Tuesday, May 15, 2012
ဦးသိန်းစိန်ခေတ်မှာ ပုံစံပြောင်းလာတဲ့ ပေါ်လစီသီချင်း
အပြောင်းအလဲတွေ ဖော်ဆောင်နေတဲ့ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ သေချာပေါက်
ပြောင်းလဲသွားပြီလို့ ဆိုနိုင်တာကတော့ ပေါ်လစီသီချင်း ထုတ်လွှင့်မှု
ဖြစ်ပါလိမ့်မယ်။
ဦးသိန်းစိန်
သမ္မတ ဖြစ်လာပြီး ပထမဆုံး ထွက်ပေါ်လာတဲ့ “အနာဂတ် မြန်မာပြည်” ဆိုတဲ့
ပေါ်လစီသီချင်းရုပ်သံဟာ ဒီရက်ပိုင်းအတွင်း အွန်လိုင်းကို ရောက်လာပါတယ်။
သီချင်းစာသားနဲ့ ရိုက်ချက်တွေက ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော်
ဝါဒဖြန့်ပေါ်လစီသီချင်းပုံခွက်ထဲကနေ လုံးဝ ထွက်လာပါပြီ။

တာင်ကိုရီးယား သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး
တာင်ကိုရီးယား သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး
2012-05-15
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်နဲ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
Photo courtesy of NLD
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်တို့ ၂၀၁၂ ခုနှစ်
မေလ ၁၅ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် တွေ့ဆုံဆွေးနွေးနေစဉ်။
ဖားကန့်မြို့နယ်တစ်ခွင်က လူငယ်နှင့် မူးယစ်ဆေးပြသာာနာ
ဂျာတော့ပ် (မြစ်မခ)
by Myit Makha Mediagroup on 15 May, 2012
by Myit Makha Mediagroup on 15 May, 2012
ဖားကန့်မြို့နယ်
ဆိုင်းတောင်ကျေးရွာသို့ မရောက်သည်မှာ လေးနှစ်ခန့်ပင် ကြာနေပြီဖြစ်သည်။
မူလတန်း ကျောင်း တက်ခဲ့သည့် ကျေးရွာမို့ သံယောဇဉ်က ကြီးလှပေသည်။
ရောက်ရောက်ချင်းပင် အမောမပြေနိုင် ငယ်ငယ်က သူငယ်ချင်း အကြောင်းမေးနေရင်းက
ထိုဇတ်နာသည့်ဇတ်လမ်းအား မြင်တွေ့ခွင့်ရခဲ့သည်။
၈၈ ပွင့်လင်းခရီးစဉ် လောင်းလုံအာဏာပိုင်များ ဟန့်တားနှောင့်ယှက်
ပွင့်လင်း လူ့အဖွဲ့အစည်း
ခရီးစဉ် အတွက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့
အဖွဲ့ဟာ တနင်္သာရီတိုင်း ထားဝယ်ခရိုင်ကို ခရီးထွက်ရာ မှာ လောင်းလုံမြို့အ၀င်
မှာ နှောင့်ယှက်ခံခဲ့ရပါတယ်။
၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ကို လှိုက်လှဲစွာကြိုဆိုပါ၏လို့
ရေးသားထားတဲ့ ဗီနိုင်း ဆိုင်းဘုတ် ကို လောင်းလုံမြို့နယ် အုပ်ချုပ်ရေးမှူးက
ဥပဒေနဲ့ညီညွတ်မှု မရှိတဲ့ အတွက် ဖြုတ်ချခိုင်းတယ် လို့ ကိုမင်းကိုနိုင် တို့
ခရီးစဉ်ကို လိုက်ပါ အကူအညီပေးနေတဲ့ ထားဝယ်မြို့ခံ ကိုကျော်ကျော်သက် က
ပြောပါတယ်။
လွတ်မြောက်ခြင်းအတွက် ရုန်းကန်မှုများ ဒေါ်စု ပါဝင်ဆွေးနွေးမည်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု မေလ ၁၅ ရက်နေ့၊
