Friday, August 31, 2012

နိုင်ငံတော်ဘတ်ဂျက်ကိုမမှီခိုဘဲ ဆက်သွယ် ရေးလုပ်ငန်းကို တိုးတက်အောင် ဆောင် ရွက်မည်


မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းကို နိုင်ငံတော်၏ ဘတ်ဂျက်ကို မမှီခိုဘဲ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်၍ ဆက်သွယ်ရေး ကဏ္ဍ တိုးတက် လာအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးသိန်းဦးက ၂၆-၈- ၂၀၁၂ ရက်တွင် ပြောသည်။
ဆက်သွယ်ရေး ဝန်ဆောင်မှုကဏ္ဍ လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်စေရန်အတွက်လည်း Reform Plan များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။ ယခုအခါ ဆက်သွယ်ရေးကဏ္ဍကို ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံလိုသူ များပြားလျက် ရှိသောကြောင့် အမြန်ဆုံး ရင်းနှီးလုပ်ကိုင်နိုင်ရန်အတွက် ဆက်သွယ်ရေးဆိုင်ရာဥပဒေ နည်းဥပဒေများကို ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။
“ဆက်သွယ်ရေးမှာ ရင်းနှီးမြှုပ်နှံလိုသူတွေတော့ များနေတယ်။ ဒါတွေကို ရွေးချယ် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုတွေနဲ့ပဲ ဆက်သွယ်ရေးကို နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို မမှီခိုဘဲ ဆောင်ရွက်သွားဖို့ရှိတယ်” ဟု ဦးသိန်းဦးက ပြောသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုများဖြင့်လည်း ပြည်သူများကို ခေတ်မီဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး ပြည်တွင်းအိုင်တီကုမ္ပဏီများ အနေဖြင့်ပါ အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေါ်ပေါက်လာမည် ဖြစ်သည်ဟု သိရသည်။
ထို့ပြင် ဆက်သွယ်မှုကဏ္ဍကို ယှဉ်ပြိုင်လုပ်ကိုင်ခွင့် ပေးသွားမည် ဖြစ်သောကြောင့်လည်း ဆက်သွယ်ရေးလုပ်ငန်းများ ကောင်းမွန်ပြည့်ဝတိုးတက်သော ဝန်ဆောင်မှုတစ်ခု ဖြစ်လာမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။