Friday, August 31, 2012

လျှပ်စစ်ဓါတ်အား ဖြန့်ဝေရေးလုပ်ငန်း ပုဂ္ဂလိကသို့ စတင်ပေး

ရန်ကုန်(မဇ္ဈိမ) ။        ။ မန္တလေးတိုင်း၊ ချမ်းမြသာစည်ရှိ လျှပ်စစ်ဓါတ်အား ဖြန့်ဝေရေး လုပ်ငန်းကို စက်တင်္ဘာ လဆန်းမှ စတင်၍ ပုဂ္ဂလိက ကုမ္ပဏီတခုအား လုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း တိုင်းဒေသကြီး မြန်မာ့ လျှပ်စစ်ဓါတ်အား လုပ်ငန်းက ပြောသည်။


လျှပ်စစ်ဓါတ်အား ဖြန့်ဝေသည့် ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ ပုဂ္ဂလိက ကုမ္ပဏီသို့ ယခုလို လုပ်ကိုင်ခွင့်ပြုခြင်း မှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း တိုင်းအင်ဂျင်နီယာ ဒေါ်အေးအေးမင်း က မဇ္ဈိမကို ပြောသည်။ လုပ်ကိုင်ခွင့် ရရှိသွားသူမှာ မန္တလေး အခြေစိုက် ပစိဖိတ် အီလက်ထရောနစ် ကုမ္ပဏီ ဖြစ်သည်။

“လျှပ်စစ် ဓါတ်အားကို ပုံမှန်နဲ့ ဗို့အားအပြည့် ဖြန့်ဝေနိုင်ဖို့ လောလောဆယ် 315 KTA ဗို့အားရှိ ထရန်စဖော်မာ ၂၂ လုံး ထပ်တပ်ဆင်ဖို့ စီစဉ်နေတယ်” ဟု ဒေါ်အေးအေးမင်း က ဆိုသည်။

လျှပ်စစ်ဓါတ်အားခကို ယခင်အတိုင်း အိမ်သုံး တယူနစ်လျှင် ၃၅ ကျပ်နှုန်းနှင့် လုပ်ငန်းသုံး တယူနစ်ကို ၇၅ ကျပ်နှုန်း
ဖြင့်သာ ဆက်လက်ကောက်ခံသွားမည်ဖြစ်သည်။

တနှစ်လျှင် တကြိမ် စာချုပ်ချုပ်ဆိုကာ လုပ်ကိုင်ခွင့်ပြုခြင်း ဖြစ်ပြီး ယင်းစာချုပ်အား ပြင်လိုပါကလည်း အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ သဘောတူညီ ခွင့်ပြုချက်ဖြင့်သာ လုပ်ရမည် ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။