Friday, August 31, 2012

အရှင်ဝီရသူ ဦးဆောင်သည့် ဆန္ဒဖော် ထုတ်ပွဲ မန္တလေး၆ မြို့ တွင် ပြုလုပ်မည်


ရခိုင် ပဋိပက္ခနှင့် ပတ်သက် ပြီးနိုင်ငံတော် သမ္မတ အားထောက်ခံကာ မစ္စတာ ကင်တားနားကို ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲအား မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာ ရကျောင်းနာ ယက ဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)က ဦးဆောင်ကာ မန္တလေး(၆) မြို့နယ်တွင် ပြုလုပ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
စက်တင်ဘာ ၂ ရက်တွင် ချမ်းအေးသာစံမြို့နယ် ၊ မဟာအောင်မြေမြို့နယ်၊အောင်မြေသာစံမြို့နယ်၊ စက်တင်ဘာ ၃ ရက်တွင် ပြည်ကြီး တံခွန်မြို့နယ် ၊ချမ်းမြသာစည်မြို့နယ်၊ စက်တင်ဘာ ၄ ရက်တွင် အမရပူရမြို့နယ်တို့ ၌ပြုလုပ်သွားမည်ဟု ဆရာတော် အရှင်ဝီရသူ က မိန့်ကြားသည်။ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများသည်တိုင်းရင်းသားမဟုတ်ကြောင်း ကမ္ဘာကြီးသိစေရန်၊ ဘင်္ဂါလီများ၏ အကြမ်းဖက် မှုကို မြန်မာပြည်ဖွားတိုင်းရင်းသားအားလုံးက ရှုတ်ချကြောင်းကမ္ဘာကြီးသိစေရန်၊ ရခိုင်တံခါးနှင့် ရခိုင်ပြည်သူလုံခြုံရေးကို အစိုးရအစဉ်အဆက် အလေးနက်ထားနိုင်ရန်ဖြစ်ကြောင်း ဆရာတော်ကမိန့်ကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။