Friday, August 31, 2012

NED ၏ ၂၀၁၂ ဒီမိုကရေစီဆု ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး အပါအ၀င် မြန်မာနိုင်ငံမှ ဒီမိုကရေစီအရေး လူပ်ရှားသူ (၅) ဦး ကို ချီးမြှင့်

National Endowment for Democracy ( NED) မှ ၂၀၁၂ ခုနှစ်အတွက် ချီးမြှင့်မည့် ဒီမိုကရေစီဆုအား မြန်မာနိုင်ငံမှ ရှစ်ဆယ်ရှစ် မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့်  နောက်ထပ် အထင်ကရ ဒီမိုကရေစီ အရေး လူပ်ရှားသူ ၃ ဦးတို့ကို ချီးမြှင့်သွားမည်ဟု သတင်း ရရှိသည်။
(၂၀၀၈ ခုနှစ်က NED က ချီးမြှင့်သော Democracy Award)

ပတ်စ်ပို့အတုဖြင့် မြန်မာနိုင်ငံမှ မွတ်ဆလင် ၁၆ဦး ဒက္ကားလေဆိပ်တွင် ဖမ်းဆီးခံရ


ဘင်္ဂလာဒေခ်ျ့  ပတ်စ်ပို့ အတုကိုင်ဆောင်ပြီး နိုင်ငံခြား တိုင်းပြည်များသို့ ထွက်ခွာရန် ကြိုးစားသူ မြန်မာနိုင်ငံသား မွတ်ဆလင် ၁၆ဦးကို ဘင်္ဂလားဒေ့ခ်ျ ရဲတပ်ဖွဲ့မှ ဒက္ကားမြို့ နိုင်ငံတကာ လေဆိပ်တွင် ယမန်နေ့က  ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသူများနှင့် သက်သေခံ အထောက်အထားများ (ဓါတ်ပုံ- Star)
ဘင်္ဂလာဒေခ်ျ့ထုတ် သတင်းများတွင်  ရိုဟင်ဂျာများ ဟု ဖေါ်ပြပြီး မြန်မာနိုင်ငံ အစိုးရက ဘင်္ဂလီများဟု ခေါ်ဆိုသူ ၁၆ ဦးအား  ဒက္ကားလေဆိပ်မှနေ၍ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ မထွက်ခွာမီ ဒက္ကားလေဆိပ်သို့ အ၀င်တွင် ဘင်္ဂလာရဲက ဖမ်းမိခြင်း ဖြစ်သည်။

အရှင်ဝီရသူ ဦးဆောင်သည့် ဆန္ဒဖော် ထုတ်ပွဲ မန္တလေး၆ မြို့ တွင် ပြုလုပ်မည်


ရခိုင် ပဋိပက္ခနှင့် ပတ်သက် ပြီးနိုင်ငံတော် သမ္မတ အားထောက်ခံကာ မစ္စတာ ကင်တားနားကို ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲအား မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာ ရကျောင်းနာ ယက ဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)က ဦးဆောင်ကာ မန္တလေး(၆) မြို့နယ်တွင် ပြုလုပ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြု ဇာတ်လမ်း ရိုက်ကူးမှု လူအများ ထိပ်လန့်


ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြု ဇာတ်လမ်း ရိုက်ကူးမှု လူအများ ထိပ်လန့်ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ပုဇွန်တောင် စာတိုက် မှတ်တိုင် အနီးရှိ ကြည်တော် ရဲတပ်ဖွဲ့ လူနေ လိုင်းခန်းတွင် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြု ဇာတ်လမ်း ရိုက်ကူးမှုကြောင့် လမ်းသွား လမ်းလာများ၊ မော်တော်ယာဉ်စီး ခရီးသည် များနှင့် ဒေသခံ ပြည်သူများကြား အထိပ်တလန့် ဖြစ်ခဲ့ရကြောင်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။

