ချင်းမိုင်၊ ရန်ကုန်(မဇ္စျိမ)။ ။ မတရားအသင်းများ အက်ဥပဒေအား ပယ်ဖျက်ရန်
အဆိုကို သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က
တင်သွင်းခဲ့ရာ ဆက်လက် ဆွေးနွေးရန် လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းက
အတည်ပြုခဲ့သည်ဟု လွှတ်တော်အမတ်များက ပြောသည်။
Thursday, July 19, 2012
(၆၅)နှစ်မြောက်အာဇာနည်နေ့တွင်သံအမတ်ကြီးများအားပန်းခွေချခွင့်ပြန်ပေးခဲ့
ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျဆုံးခဲ့သောနိုင်ငံခေါင်းဆောင်ကြီးများအားဂုဏ်ပြုနိုင်ရန်အတွက် ယခုနှစ် (၆၅)နှစ်မြောက်
အာဇာနည်နေ့မှစ၍ နိုင်ငံတကာမှသံတမန်ကြီးများအား
ရန်ကုန်မြို့ရွှေတိဂုံမြောက်ဘက်မုခ်ရှိ အာဇာနည်ဗိမာန်၌
လွမ်းသူပန်းခွေချခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ
ရေးဝန်ကြီးဌာနက သိရှိ ရသည်။
အပေါင်ထား၍ စိုက်စရိတ်ချေးငွေထုတ်ချေးရာတွင် လယ်သမားများအတွက် အခက်အခဲရှိ
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊
ဇီးကုန်းမြို့နယ် အုပ်စု(၄)အုပ်စုတွင် စိုက်ပျိုးစရိတ်ချေးငွေထုတ်ယူရန်
အာမခံလက်မှတ် ထိုးခိုင်းမူများကြောင့် ချေးငွေထုတ်ယူသူများ အခက်အခဲများ
ကြုံတွေ့နေရ ကြောင်း လယ်သမားများထံက သိရှိရသည်။
ယာဉ်ကြောပိတ်ဆို့ရကြောင်းမှာ ကားသစ်တင်သွင်းမှုတစ်ခုတည်းကြောင့်မဟုတ်ဟု မထသ ရှင်းလင်း
ရန်ကုန်မြို့တွင်းရှိ
ကားလမ်းမဘေးတွင် စည်းကမ်းမဲ့ယာဉ်ရပ်နားမှုများကြောင့်
ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း မထသ(ဗဟို)အတွင်းရေးမှူး
ဦးကာကျော်က ဇူလိုင်လ (၁၈)ရက်နေ့တွင် မထသ (ဗဟို) ကော်မတီနှင့် မီဒီယာများ
တွေ့ဆုံချိန်၌ ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်သို့ တောင်ကိုရီးယား တဲများပို့
မဇ္ဈိမ သတင်းဌာန ။ ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
(UNHCR) က ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် ၇ ပတ်ကျော်က ဖြစ်ပွါးခဲ့သည့်
အကြမ်းဖက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူ ဒုက္ခသည်များအတွက်
အကူအညီ တောင်းခံခဲ့ပြီးနောက် တောင်ကိုရီးယား နိုင်ငံက ဒုက္ခသည်များအတွက်
တဲပေါင်း ၇၀၀ ကို ရခိုင်ပြည်နယ် သို့ ပေးပို့နေသည်။
ဂျပန် ကားဟောင်းဈေးကွက် လိမ်ညာမှုများရှိနေဟု ဂျပန်လုပ်ငန်းရှင်ပြော
ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသို့ တပတ်ရစ်ကားများ
