မြန်မာဆက်သွယ်ရေးလုပ်ငန်းတွင်
အင်တာနက်လိုင်းလျှောက်ထားမှုထက် ၀န်ဆောင်မှုကျပ် တစ်သောင်းဝန်း ကျင်
ပိုမိုပေးဆောင် ရသော မိုဘိုင်းဖုန်းဆိုင်များတွင်
တန်းစီစောင့်ဆိုင်းရသည်အထိ အင်တာနက်လိုင်း လျှောက် ထားမှု
ပိုမိုများပြားကြောင်းသိရသည်။
“ဆိုင်တွေမှာလည်း
အခုဘယ်ဆိုင်ကြည့်ကြည့် အင်တာနက်လိုင်းလျှောက်မယ်ဆိုရင် တန်းစီးနေရတယ်။
ဒါလဲ လျှောက်နေကြတယ်။ အင်တာနက် ဆိုင်တွေမှာ သုံးရတာထက်စာရင်
ဖုန်းနဲ့သုံးတာက တစ်နာရီကို ၁၂၀ကျပ်ပဲ ကျတယ်” ဟု GSMဖုန်းဖြင့် အင်တာနက်
သုံးစွဲနေသူ ကိုသန်းမင်းဦးကပြောသည်။
မြန်မာဆက်သွယ်ရေးလုပ်ငန်းတွင်
အင်တာနက်လိုင်းလျှောက်ထားရာ၌ အမျိုးအစားပေါ်မူတည်၍ ကနဦး တပ်ဆင်ခသာပေးသွင်း
ရပြီး၊ ပြင်ပ မိုဘိုင်းဖုန်းအရောင်းဆိုင်များမှ တဆင့်လျှောက်ထားရာ၌
ပေးသွင်းရ မည့် ကနဦးတပ်ဆင်ခနှင့် ၀န်ဆောင်ခ ငွေကျပ် (၁၀၀၀) မှ
ကျပ်(၁၀၀၀၀)အထိ ပေးနေရသည်။
“ကျွန်မတို့ဆီမှာ
အင်တာနက်လျှောက်ရင် နှစ်သောင်းပါ။ ရုံးမသွားချင်တဲ့ သူတွေကတော့ ဆိုင်ကနေပဲ
လျှောက် ကြတယ်။ ဆိုင်တွေကနေ လျှောက်တဲ့သူတွေတော်တော်များတယ်။
ဆက်သွယ်ရေးမှာ သွားလျှောက် မယ် ဆိုရင်တော့ တစ်သောင်း သတ်မှတ်ထားတယ်” ဟု
Mr.Phone မှ အရောင်းတာဝန်ရှိသူတစ်ဦးက ပြော သည်။
မိုဘိုင်းဖုန်းများတွင်
အင်တာနက်လိုင်းတပ်ဆင်သုံးစွဲခများအား ပြောင်းလဲကောက်ခံခြင်းနှင့် ငွေကျပ်
၂သိန်း တန်၊ ၂သိန်း ၅သောင်း တန် ဖုန်းများချထားပေးခဲ့ပြီးနောက်
အဆိုပါဖုန်းများတွင် အင်တာနက်လိုင်းလျှောက် ထား သုံးစွဲမူ ပိုမိုများပြား
ခဲ့ကြောင်းသိရသည်။
“GSM တွေအင်တာနက်လျှောက်တာများတယ်။ CDMA 800 MHz ငါးသိန်တန်ဖုန်းတွေ
အင်တာနက်လျှောက် တာတောင် ခဏရပ်ထားရတယ်။ နှစ်သိန်းတန်းဖုန်းတွေ
စချပေးကထည်းက ရပ်လိုက်ရတာပါ။ CDMA လည်း ပြန်ဖွင့်မှာပါ။ ဘယ်တော့လည်းတော့
အတိအကျမသိသေးပါဘူး။ အထက်က စာရတာနဲ့ လုပ်သွားမှာပါ” ဟု အလုံမိုဘိုင်းရုံးမှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
အင်တာနက်လိုင်းသုံးစွဲခများအားမေလ(၇)နေ့တွင်
ပြောင်းလဲကောက်ခံခဲ့ပြီး GSM 2.75G (EDGE)မှာ တပ်ဆင်ခ
ပြောင်းလဲခြင်းမရှိပဲ သုံးစွဲခမှာ တစ်မိနစ်လျှင် ယခင် (၄)ကျပ်မှ မေလ ၇
ရက်နောက်ပိုင်းတွင် ၂ကျပ်၊ WCDMA (3G)မှာ ယခင်နူန်းထားများအတိုင်းသာ
တပ်ဆင်ခ တစ်သောင်းနှင့် သုံးစွဲခ တစ်မိနစ်လျှင် ၄ ကျပ်၊ CDMA 800 (EVDO)မှာ
ယခင်တပ်ဆင်ခ သုံးသောင်းကျပ်မှ တစ်သောင်း ကျပ်သို့ ပြောင်းလဲခဲ့ပြီး
သုံးစွဲခမှာ ယခင်ကဲ့သို့ တစ်မိနစ်လျှင် ၄ကျပ်နူန်းဖြစ်သည်။
မြန်မာဆက်သွယ်ရေး(အလုံ)လုပ်ငန်းနှင့် မိုးဘိုင်းဖုန်းဆိုင်များတွင်
အင်တာနက်လိုင်းလျှောက်ထားရာ၌ အရောင်းဝယ်စာချုပ်၊ မှတ်ပုံတင်မိတ္တူနှင့်
စင်းကဒ်များ လိုအပ်ကြောင်း၊ လက်ရှိတွင် ငါးသိန်းတန် CDMA 800 (EVDO)
ဖုန်းများ၏ အင်တာနက် လိုင်းလျှောက်ထားမူအား ရပ်ဆိုင်းထားကြောင်း
မြန်မာဆက်သွယ်ရေး လုပ်ငန်း (အလုံ)မှ သိရှိရသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။