မန္တလေးရှိ သမိုင်းဝင် ယဉ်ကျေးမှုအမွေ အနှစ်များ ပြုပြင်ထိန်းသိမ်းမှု များ ပြုလုပ်မည်


မန္တလေးမြို့ရှိ မြနန်း စံကျော် ရွှေနန်းတော်၊ နန်းမြို့ရိုးနှင့် ကျုံး၊ သမိုင်းဝင် ခံတပ် များကို Historical Park များအဖြစ် အကြီးစားပြုပြင် မွမ်းမံ ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြင်ဆင်မှုများ ပြုလုပ်ရာတွင် ရွှေဘိုမြို့ရှိ ရွှေဘုံရတနာ မင်္ဂလာနန်းတော် နှင့်ပဲခူးမြို့ရှိကမ္ဘောဇသာဒီနန်းတော်တို့လည်းပါဝင်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့်စာကြည့်တိုက် ဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဦးကျော်လွင်ဦးမှပြောကြားခဲ့သည်။ ထိုသို့မွမ်းမံမှုများ လုပ်ကိုင်ဆောင်ရွက်ရန်အတွက်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်များအားဖိတ်ခေါ်ထားသည်ဟုသိရှိရသည်။

မြန်မာသဘာဝ ဘေးအန္တရာယ်ကြောင့် စီးပွားရေးတိုးတက်မှု ထိခိုက်နိုင်ကြောင်း သတိပေး


မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသော သဘာဝ ဘေးအန္တရာယ် များကြောင့် တိုင်းပြည်၏ ဘဏ္ဍာရေးကို ထိခိုက်လာနိုင်ကြောင်း  ADB နှင့် သဘာဝ ဘေးအန္တရာယ် လေ့လာရေးအဖွဲ့ Maplecroft အဖွဲ့က ၂၂-၈-၂၀၁၂ ရက်တွင် သုံးသပ် ပြောကြားလိုက်သည်။

နိုင်ငံတော်ဘတ်ဂျက်ကိုမမှီခိုဘဲ ဆက်သွယ် ရေးလုပ်ငန်းကို တိုးတက်အောင် ဆောင် ရွက်မည်


မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းကို နိုင်ငံတော်၏ ဘတ်ဂျက်ကို မမှီခိုဘဲ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်၍ ဆက်သွယ်ရေး ကဏ္ဍ တိုးတက် လာအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးသိန်းဦးက ၂၆-၈- ၂၀၁၂ ရက်တွင် ပြောသည်။

၂၀၃၀ တွင် မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း ဝင်ငွေလက်ရှိထက် သုံးဆ တက်လာမည် ဟုဆို


လာမည့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ လူတစ်ဦး ချင်းစီ၏ ဝင်ငွေ လက်ရှိ ထက် သုံးဆ တက်လာနိုင်မည် ဖြစ်ကြောင်း  အာရှ ဖွံ့ဖြိုးရေး ဘဏ် (ADB) ၏ အရှေ့တောင် အာရှ၊ တောင်အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ဒုတိယ အကြီးအကဲ စတီဇင်ဂရောင်၏ အစီရင်ခံစာ တစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်သို့ ဆန်များ တရားမဝင် စီးဆင်းပြီး ဈေးနှိမ်ခံနေရမှု ညှိနှိုင်းမည်


စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်သည် စက်တင်ဘာလ၌ တရုတ်နိုင်ငံကို သွားရောက်ကာ တရားမဝင် ဆန်ဝယ်ယူ နေသည့် ကိစ္စကို တရားဝင် ရောင်းဝယ်မှု ဖြစ်ပေါ်စေရေးအတွက် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