ရောင်းချရာတွင် လိမ်ညာရောင်းချမှုများရှိနေကြောင်း ဂျပန် ကားဝန်ဆောင်မှု
ကုမ္ပဏီတခုဖြစ်သော Light Group ၏ ဥက္ကဋ္ဌ မစ္စတာ တာနာကာ နိုဘူယူကီ က
သတိပေးလိုက်ပြီး
မြန်မာနိုင်ငံမှ ကားတင်သွင်းရောင်းချသူ လုပ်ငန်းရှင်များအနေဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်လေ့လာရန် ဖိတ်ခေါ် လိုက်သည်။
မြန်မာနိုင်ငံမှ ကားတင်သွင်းရောင်းချသူ လုပ်ငန်းရှင်များအနေဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်လေ့လာရန် ဖိတ်ခေါ် လိုက်သည်။
ဇေကမ္ဘာ တာလမ်းကြောင့် ရေဘေးအန္တရာယ် စိုးရိမ်နေကြ
စံခလပူရီ (မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် နိတုံရွာ
အနီးတွင် ဇေကမ္ဘာကုမ္ပဏီက တည်ဆောက် လျက် ရှိသည့် ဘိလပ်မြေစက်ရုံ စီမံကိန်း၏
အစိတ်အပိုင်းတခု ဖြစ်သည့် ၁၅ ပေမြင့် နိတုံ-အတ္တရံ မော်တော်ကားလမ်း
ဖောက်မှုကြောင့် ရွာ ၉ ရွာ ရေမြုပ်နိုင်သည့်အတွက် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဖောက်မှုကြောင့် ရွာ ၉ ရွာ ရေမြုပ်နိုင်သည့်အတွက် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ လွှတ်တော်တွင် စတင်ဆွေးနွေး
ရန်ကုန် (မဇ္ဈိမ)။ ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဥပဒေ(မူကြမ်း)ကို ဗုဒ္ဓဟူးနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်
စတင်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဥပဒေမူကြမ်းအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် မိမိတို့၏ စီးပွားရေး လုပ်ငန်းများတွင် ပထမ ငါးနှစ် အတွင်း မြန်မာနိုင်ငံသား အလုပ်သမား အနည်းဆုံး ၂၅ ရာခိုင်နှုန်း ခန့်ထားရမည်ဟု ပြဋ္ဌာန်းပါရှိသည်။
အဆိုပါ ဥပဒေမူကြမ်းအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် မိမိတို့၏ စီးပွားရေး လုပ်ငန်းများတွင် ပထမ ငါးနှစ် အတွင်း မြန်မာနိုင်ငံသား အလုပ်သမား အနည်းဆုံး ၂၅ ရာခိုင်နှုန်း ခန့်ထားရမည်ဟု ပြဋ္ဌာန်းပါရှိသည်။
လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူနှင့် တကယ်ထိတွေ့နိုင်ရဲ့လား
ရန်ကုန် (မဇ္ဈိမ) ။ ။ တနှစ်ကျော် ကာလထဲကို ရောက်လာပြီဖြစ်သည့်
အစိုးရသစ်လက်ထက် လွှတ်တော်များတွင် ၀င်ရောက်ဆွေးနွေးနေကြသည့်
လွှတ်တော်အမတ်များသည် ပြည်သူများနှင့် အမှန်တကယ်အချိန်ပေး ထိတွေ့နိုင်ရဲ့
လားဆိုသည်ကို လေ့လာသုံးသပ်သူများက မေးခွန်းများ ထုတ်လာကြသည်။
ဦးသိန်းစိန်နှင့် မဟာမိတ် ၁၀ ပါတီ တွေ့ဆုံ ဆွေးနွေး