အမေရိကန် စံတော်ချိန် မနက်ပိုင်းမှာ ကမ္ဘာအရပ်ရပ်က လွတ်မြောက်ရေး
လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ တိုက်ရိုက်ဆွေးနွေး စကားပြောဆိုဖို့
ရှိနေပါတယ်။
ပိတ်ဆို့မှု ရုပ်သိမ်းရေး သတိထားသင့်
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ
လမ်းလွဲမသွားရလေအောင်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဟန့်တားရာ
ရောက်ဖို့အတွက်သတိထားဆောင်ရွက်ဖို့ အမေရိကန် အခြေစိုက်
ကျင့်ဝတ်သိက္ခာနဲ့ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကို အားပေးတဲ့ အဖွဲ့ပေါင်း
၁၂ ခုက သမ္မတ အိုဘားမားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ
ရင်းနှီးမြှုပ်နှံဖို့ အချိန်မတန်သေးဘူးလို့လည်း သူတို့က ပြောပါတယ်။
ဘာကြောင့် အခုလို ပြောဆိုကြတာ ပါလဲဆိုတာ အပြည့်အစုံကို မခင်ဖြူထွေးက
တင်ပြပေးထားပါတယ်။
မူးယစ်ဂိုဏ်း အဖွဲ့ဝင် ၂၅ ဦး လက်နက်ချ အလင်းဝင်
ရွှေတြိဂံနယ်မြေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့
စိုင်းနော်ခမ်းရဲ့ အဖွဲ့ဝင် ၂၅ ဦးဟာ တာချီလိတ်မြို့နယ်က တပ်စခန်းတစ်ခုမှာ
မနေ့ညနေပိုင်းက လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်ခဲ့ပြီး ဒီကနေ့
မနက်ပိုင်းမှာတော့
အခမ်းအနားနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
ရှမ်းတပ်တွင် ဘုန်းကြီးတစ်ပါးက လယ်ယာမြေများ သိမ်းယူ၍သံဃာ့မဟာနာယကအဖွဲ့သို့ တိုင်ကြားထား
ကောင်းမြတ်ဖြိုး ( မြစ်မခ )
မေ(၁၄)ရက်၊၂၀၁၂ခုနှစ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ အုံးတောကျေးရွာအုပ်စုရှိ၊ ရှမ်းတပ်ကျေးရွားတွင်ဘုန်းကြီးတစ်ပါးမှ တောင်သူလယ် သမားတို့၏ လယ်ယာမြေများအားသိမ်းယူထားခြင်းကြောင့် တောင်သူလယ်သမားများမှ စစ်ကိုင်းတိုင်းသံဃာ့မဟာနာယကအဖွဲ့သို့ တိုင်ကြားထားကြောင်း သိရသည်။
မေ(၁၄)ရက်၊၂၀၁၂ခုနှစ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ အုံးတောကျေးရွာအုပ်စုရှိ၊ ရှမ်းတပ်ကျေးရွားတွင်ဘုန်းကြီးတစ်ပါးမှ တောင်သူလယ် သမားတို့၏ လယ်ယာမြေများအားသိမ်းယူထားခြင်းကြောင့် တောင်သူလယ်သမားများမှ စစ်ကိုင်းတိုင်းသံဃာ့မဟာနာယကအဖွဲ့သို့ တိုင်ကြားထားကြောင်း သိရသည်။
လမ်းတံတားစီမံကိန်းများကြောင့် မြောက်ဒဂုံမြေဈေး အဆမတန်မြင့်တတ်
ယမင်း(မြစ်မခ)
မေ(၁၄)ရက်၊၂၀၁၂ခုနှစ်။
လမ်း၊ တံတား ပြုပြင်ခြင်းလုပ်ငန်းများကြောင့်ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အိမ်ခြံမြေဈေးနှုန်းများ ဆက်လက် မြင့်တက်နေပြီး မတန်တဆဈေးပေး၍ ဝယ်ယူမှုများရှိနေသည်ဟုအိမ်ခြံမြေအကျိုးတော်ဆောင်များထံမှ သိရသည်။
မေ(၁၄)ရက်၊၂၀၁၂ခုနှစ်။