အကြီးစားပြုပြင်မှုများအား ထပ်မံမျှော်လင့်နေသည့် မယူတောင်ကြားဥမင်လှိုင်ခေါင်း


မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်စပ်ကုန်စည် လည်ပတ်စီးဆင်းမှုတွင် အဓိကအရေးပါသော   ဘူးသီးတောင်-မောင်တော မယူတောင်ကြားလမ်းရှိ ဥမင်လှိုင်ခေါင်းကြီးအား  အကြီးစားပြုပြင်မွမ်းမံရန် လိုအပ်နေပြီဖြစ်ကြောင်း ယာဉ်မောင်းများထံက သိရသည်။

နှစ်ကာလသက်တမ်းကြာမြင့်လာသည်နှင့် လှိုင်ခေါင်း ခေါင်မိုးနံရံများ နိမ့်ကျလာခြင်း၊ မြေသားနံရံများကွာကျလာခြင်းနှင့်   ရေစိမ့်ကျမှုများရှိလာရာ ရေရှည်အနာဂါတ်ကာလ များတွင် ဆက်လက်အသုံးပြု  သွားလာနိုင်ရန်အတွက် အကြီးစားပြုပြင် မွမ်းမံရန် လိုအပ်နေခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

နယ်စပ်တက်ဝယ်နေခြင်းကြောင့် ဆိုင်ကယ်ဝယ်ရောင်းဈေးကွက်ပျက်လုနီးပါးဖြစ်နေ


ရှမ်းပြည်နယ်မြောက်ပိုင်း ဆိုင်ကယ်ဈေးကွက်တွင် ဝယ်ရောင်းလုပ်ကိုင်သူများနှင့် တင်သွင်းသူများမှာ လုပ်ငန်း ရပ်နားထားရသည့်အထိ အရောင်းအဝယ်ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။

စလစ်ဈေး (၅)သိန်းဝန်းကျင်မြင့်တက်၊ ဗ/ဘ နံပါတ်ကုန်ပါက ပုံမှန်အနေအထားပြန်ရောက်ဖွယ်ရှိ


ရန်ကုန်ကားဈေးကွက်အတွင်း စလစ်ဈေး (၅)သိန်းဝန်းကျင်ပြန်လည်မြင့်တက်ခဲ့ပြီး ဗ နှင့် ဘ နံပါတ်တွေ ထွက်သွားပါက စလစ်ဈေးကပုံမှန်ပြန်ဖြစ်သွားနိုင်ကြောင်း ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းကသိရှိရသည်။

အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ် ရောက်လာ

စစ်တွေ (မဇ္ဈိမ) ။        ။ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းရန်အတွက် အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာန အကြီးအကဲ မစ္စတာ အရီဖင် မူဟာဒီ Mr. Arifin Muh Hadi သည် အဖွဲ့ဝင် ခုနှစ်ဦး လိုက်ပါလျက် စစ်တွေမြို့သို့ ကြာသပတေးနေ့ နံနက်ပိုင်းက ရောက်ရှိလာသည်။

အစိုးရပေါ်လစီမှသည် အရည်အချင်း အကယ်ဒမီဆုသို့

ရန်ကုန် (မဇ္ဈိမ) ။       ။ ပြန်ကြားရေးဝန်ကြီးဌာနက ထိန်းချုပ်ခဲ့ပြီး အစိုးရအကြိုက် ပေါ်လစီကား များကိုသာ ဦးစားပေး ရွေးချယ်လေ့ရှိသော အကယ်ဒမီ ရုပ်ရှင် ထူးချွန်ဆု ရွေးချယ်မှုကို ၂ဝ၁၃ နှစ်အတွက်မှ စတင်၍ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကသာ ဦးဆောင် ချီးမြှင့်သွားတော့မှာ ဖြစ်သည်။