နေပြည်တော်ရှိ
သမ္မတ အိမ်တော်တွင် မဟာမိတ် ၁၀ ပါတီ ခေါင်းဆောင်များနှင့် သမ္မတ
ဦးသိန်းစိန် တွေ့ဆုံ နှုတ်ဆက်နေစဉ် (ဓာတ်ပုံ – Hmuu Zaw / Facebook)
ဦးမြင့်ဆွေကို ဒု သမ္မတခန့်ရေး အတည်မပြုနိုင်သေး
ယခုတပတ် ဆွေးနွေးအတည်ပြုမည်ဟု မျှော်လင့်ထားသော လစ်လပ် ဒု သမ္မတ
နေရာအတွက် တပ်မတော် ကိုယ်စားလှယ်များက အမည်စာရင်း တင်သွင်းထားသည့်
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို သမ္မတ အရည်အချင်းစစ်
ကော်မတီက အတည်ပြုပေးရန် အခက်အခဲ ဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ထွန်တုံးတိုက်ပွဲဝင် လယ်သမားများ တရားစွဲခံရ

ပဲခူးတိုင်းဒေသကြီး
ပန်းတောင်းမြို့နယ် အတွင်း အသိမ်းခံ လယ်မြေများတွင် ထွန်တုံးတိုက်ပွဲ
ဆင်နွှဲကာ ဝင်ရောက် ထွန်ယက်နေသည့် အလုပ်သမားများ (ဓာတ်ပုံ – Civil &
Political Rights Campaign Group)
မောင်တောမှာ ဆန်ဈေးထိုးတက်
ရခိုင်ပြည်နယ် အဓိကရုဏ်းတွေအပြီး ဒီလဆန်းကစပြီး မောင်တောခရိုင်မှာ ဆန်ဈေးနဲ့ တခြားကုန်ပစ္စည်းတွေပါ ဈေးတက်လာတယ်လို့ သိရပါတယ်။
အဓိကရုဏ်းတွေ ပြီးသွားပေမယ့် လုံခြုံရေး စိတ်ချရမှု မရှိသေးလို့ စစ်တွေဘက်က ပစ္စည်းတွေ အဝင်နည်းနေတာကြောင့် မောင်တောခရိုင်မှာ အခုလို ဆန်နဲ့ တခြားကုန်ပစ္စည်းဈေးတွေ တက်လာတာဖြစ်ကြောင်း မောင်တောမြို့ ၄ မိုင်ရပ်ကွက်မှ ဒေသခံ ကိုကျော်က ပြောပါတယ်။
အဓိကရုဏ်းတွေ ပြီးသွားပေမယ့် လုံခြုံရေး စိတ်ချရမှု မရှိသေးလို့ စစ်တွေဘက်က ပစ္စည်းတွေ အဝင်နည်းနေတာကြောင့် မောင်တောခရိုင်မှာ အခုလို ဆန်နဲ့ တခြားကုန်ပစ္စည်းဈေးတွေ တက်လာတာဖြစ်ကြောင်း မောင်တောမြို့ ၄ မိုင်ရပ်ကွက်မှ ဒေသခံ ကိုကျော်က ပြောပါတယ်။
ရခိုင်ပြည်နယ် ဖြစ်စဉ်များကြောင့် ဘာသာရေး အဆောက်အအုံနှင့် အိမ်ခြေလေးထောင်ကျော် ပျက်စီးပြီး ကျပ်သန်းလေးရာကျော် ဆုံးရှုံးကာ လှူဒါန်းငွေကျပ် သန်းသုံးထောင်ကျော်ရ ရှိထား

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပျက်စီးဆုံးရှုံးနေမှုများကို ဇွန်လအတွင်းက တွေ့ရစဉ်
ကချင်ပြည်နယ် တရုတ်နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ကူးစက်ရောဂါ ဖြစ်ပွားမှုများရှိနေ

ကချင်ပြည်နယ် တရုတ်နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ကူးစက်ရောဂါ ဖြစ်ပွားမှု များပြားနေကြောင်း အဆိုပါဒေသများသို့ သွားရောက်ခဲ့သော ပြည်တွင်းအလှူရှင် အဖွဲ့အစည်းများ၏ ပြန်လည် ပြောကြားချက်များအရ သိရသည်။
၁၄ နှစ်အရွယ် အိမ်အကူ အမျိုးသမီးငယ်အား ခေါင်း၊ လက် ၊ဒူးများတွင် ဒဏ်ရာရရှိသည်အထိ အိမ်ရှင်က ရိုက်နှက်မှုဖြစ်ပွား

မန္တလေးမြို့ စိန်ပန်းရပ်ကွက် တွင် အိမ်ရှင်မှ ၁၄နှစ်အရွယ် အိမ်အကူ အမျိုးသမီးငယ်အား ခေါင်း၊ လက်၊ ဒူးဒဏ်ရာများရရှိသည်အထိ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကလေးဦးရေ ၂၀၀ ကျော် သွေးလွန်တုပ်ကွေး ရောဂါဖြင့် ဆေးကုသမှုခံနေရ
မိုးတွင်း ကာလများတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေး ရောဂါသည်
ကူးစက်ပြန့်ပွားမှု ရှိခြင်းကြောင့် ဇူလိုင်လ ဒုတိယပတ်အတွင်း
ဘားအံပြည်သူ့ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြင့် တက်ရောက်ကုသနေသူ
ကလေးဦးရေမှာ ၂၀၀ ကျော်ခန့် ရှိနေကြောင်း သတင်းရရှိသည်။
လမ်းဖြတ်ကူးသူတစ်ဦး ကွန်တိန်နာကားနှင့် တိုက်မိပြီး သေဆုံးမှုဖြစ်