လမ်း၊ တံတား ပြုပြင်ခြင်းလုပ်ငန်းများကြောင့်ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အိမ်ခြံမြေဈေးနှုန်းများ ဆက်လက် မြင့်တက်နေပြီး မတန်တဆဈေးပေး၍ ဝယ်ယူမှုများရှိနေသည်ဟုအိမ်ခြံမြေအကျိုးတော်ဆောင်များထံမှ သိရသည်။
ဓါတ်ငွေ့ပိုက်လိုင်းကိစ္စနှင့်ပါတ်သက်ရ်ျ မတရားမှုအား တင်ပြခြင်း
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့နယ်
သံဘိုကျေးရွာအုပ်စု သံဘို(အလယ်)ရွာ မှတောင်သူလယ်ယာ သမားများသည် မိမိတို့
လယ်ယာ များကို ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုကြောင့် ပျက်စီးသွားပြီး
လျှော်ကြေးမရမှုကြောင့် သက်ဆိုင်ရာကို တိုင်ကြားထားကြောင်းသိရပါတယ်။
Myanmar News Now
Myanmar News Now
![]() |
ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုကြောင့် ပျက်စီးသွားသောလယ်မြေများ |
ကြည့်ရှုခံစားရမယ့် 'ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီလမ်းမများ' ဓာတ်ပုံပြပွဲ
မေစန္ဒီ
အတွဲ ၂၉ ၊ အမှတ် ၅၆၈ (၁၁ - ၁၇ ၊ ၅ ၊ ၂၀၁၂)
အတွဲ ၂၉ ၊ အမှတ် ၅၆၈ (၁၁ - ၁၇ ၊ ၅ ၊ ၂၀၁၂)

ကြားဖြတ်ရွေးကောက်ပွဲအပြီး ၂၀၁၂ ခုနှစ်၊ မေလ ၂ ရက်နေ့ NLD ရုံးချုပ်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုကို စကားပြောကြားနေစဉ် ရိုက်ကူးခဲ့တဲ့ မင်းဇေယျာရဲ့ ဓာတ်ပုံ လက်ရာ။
ကြည့်မြင်တိုင် စက်ဆန်းတစ်ရွာလုံးရှိ သမ္ဗန်များအား ပြေးဆွဲခွင့် ပိတ်ထား
နိုနိုအောင်နှင့် ထူးအောင်
အတွဲ ၂၉ ၊ အမှတ် ၅၆၈ (၁၁ - ၁၇ ၊ ၅ ၊ ၂၀၁၂)
အတွဲ ၂၉ ၊ အမှတ် ၅၆၈ (၁၁ - ၁၇ ၊ ၅ ၊ ၂၀၁၂)

ပြေးဆွဲခွင့် ပိတ်ခံထားရသဖြင့် ကမ်းနားတွင် ဆိုက်ကပ်ထားရသော သမ္ဗန်များကိုတွေ့ရစဉ်။
ဓာတ်ပုံ-နိုနိုအောင်
အီတာလျှံ ထိုင်း ကုမ္ပဏီနှင့် မီးရထား ဒုတိယ၀န်ကြီး ထားဝယ်မြို့ ကြက်မင်းစေတီတွင် ကန်တော့ပွဲပေး
အီတာလျှံ ထိုင်း ကုမ္ပဏီမှ တာဝန်ရှိသူများ ၊ မီးရထား ဒုတိယ၀န်ကြီး ဦးသောင်းလွင်အပါအ၀င်ထားဝယ် ရေနက် ဆိပ်ကမ်းစီမံကိန်း တွင်ပါဝင်ကြသည့် စီးပွားရေး လုပ်ငန်းရှင်အချို့သည် မေလ ၁၀ ရက်နေ့တွင် ထားဝယ်မြို့ ကြက်မင်းစေတီတွင် ကန်တော့ပွဲ ၁၀၈ ပွဲကို လာရောက် ပူဇော်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် ကြက်မင်းဂေါပက အဖွဲ့ဝင်တစ်ဦးကဆိုသည်။
ဒီမိုကရေစီ အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
ပိုလန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်တဲ့ Democracy
Lessons Learned အလုပ်ရုံဆွေးနွေးပွဲနဲ့ သတင်းမီဒီယာပို့ချပွဲ
ပိတ်ပွဲအခမ်းအနားကို ဒီကနေ့ ကျင်းပရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
အမှာစကား ပြောကြားပါတယ်။