လျှပ်စစ်ဓါတ်အား ဖြန့်ဝေရေးလုပ်ငန်း ပုဂ္ဂလိကသို့ စတင်ပေး

ရန်ကုန်(မဇ္ဈိမ) ။        ။ မန္တလေးတိုင်း၊ ချမ်းမြသာစည်ရှိ လျှပ်စစ်ဓါတ်အား ဖြန့်ဝေရေး လုပ်ငန်းကို စက်တင်္ဘာ လဆန်းမှ စတင်၍ ပုဂ္ဂလိက ကုမ္ပဏီတခုအား လုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း တိုင်းဒေသကြီး မြန်မာ့ လျှပ်စစ်ဓါတ်အား လုပ်ငန်းက ပြောသည်။

တိုက်ပွဲများကြောင့် ဖားကန့်မြို့နယ် လောင်စာဆီ သိုလောင်ရုံတခု ပေါက်ကွဲ

ချင်းမိုင်(မဇ္စျိမ) ။        ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်တို့အကြား ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ဖားကန့်မြို့နှင့် နှစ်မိုင်အကွာ ဆိုင်းဂျာဘွမ် ကျေးရွာရှိ ဝေအောင်ကမ္ဘာ အကျိုးတူ ကုမ္ပဏီပိုင် လောင်စာဆီ သိုလောင်ရုံထဲသို့ လက်နက်ကြီး ကျကာ ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း သိရသည်။ 

ထားဝယ် စီမံကိန်းအတွက် ကလုံးထာ ကျေးရွာ ပြောင်းဖို့ ငြင်းဆန်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရေကာတာ တည်ဆောက်ရန် အတွက် အိမ်ထောင်စု ၁၈ဝ ကျော်ရှိ ရွာတရွာကို ရွှေ့ပြောင်း
ပေးရန် ထားဝယ် ဖွံ့ဖြိုးမှု စီမံကိန်း ဆောင်ရွက်နေသည့် အီတာလျံ-ထိုင်းကုမ္ပဏီ ITD က ညှိနှိုင်းနေသော်လည်း ရွာသားများက ပြောင်းရွှေ့ရန် ငြင်းဆန်နေကြသည်။

 ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည့် ဒေသအချို့ ရေပြန်ကျသွားပြီဖြစ်သော်လည်း ကူညီထောက်ပံ့မှုများ လိုအပ်နေသေးကြောင်း သိရ


ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည့် ဒေသအချို့တွင် ရေအနည်းငယ် ပြန်ကျသွားပြီဖြစ်သော်လည်း ကူညီထောက်ပံ့မှုများ လိုအပ်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။ 
ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ် ၂၆ မြို့နယ်ရှိသည့်အနက် သြဂုတ်လအတွင်း ပုသိမ်၊သာပေါင်း၊ ကျောင်းကုန်း၊ ကန်ကြီးဒေါင့်၊ ကျုံပျော်၊ ရေကြည်၊ ပန်းတနော်၊ ဓနုဖြူမြို့နယ်များတွင် မိုးများပြီး မြစ်ရေကြီးမှုကြောင့် လူနေအိမ်များ၊ စပါးစိုက်ကွင်းများ ရေကြီးနစ်မြုပ်ခဲ့ရသည်။ 

 ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်ခဲ့ပြီး အများစု စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရ


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  ရပ်ကွက်၊ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများအား မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်မှုခဲ့ပြီး အများစု စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ် ချုပ်ရေးမှူးများ ရွေးချယ်ရန်အတွက် ထုတ်ပြန်ခဲ့သော နည်းဥပဒေများအရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရန် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရမည်ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကြီးကြပ်ရေးအဖွဲ့ဝင်အဖြစ် ရပ်မိရပ်ဖငါးဦးကို ရွေး ချယ်ပေးရမည်ဖြစ်ကြောင်း သိရသည်။ 

 Black list စာရင်းမှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံသားများ စာရင်းကို နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်