ရန်ကုန်မြို့ လမ်းမတော် မြို့နယ် ကမ်းနားလမ်းမပေါ်တွင် လမ်းဖြတ်ကူးသူတစ်ဦး ကွန်တိန်နာကားနှင့် တိုက်မိပြီး တိုက်မိသည့်နေရာမှ ပေ ၁၀၀ ၀န်းကျင် အကွာအဝေးအထိ တရွတ်တိုက် ပါသွားကာ ပေါင်တစ်ဖက်ပြတ် သေဆုံးသည့်ဖြစ်စဉ် တစ်ခု ဇူလိုင်လ ၁၇ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကမ္ဘာပေါ်ရှိ နေထိုင်စားသောက်ကုန်ကျစရိတ် အမြင့်ဆုံး မြို့ကြီးများစာရင်းတွင် ရန်ကုန်မြို့ အဆင့် ၃၅ အထိခုန်တက် လူတစ်ဦးချင်း ၀င်ငွေများစွာမြင့်မားသည့် မီလန်၊ ပဲရစ်၊ ရောမ၊ ဗီယင်နာ၊ မက်ဒရစ်၊ ဘာစီလိုနာ၊ မြူးနစ်၊ ဘာလင်၊ ဒူဘိုင်းအပါအ၀င် ကမ္ဘာ့မြို့ကြီးပေါင်း ၁၂၀ ကျော်ကို ၂ နှစ်ဆက်တိုက် ဖြတ်ကျော်မြင့်တက်ခဲ့ခြင်းဖြစ်

ကမ္ဘာပေါ်ရှိ နေထိုင်စားသောက် ကုန်ကျစရိတ် အမြင့်ဆုံး မြို့ကြီးများ စာရင်းတွင် ရန်ကုန်မြို့မှာ အဆင့် ၃၅ အထိ ခုန်တက်လာခဲ့ကြောင်း ဈေးကွက်သုတေသနဆိုင်ရာ ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော Mercer တွင် ဖော်ပြထားသည်။ ၂၀၁၀ ပြည့်နှစ်က မြန်မာနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးနှင့် စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် နေထိုင်စားသောက် ကုန်ကျစရိတ်မှာ ကမ္ဘာ့မြို့ကြီးများစာရင်းတွင် အဆင့် ၁၅၉ အထိသာ ရှိခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင်မူ အဆင့် ၇၀ သို့ ခုန်တက်ခဲ့ပြီး ၂၀၁၂ ခုတွင်မူ အဆင့် ၃၅သို့ ဆက်တိုက်ခုန်တက်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်-မန္တလေး လမ်းဟောင်းအား လေးလမ်းသွားအဖြစ် တိုးချဲ့ရန် BOT ကုမ္ပဏီများသို့ ညွှန်ကြားထား

ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ ဖြူးလမ်းပိုင်း တစ်နေရာအား ဇူလိုင်လ ဒုတိယပတ်က တွေ့ရစဉ်
ရန်ကုန်-မန္တလေးလမ်း၌ တစ်နေ့လျှင် ပျမ်းမျှယာဉ်အစီးရေ ၂၅၀၀ အထက် ဖြတ်သန်းသွားလာနေသည့် လမ်းပိုင်းများကို လေးလမ်းသွားအဖြစ် တိုးချဲ့ရန် BOT ကုမ္ပဏီများသို့ ညွှန်ကြားထားကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လွင်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအနက် ခရီးသွားဝင်ရောက်မှု အလျင်မြန်ဆုံး တိုးတက်သည့် နိုင်ငံဖြစ်ကြောင်း UNWTO ထုတ်ပြန်

ကမ္ဘာလှည့်ခရီးသွားများ ညောင်ဦးလေဆိပ်သို့ လာရောက်ကြသည်ကို ဇူလိုင်လအတွင်းက တွေ့ရစဉ်
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသို့ တစ်နိုင်ငံချင်းအလိုက် ခရီးသွားဝင်ရောက်မှုများ၊ ၂၀၁၀၊ ၂၀၁၁ ခုနှစ် တို့၌ ရာခိုင်နှုန်း အတက်အကျနှိုင်းယှဉ်မှုများအပေါ် သုံးသပ်မှုများကို ၂၀၁၂ ခုနှစ်အတွင်း ထုတ်ပြန်ရာ၌ ယင်းသို့ ပါရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ဆရာဝန်များ၏ ဂုဏ်သိက္ခာနှင့် တန်ဖိုးထားခံရမှုများ ကျဆင်းလာသည်ဟု ကျန်းမာရေးဆိုင်ရာ သုတေသနတစ်ခုအရ သိရ