Photo courtesy of သံသာဝင်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွန်မြူနစ် ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် H.E.Mr.Wang Gang ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်( ၁၁ ) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
မြရွှေဝါကုမ္ပဏီကို ဥပဒေကြောင်းအရရင်ဆိုင်မည်ဟု ဒဂုံဆိပ်ကမ်းလယ်သမားများဆို
မေလ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်စိုးလင်း (YPI)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးပိုင် မြရွှေဝါကုမ္ပဏီ၏ လယ်မြေသိမ်းယူခြင်းကိုခံထားရသော ဒဂုံဆိပ်ကမ်းမြို့နယ်မှ လယ်သမားများအနေဖြင့် ထိုကုမ္ပဏီအား ဥပဒေကြောင်းအရ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ယင်းလယ်သမားများအရေး ဆောင်ရွက်နေသူက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးပိုင် မြရွှေဝါကုမ္ပဏီ၏ လယ်မြေသိမ်းယူခြင်းကိုခံထားရသော ဒဂုံဆိပ်ကမ်းမြို့နယ်မှ လယ်သမားများအနေဖြင့် ထိုကုမ္ပဏီအား ဥပဒေကြောင်းအရ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ယင်းလယ်သမားများအရေး ဆောင်ရွက်နေသူက ပြောသည်။
ကားသွင်းခွင့် မူဝါဒသစ်ကြောင့် ဒေါ်လာဈေး တက်
အစိုးရက ကားတင်သွင်းခွင့် မူဝါဒသစ် ချမှတ်၍ ပြည်သူတိုင်း
ကားတင်သွင်းခွင့်ပေးလိုက်ပြီး နောက်ပိုင်း အမေရိကန် ဒေါ်လာ တန်ဖိုး
မြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ သတင်းရသည်။

ကားပြပွဲတခုတွင်တွေ့ရသော တရုတ်နိုင်ငံထုတ် Cherry QQ ကား (ဓာတ်ပုံ - Xinhuanet)
ဖက်ထိပ်ယဉ်ကျေးမှုနဲ့ ဗမာပြည်
သတင်းတပုဒ်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်း အဓမ္မ ခိုင်းစေမှုများ ပပျောက်စေရန်
တပ်မတော်ကို ညွှန်ကြားမယ်လို့ ဖတ်လိုက်ရတယ်။ အရင်လို နယ်တွေမှာ လူထုကို
ဗိုလ်မကျတော့ဘူးဆိုရင် ဝမ်းမြောက် ဝမ်းသာနဲ့ သာဓုခေါ်ရမယ့် ကိစ္စပါ။
ကြံ့ခိုင်ရေးပါတီ ပြုပြင်ပြောင်းလဲရေး စပြီ
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေး ပါတီ)က
အောက်ခြေအဆင့်မှ စတင်၍ ပြည်နယ်နှင့်တိုင်း အဆင့်အထိ ပြုပြင်
ပြောင်းလဲရေးများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူး
ဦးဌေးဦး က ဧရာဝတီသို့ ပြောသည်။
ကချင် ထိုးစစ်ရပ်ရန် ဖက်ဒရယ်ကောင်စီ တောင်းဆို
အစိုးရ စစ်တပ်များအနေဖြင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) အပေါ်
ထိုးစစ်ဆင်မှုများ တလအတွင်း ရပ်ဆိုင်းပေးရန် တိုင်းရင်းသား လူမျိုးများ
ဖက်ဒရယ် ကောင်စီ(UNFC)က ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။

ကချင်ပြည်နယ် လိုင်ဇာဒေသတွင် တွေ့ရသော ကချင် စစ်ပြေးဒုက္ခသည် ကလေးတဦး (ဓာတ်ပုံ - ဧရာဝတီ)
