Friday, June 1, 2012

၁၉၈၈ နောက်ပိုင်း နိုင်ငံရေးကျောင်းသားများ ကျောင်းပြန်တတ်ခွင့်လမ်းစ စောင့်ဆိုင်းဆဲ

၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံရေးလုပ်သော တက္ကသိုလ်ကျောင်းသားများအနေဖြင့် ကျောင်းပြန်တတ် ခွင့်လမ်းစပွင့်လာပြီဖြစ်သော်လည်း  အများစုမှာ စောင့်ဆိုင်းဆဲဖြစ်ကြောင်း ကျောင်းသားများထံက သိရှိရသည်။
 

မေလ(၃၀) ရက်နေ့တွင် အနောက်ပိုင်းတက္ကသိုလ်မှ ပါမောက္ခဒေါက်တာခိုင်မြဲ ဒု-ပါမောက္ခ ဒေါ်သီတာနှင့်မော်ကွန်း ထိန်း ဌာနမှူးတို့မှ  ကျောင်းပြန်တက်ခွင့်ရပါက ကျောင်းမှန်မှန်တက်ရန် စာကြိုးစားရန် မျိုးချစ်စိတ်ရှိရန် ပါတီစွဲကင်းရန်   ခေါ်ယူဆွေးနွေးကြောင်း ဘူမိဗေဒနောက်ဆုံးနှစ်ကျောင်းသား  ဒီငြိမ်းလင်းက ပြောဆိုသည်။
 
 “ကျွန်တော်နဲ့ မိဘတွေကိုခေါ်ပြီး ဆွေးနွေးတာပါ၊ တက်ခွင့်ရဖို့ကတော့ သမ္မတအမိန့်ရမှလို့ ပြောပါတယ်၊ ဒါပေမယ့် တက်ဖြစ်လို့ရဖို့တောာ့များပါတယ်၊ ကျောင်းပြန်တက်ခွင့်ရမယ်ဆိုရင် သမ္မတကြီးကိုကျေးဇူးတင်ပါတယ်   ပြန်တက်ခွင့်ရကိုရရမယ်လို့ ယုံကြည်ပါတယ် ၈၈ နောက်ပိုင်းမှာ ကျောင်းသားတာေ တွ ကျောင်းပြန်တက်ခွင့်ရတာ အရမ်းရှားပါတယ် ”ဟု ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီမှ ကိုဒီငြိမ်းလင်းက ပြောသည်။

 အခြား၂၀၀၇ မျိုးဆက်ကျောင်းသားများဖြစ်သော စာရင်းအင်းပညာကျောင်းသား ကိုစည်မောင် ၊ စာရင်းအင်းပညာ မဟာတန်းကျောင်းသား ကိုရဲမင်းဦးတို့အား သက်ဆိုင်ရာ အဆင့်မြင့်ပညာဦးစီးဋ္ဌာန များက ကျောင်းတက်ခွင့်ကိစ္စနှင့်ပတ်သက်၍  တစုံတရာအကြောင်းကြားခြင်း မရှိသေးကြောင်း သိရှိရသည်။
 
“၂၀၀၇ ကျောင်းသားလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကိုဒီငြိမ်းလင်းတောင် ကျောင်းတက်ခွင့် ရတော့မယ် ဆိုတော့ ကျွန်တော်လဲ တက်ခွင့်ရဖို့မျှော်လင့်ပါတယ်”ဟု ၂၀၀၇ မျိုးဆက်ကျောင်းသား ကိုစည်သူမောင်ကပြောသည်။
 
ကျောင်းပြန်တက်ခွင့်လျှောက်ထားရာတွင် ကိုအာကာဗိုလ် မပါဝင်ကြောင်း မိမိသည် ဒုတိယနှစ်(ဆေး-၁)တွင် တက်ရောက်နေစဉ် စက်တင်ဘာအရေးခင်းတွင် ပါဝင်ခဲ့ပြီး နိုင်ငံရေးလောကထဲသို့ ရောက်ရှိ လာခြင်းကြောင်း ကိုအာကာဗိုလ်ကပြောသည်။
 
“ကျွန်တော်မနေ့က သင်တန်းရေးရာဌာန မော်ကွန်းထိန်း ဦးတင်အောင်ကို ဖုန်းဆက်ပြီးမေးတော့ အနောက်ပိုင်း တက္ကသိုလ်အတွက်ပဲ စာရောက်တယ် ကျန်တဲ့ဘယ်တက္ကသိုလ်မှ စာမရောက်သေးဘူး လို့ ပြောပါတယ်”ဟု ကိုရဲမင်းဦးကပြောသည်။
 
ကျောင်းပြန်တက်ခွင့်ရပါက စာရင်းအင်းပညာမဟာတန်းပထမနှစ်တက်ရောက်ရမည်ဖြစ်ကြောင်း ကိုရဲမင်းဦးက ဆိုသည်။
 
၂၀၀၇ မျိုးဆက်ကျောင်းသူတစ်ဦးဖြစ်သူ မနွဲ့နှင်းရီက ဒသာနိကဗေဒ နောက်ဆုံးနှစ်အဝေးသင် တက္ကသိုလ် တက်ရောက်ခွင့်ရပြီးဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။