မြန်မာနိုင်ငံတွင် ဆရာဝန်များ၏ ဂုဏ်သိက္ခာနှင့် တန်ဖိုးထားခံရမှုများ ကျဆင်းလာသည်ဟု ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းက ပြုလုပ်ခဲ့သည့် 'မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၂၀၁၁' အခမ်းအနားတွင် တင်သွင်းခဲ့သည့် သုတေသန ပိုစတာတစ်ခုအရ သိရသည်။
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် ပိုက်လိုင်းလမ်းကြောင်း ဖြတ်သန်းခအဖြစ်ရရှိသည့် ငွေကြေးပမာဏသည် သဘာဝသယံဇာတ၊ လူမှုစီးပွားရေး ဆုံးရှုံးနစ်နာမှုများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေ၍ လွှတ်တော်မှ ပြန်လည်စိစစ်ရန် လိုအပ်နေကြောင်း သုံးသပ်မှုများရှိနေ

မကွေးတိုင်းဒေသကြီး
ရေနံချောင်းမြို့နယ် ယင်းမချောင်းကျေးရွာအနီးမှ မြန်မာ-တရုတ်
ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းမှု လုပ်ငန်းခွင်ကို ဇွန်လလယ်ပိုင်းက တွေ့ရစဉ်
ကဏ္ဍအသီးသီးနှင့် နယ်ပယ်အသီးသီးအတွက် စံချိန်စံညွှန်းများ ရေးဆွဲသတ်မှတ်၍ ဥပဒေပြဋ္ဌာန်းနိုင်ရန် အဆိုနှင့် ပတ်သက်သည့် အစိုးရအဖွဲ့၏ ကတိက၀တ်များ ပြီးစီးရမည့်အချိန်တွင် ပြီးစီးမှု ရှိ၊ မရှိ လွှတ်တော်မှ စောင့်ကြည့်မည်
ကဏ္ဍအသီးသီးနှင့် နယ်ပယ်အသီးသီးအတွက် စံချိန်စံညွန်းများ ရေးဆွဲသတ်မှတ်၍
ဥပဒေပြဋ္ဌာန်းနိုင်ရန် အချိန်ကာလ သတ်မှတ်ပြီး သတ်မှတ်ချိန်အတွင်း
ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း
အဆိုနှင့်ပတ်သက်၍ အစိုးရအဖွဲ့မှ ပြန်လည်ဖြေကြားခဲ့ သည့်
ကတိက၀တ်များပြီးစီးရမည့် အချိန်တွင် ပြီးစီးမှု ရှိ၊ မရှိ လွှတ်တော်မှ
စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင်လ
၆ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်
စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အသင်းအဖွဲ့ဥပဒေသစ်ထွက်မှ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကို မှတ်ပုံတင်မည်
လက်ရှိအသင်းအဖွဲ့ဆိုင်ရာ ဥပဒေမှာ ၁၉၈၈ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားသော
ဥပဒေဖြစ်၍ ခေတ်မမီတော့သဖြင့် အသင်းအဖွဲ့ ဥပဒေသစ်ထွက်လာသည်အထိ
စောင့်ဆိုင်းပြီးမှ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကို
မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း အဆိုပါဖောင်ဒေးရှင်း၏ ပြောကြားချက်အရ သိရသည်။
ကမ္ဘာ့အကျိုးဆောင်နိုင်ငံသားဆု လက်ခံဖို့ ဒေါ်စု နယူးယောက် လာမည်
ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးယောက်အခြေစိုက် Altlantic Council
ကချီးမြှင့်တဲ့ Global Citizenship Award ကမ္ဘာ့အကျိုးဆောင် နိုင်ငံသားဆုကို
လက်ခံယူဖို့ အမေရိကန်ပြည်ထောင်စုကို လာမယ့် စက်တင်ဘာ လမှာ
လာရောက်ဖို့ရှိနေပါတယ်။ ကမ္ဘာ့အကျိုးဆောင်နိုင်ငံသားဆုဟာ မိမိရဲ့ဒေသ
လူ့အသိုင်းအ၀ိုင်းကိုသာ မက နိုင်ငံတကာက လူအဖွဲ့အစည်းအတွက်ပါ