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်း ဥရောပသမဂ္ဂ ပါလီမန်သို့ ပထမဆုံးအကြိမ်သွားရောက်
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည်
ဥရောပသမဂ္ဂပါလီမန်သို့ မေလ ၁၀ ရက်နေ့က ပထမဆုံးအကြိမ် သွားရောက်ခဲ့ကာ
ဥရောပသမဂ္ဂဥက္ကဌနှင့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေး
မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်းအက်ရှ်တန်တို့နှင့် ဘရပ်ဆဲမြို့တွင်
တွေ့ဆုံခဲ့သည်ဟု EU ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာအပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများတွင် အသက် ၆၀ နှစ်နှင့် အထက် သက်ကြီး အရေအတွက်မှာ လူဦးရေ၏ ရှစ်ရာခိုင်နှုန်းကျော်သို့ ရောက်ရှိ

တိုးမြှင့် ပင်စင်လစာ လျှောက်ထားရန် တန်းစီစောင့်ဆိုင်း နေသူများအား ၂၀၁၁ ခုနှစ် ဇူလိုင်လက တွေ့ရစဉ်
စာနယ်ဇင်းကောင်စီ ဇွန်လတွင် ဖွဲ့မည်ဟုဆို
ချင်းမိုင်(မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် စာနယ်ဇင်းကောင်စီ Press
Courncil ကို ပြည်တွင်း စာနယ်ဇင်းသမားများ ပါဝင်ကာ ဇွန်လအတွင်း
ဖွဲ့စည်းမည်ဟု ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း က ပြောဆိုလိုက်ကြောင်း
သိရသည်။
ကဏ္ဍလေးခု ပြုပြင်ပြောင်းလဲရေး အမြန်လုပ်ရန် ဒုသမ္မတ ပြော
ချင်းမိုင် (မဇ္ဈိမ) ။ ။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍလေးခုတွင် ပြုပြင်ပြောင်းလဲမှုများ အမြန်
ပြုလုပ်ရန် တနင်္ဂနွေနေ့ သမ္မတရုံးတွင် ပြုလုပ်သည့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ညှိနှိုင်းအစည်းအဝေးတွင် ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း က ပြောကြားသွားသည်။
ပြုလုပ်ရန် တနင်္ဂနွေနေ့ သမ္မတရုံးတွင် ပြုလုပ်သည့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ညှိနှိုင်းအစည်းအဝေးတွင် ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း က ပြောကြားသွားသည်။
ရန်ကုန် လျာထား ခုံးကျော်တံတား ၄ စင်းအနက် ၃ စင်းသာ ဆောက်မည်
ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့တော် စည်ပင်မှ တည်ဆောက်ရန်
လျာထားသော ခုံးကျော်တံတားများ အနက်မှ တာမွေတွင် တည်ဆောက်မည့် အပိုင်းကို
တည်ဆောက်တော့မည် မဟုတ်ကြောင်း မြို့တော်စည်ပင် သတင်းစာ ရှင်းလင်းပွဲတွင်
ဌာနအတွင်းရေးမှုး ဦးကျော်စိုး က ပြောသည်။
ဟင်္သာတမြို့ ဗုံးဖောက်ခွဲမှု သံသယရှိသူတစ်ဦး တိုင်းရဲတပ်ဖွဲ့ဖမ်းဆီးခေါ်ဆောင်လာ
ဟင်္သာတမြို့ ဗုံးဖောက်ခွဲမှု သံသယရှိသူတစ်ဦး တိုင်းရဲတပ်ဖွဲ့ဖမ်းဆီးခေါ်ဆောင်လာ
2012-05-14
ဟင်္သာတမြို့ ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး သံသယရှိခံရသူတစ်ဦးကို တိုင်းရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်လို့ ဟသာင်္တမြို့ခံ မျက်မြင်သက်သေတွေက ပြောဆိုကြပါတယ်။
