်။

 
ထိုကဲ့သို့ အစိုးရထံမှလျှပ်စစ်မီးသုံးစွဲမှုနည်းပါးခြင်းမှာ ကျေးရွာများသို့ လျှပ်စစ်မီးသွယ်တန်း၍မရခြင်းမီတာ ဘောက်မရှိခြင်း စသည်တို့ကြောင့် ဖြစ်သည်။
 
ကျွန်တော်တို့ရွာမှာ အရင်တုန်းက အစိုးရကလာတဲ့မီးက ရွာတစ်ဝက်လောက်ထိပဲ ရောက်တယ်၊ ကျန်တဲ့ဘက် ကို ကြိုးတွေက   မရောက်တော့ သုံးလို့မရဘူး၊ မီတာဘောက်ကလည်း မရှိဆိုတော့၊ အခုမှ တစ်ရွာလုံးကိုယ်ထူကိုယ်ထနဲ့ ထရန်စဖော်မာ တစ်လုံး ရွာလယ်မှာထောင်လိုက်လို့ အခုတစ်ရွာလုံးနီးပါးမီးရသွားပြီဟု ပြင်ဦးလွင် မြို့ နောင်ခမ်းကြီးကျေရွာနေ တောင်သူတစ်ဦးဖြစ်သူ ဦးအောင်ဌေးကပြောသည်။
 
ရွာများတွင် လယ်သမားများသုံးစွဲသော ပုဂ္ဂလိကများက ရောင်းချသည့်မီးသုံးစွဲမှုမှာ ၄၄%နှုန်းခန့်ရှိပြီး အစိုးရလျှပ်စစ်မီးသုံးစွဲမှုထက် ၃%နှုန်းခန့် ပိုမိုသည်။ ထိုကဲ့သို့ ပုဂ္ဂလိကမှပေးသောမီးသည်မီးချောင်းတစ်ချောင်း တစ်ရက်လျှင်ကျပ် (၁၀၀)ခန့်ပေးရကြောင်း ကိုလည်း  သိရှိရသည်။
 
လယ်သမားတွေ အစိုးရဆီကနေယူတာက ၄၁%နှုန်းရှိတယ်၊ တခြားပုဂ္ဂလိကမီးစက်တွေကနေယူတာက ၄၄%နှုန်း၊ ကျန်တာတွေကတော့နည်းနည်းစီပဲ ကိုယ့်ဘာသားကိုမီးစက်နဲ့သုံးတဲ့လူတွေလည်းရှိတယ်၊ တချို့လည်းဘတ္တရီအိုးနဲ့သုံးတာတွေ ဘာတွေရှိတယ်ဟု မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းမှ Senior Rescherနှင့် CEO အဖြစ်တာဝန်ထမ်းဆောင်နေသူ   ဒေါက်တာစိုးထွန်းကပြောသည်။
 
အဆိုပါမီးကိစ္စများနှင့်ပတ်သက်၍လည်း မေလ(၁၉) ရက်နေ့တွင် ရွှေလီ-မန့်စံ လျှပ်စစ်ဓါတ်အားလိုင်း   ပြတ်တောက်ခဲ့မှုကြောင့်   မြန်မာနိုင်ငံတွင်သုံးစွဲနေသော မီဂ္ဂါဝပ် ၂၀၀ ကျော်ခန့် ဆုံးရှုံးခဲ့သည်။
 
ထိုကဲ့သို့ မီဂ္ဂါဝပ်လျော့နည်းမှုများကြောင့် လျှပ်စစ်မီးပေးခြင်းအား စက်မှုဇုန်များကို လုံးဝဖြတ်တောက်ခဲ့ပြီး၊လူနေရပ်ကွက်များကိုလည်း   အလှည့်ကျပေးခဲ့မှုတို့ကြောင့် ၂၄နာရီလျှပ်စစ်မီးပြည့်ဝစွာရရှိရန်မြို့ကြီးအချို့ တို့တွင် မေလကုန်ခါနီးတွင် ငြိမ်းချမ်းစွာဆန္ဒပြမှု များဖြစ်ပေါ်ခဲ့သည်။
 
ထိုကဲ့သို့ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် အစိုးရအနေဖြင့် လျှပ်စစ်မီးပြည့်ဝစွာရရှိရန်အတွက် ပြည်ပမှမီးစက် ဆယ်လုံးဝန်းကျင်    မြန်မာပြည်တွင်းသို့ တင်ပို့ခဲ့ကြောင်းသိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။