Black List စာရင်းမှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံသားများ စာရင်းကို နိုင်ငံတော် သမ္မတရုံးမှ သြဂုတ်လ ၃၀ ရက်နေ့တွင်၎င်း၏ ဝက်ဘ်ဆိုက် မှတစ်ဆင့် ထုတ်ပြန်ကြေညာ ခဲ့ပါသည်။
အမည်ပျက်စာရင်း Black List သတ်မှတ် ခံထားရသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသား ၆၁၆၅ ဦးအနက် ၂၀၈၂ ဦးကို စာရင်းမှ ပယ်ဖျက်ပေးခဲ့ရာ မြန်မာနိုင်ငံသား ၉၃၅ ဦးနှင့် နိုင်ငံခြားသား ၁၁၄၇ဦးတို့ ပါဝင်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ဝက်ဘ်ဆိုက်မှ ထုတ်ပြန် ကြေညာချက်များအရ သိရသည်။

 သြဂုတ်က ၂၇ ရက်နေ့မှစတင်ပြီး ဖားကန့်ဒေသတွင် တိုက်ပွဲများပြင်းထန်နေကြောင်းသိရ


001-watermarkကချင်ပြည်နယ် ဖားကန့်ဒေသအတွင်း သြဂုတ်လ ၂၇ ရက်နေ့မှစတင်ပြီး KIA နှင့် တပ်မတော်အကြား တိုက်ပွဲ များ အပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရှိရသည်။

 Black List မှ ပယ်ဖျက်လိုက်သော နိုင်ငံခြားသားများစာရင်းကို နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်


Black List မှ ပယ်ဖျက်လိုက်သော နိုင်ငံခြားသားများစာရင်းကို နိုင်ငံတော်သမ္မတရုံးက ယနေ့ သြဂုတ်လ ၃၀ ရက်နေ့တွင် ၎င်း၏၀က်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။ 

ပြည်ပနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သူတချို့ အမည်မဲစာရင်းမှ ပယ်ဖျက်ပေးဖို့ မရှိသေး



2012-08-30
ဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ ယခင်အစိုးရ လက်ထက်က ပြည်ပနိုင်ငံတွေမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့သူတွေကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အမည်မဲစာရင်း Blacklist ထည့်သွင်းထားမှုကနေ ပယ်ဖျက်ပေးဖို့ လောလောဆယ် အစီအစဉ် မရှိသေးဘူးလို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကို ဒီကနေ့ ပြောပါတယ်။
Photo: Myanmar President Office
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး အစည်းအဝေး ခန်းမ၌ ဒုတိယအကြိမ် စီမံကိန်းကော်မရှင် တတိယနေ့ အစည်းအဝေး ကျင်းပနေစဉ်။

အတိုက်အခံတွေ မြန်မာပြည်သွားမည်



2012-08-30
ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်း ခေါင်းဆောင်တချို့ဟာ သမ္မတဦးသိန်းစိန်ရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံကို နှစ်ပတ်ကြာ ခရီးစဉ်အဖြစ် မနက်ဖြန် သွားရောက်မှာ ဖြစ်ပါတယ်။
(Photo: AFP)
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ၏ နိုင်ငံခြားရေး တွဲဖက် တာဝန်ခံ ဦးညိုအုန်းမြင့် (Photo: AFP)

ဖားကန့် အင်န်အယ်လ်ဒီ ဒုက္ခသည်တွေကို ကူညီ



2012-08-30
ဖားကန့်မြို့နယ်အတွင်းရှိ ဒုက္ခသည် စခန်း ၃၁ ခုက စစ်ပြေးဒုက္ခသည်တွေကို ဖားကန့်မြို့ အင်န်အယ်လ်ဒီက ကူညီထောက်ပံ့နေတယ်လို့ သိရပါတယ်။

၈၈ မျိုးဆက်နဲ့ ဂီတအနုပညာရှင်များ ရေဘေးဒုက္ခသည်ကို ထောက်ပံ့ကူညီ



2012-08-30
ဧရာဝတီတိုင်းအတွင်းက ရေဘေး ဒုက္ခသည်တွေအတွက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဂီတအနုပညာရှင်တွေက စားနပ်ရိက္ခာနဲ့ တခြားအထောက်အပံ့ ပစ္စည်းတွေ ဒီကနေ့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၈ ရက်က ဧရာဝတီတိုင်း သာပေါင်းမြို့နယ်၊ ထန်းစင်လှကျေးရွာ ရေနှစ်မြုပ်နေသည်ကို တွေ့ရစဉ်။