သံသယရှိသူကို ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းများ၊
သိမ်းဆည်းထားရာ နေရာတွေကို လိုက်လံပြသခိုင်းတယ်လို့ မျက်မြင်သက်သေတွေက
ပြောပါတယ်။
နှစ်သိန်းနှင့် နှစ်သိန်းခွဲဖုန်းကဒ်များအား အာရှစိမ်းလန်းမှုဘဏ်ကအရစ်ကျစနစ်ဖြင့်ရောင်းချ
နှစ်သိန်းတန် GSM
ဖုန်းကဒ်နှင့် နှစ်သိန်းခွဲတန် WCDMA ဖုန်းကဒ်များအားအာမခံထားရှိရန်မလိုဘဲ
ငွေကျပ် ငါးသောင်း ရှိပါက လူတစ်ဦး ဖုန်းတစ်ကတ်အားအရစ်ကျငွေသွင်းစနစ်ဖြင့်
ဝယ်ယူရရှိနိုင်ကြောင်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်က သိရသည်။
တောင်ကိုရီးယား သမ္မတ မြန်မာပြည်ရောက်
တောင်ကိုရီးယားသမ္မတ အီလ်မြောင်ဘာ့က် (Lee Myung-bak) ဟာ ဒီကနေ့မှာ
နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို စတင်ပြီဖြစ်ပါတယ်။
ဆယ်စုနှစ်သုံးစုနီးပါးအတွင်း မြန်မာနိုင်ငံဆီလာရောက်တဲ့ တောင်ကိုရီး သမ္မတ
တစ်ယောက်ရဲ့ ပထမဆုံး ခရီးစဉ်အတွက် ရန်ကုန်မြို့ရဲ့ အဓိကကျတဲ့ နေရာတွေမှာ
လုံခြုံရေးတွေ အထူးတင်းကျပ်ထားပါတယ်။ မစ္စတာ အီလ်မြောင်ဘာ့က်ဟာ အခုဆိုရင်
နေပြည်တော်မှာ ရောက်နေပြီဖြစ် ပြီး သမ္မတဦးသိန်းစိန်နဲ့
တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ မြန်မာ့ဒီမို
အာဆီယံ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေး မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိ
အာဆီယံ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေး မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိ
2012-05-14
အာဆီယံ လူ့အခွင့်အရေးကော်မရှင်ရဲ့ အလှည့်ကျအစည်းအဝေးကို လာမယ့်ဇွန်လ ပထမအပတ်အတွင်း မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိကြောင်း သိရပါတယ်။အာဆီယံ လူ့အခွင့်အရေးကော်မရှင်က မူကြမ်းရေးဆွဲနေတဲ့ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်းကို အချောသတ် အတည်ပြုနိုင်ရေးအတွက် ဇွန်လ(၃) ရက်ကနေ (၆) ရက်ကြား ရန်ကုန်မြို့မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီ အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
ဒီမိုကရေစီ အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
2012-05-14
ပိုလန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်တဲ့ Democracy Lessons Learned အလုပ်ရုံဆွေးနွေးပွဲနဲ့ သတင်းမီဒီယာပို့ချပွဲ ပိတ်ပွဲအခမ်းအနားကို ဒီကနေ့ ကျင်းပရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားပါတယ်။
Subscribe to:
Posts (Atom)