ထူးထူးချွန်ချွန်ဆောင်ရွက်သူတွေကိုပေးတာမို့၊ ဒီဆု ဟာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကွက်တိကိုက်ညီမှုရှိတယ်လို့ ဒီဆုပေးတဲ့ Altlantic
Council ရဲ့ ဥက္ကဋ္ဌဖြစ် သူက ပြောပါတယ်။ Altlantic Council ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊
CEO အကြီးအကဲလည်းဖြစ်သူ Frederick Kempe ကို မေးမြန်းထားတာကို
ကိုသားညွန့်ဦးက တင်ဆက်ပေးပါမယ်။
သမ္မတနဲ့ နိုင်ငံရေးဆယ်ပါတီ တွေ့ဆုံမည်
ဒီမိုကရေစီ မိတ်ဆွေပါတီများ ဆယ်ပါတီအဖွဲ့နဲ့ သမ္မတဦးသိန်းစိန်တို့ဟာ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံကြဖို့ ရှိနေပါတယ်။
သမ္မတနဲ့ အတိုက်အခံနိုင်ငံရေးပါတီတွေ ပထမဆုံးအကြိမ်တွေ့ဆုံကြမယ့် ဒီတွေ့ဆုံမှုမှာ စီးပွားရေး၊ နိုင်ငံရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်တွေကို တင်ပြသွားမယ်လို့ တွေ့ဆုံမယ့်အထဲမှာ ပါဝင်တဲ့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပြောပြပါတယ်။
သမ္မတနဲ့ အတိုက်အခံနိုင်ငံရေးပါတီတွေ ပထမဆုံးအကြိမ်တွေ့ဆုံကြမယ့် ဒီတွေ့ဆုံမှုမှာ စီးပွားရေး၊ နိုင်ငံရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်တွေကို တင်ပြသွားမယ်လို့ တွေ့ဆုံမယ့်အထဲမှာ ပါဝင်တဲ့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စုကို စက်တင်ဘာလမှာ လာမည်
ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စုကို စက်တင်ဘာလမှာ လာမည်
ဓာတ်ပုံ-Joe Crowley ၏ဓာတ်ပုံအဖွဲ့မှ ရိုက်ကူးသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ချက်သမ္မတဟောင်းရဲ့ ဂုဏ်ပြုပန်းပေးအပ်
ဒေါ်အောင်ဆန်းစုကြည်ကို ချက်သမ္မတဟောင်းရဲ့ ဂုဏ်ပြုပန်းပေးအပ်
Photo: The Official Website of Václav Havel
ချက်သမ္မတဟောင်း Mr. Vaclav Havel
လယ်သမားတွေကို ဆန္ဒပြခွင့်ပြု
လယ်သမားတွေကို ဆန္ဒပြခွင့်ပြု
RFA
ဘင်္ဂါလီ ရိုဟင်ဂျာအရေး သမ္မတပြောကြားချက် ပြန်လည်ရုပ်သိမ်းပေးဖို့ ARU တောင်းဆို
ဘင်္ဂါလီ ရိုဟင်ဂျာအရေး သမ္မတပြောကြားချက် ပြန်လည်ရုပ်သိမ်းပေးဖို့ ARU တောင်းဆို
2012-07-17
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့တဲ့ ကုလသမဂ္ဂ အရာရှိကြီးတစ်ယောက်ကို ဘင်္ဂါလီ ရိုဟင်ဂျာ အရေးကိစ္စနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ မှတ်ချက်ကို ပြန်လည် ရုပ်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်ကို ARU ခေါ် နိုင်ငံတကာ ရိုဟင်ဂျာအဖွဲ့က တိုက်တွန်းတောင်းဆို လိုက်ပါတယ်။အာဇာနည်နေ့ အခမ်းအနားတွေ ပိတ်ပင်ခံနေရ
အာဇာနည်နေ့ အခမ်းအနားတွေ ပိတ်ပင်ခံနေရ
မြန်မာနိုင်ငံတ၀ှမ်းမှာ ဇူလိုင်လ ၁၉ ရက်နေ့ ကျင်းပမယ့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ချီတက်အလေးပြု လွမ်းသူ့ပန်းခွေချမယ့် အစီအစဉ်တွေကို အာဏာပိုင်တွေက တားဆီး ပိတ်ပင်နေတယ်လို့ သတင်းရရှိပါတယ်။
AFP
Subscribe to:
Posts (Atom)