၈၈ မျိုးဆက် မုံရွာဒေသခံပြည်သူများနှင့် တွေ့ဆုံ



2012-08-30
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဆောက်လုပ်ရေး စီမံကိန်းတ၀ိုက်က အဓမ္မ ပြောင်းရွှေ့ခံရတဲ့ မုံရွာမြို့က အိမ်ခြေ (၇၀) ကျော်ရဲ့ နစ်နာဆုံးရှုံးမှုတွေကို အကူအညီပေးနိုင်ဖို့ ကိုထွန်းမြင့်အောင်၊ ကိုမျိုးသန့်စတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့တွေက ဒေသခံပြည်သူတွေနဲ့ မုံရွာမြို့မှာ ဒီကနေ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သိမ်းထားတဲ့လယ်မြေ ပြန်လည်ပေးအပ်ဖို့ ယုဇနက ကတိပြု



2012-08-30
ကချင်ပြည်နယ် အနောက်မြောက်ပိုင်း ဟူးကောင်း ချိုင့်ဝှမ်းဒေသမှာ လယ်ယာမြေဧက (၂) သိန်းကျော် အဓမ္မ သိမ်းယူထားတယ်လို့ စွပ်စွဲခံနေရတဲ့ ယုဇနကုမ္ပဏီအနေနဲ့ ကုမ္ပဏီအပေါ် တရားစွဲဆိုထားတဲ့ ဒေသခံတောင်သူတွေရဲ့ လယ်ဧက (၃၀၀၀) လောက်ကို ပြန်လည်ပေးအပ်ဖို့ ကတိပြု ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
RFA
ကချင်ပြည်နယ် အနောက်မြောက်ပိုင်း ဟူးကောင်း ချိုင့်ဝှမ်းဒေသ လယ်သမားများအရေး ဆောင်ရွက်နေသော အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဗဟိုဦးစီးအဖွဲ့ဝင် ဒေါ်ဘောက်ဂျာ

မြန်မာအစိုးရ ခေါင်းဆောင်တချို့ ပြည်ဝင်ခွင့်ကန့်သတ်မှု အမေရိကန်လျှော့ပေး



2012-08-29
၂၀၀၈ ခုနှစ်ကစပြီး အမေရိကန် အစိုးရက မြန်မာစစ် အစိုးရအပေါ် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားခဲ့ရာမှာ ဗုဒ္ဓဟူးနေ့ကတော့ သမ္မတ အိုဘားမားက သမ္မတ ဦးသိန်းစိန်အပေါ် ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မှု ကင်းလွတ်ခွင့် ပြုလိုက်ပါတယ်။

အင်ဒိုနီးရှား အထူးသံတမန်အဖွဲ့ ဒီမိုကရေစီ မိတ်ဆွေများ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ



2012-08-29
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အင်ဒိုနီးရှား အစိုးရရဲ့ အထူးသံတမန် Dr.Hssaan Wirajuda ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီမိုကရေစီ မိတ်ဆွေများ ပါတီအဖွဲ့ဝင် (၁၀) ပါတီက ခေါင်းဆောင်တွေနဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးမှာ မနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။

ပျဉ်းမနားတွင် ရဲအရာရှိတစ်ဦး မီးရှို့သေဆုံး



2012-08-29
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲအုပ်အဆင့်ရှိတဲ့ ထောက်လှမ်းရေး အရာရှိတစ်ယောက် ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့အဆုံးစီရင် သွားခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တစ်ခု နေပြည်တော် ပျဉ်းမနားမြို့မှာ မနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။