Thursday, July 19, 2012

ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကလေးဦးရေ ၂၀၀ ကျော် သွေးလွန်တုပ်ကွေး ရောဂါဖြင့် ဆေးကုသမှုခံနေရ

မိုးတွင်း ကာလများတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေး ရောဂါသည် ကူးစက်ပြန့်ပွားမှု ရှိခြင်းကြောင့် ဇူလိုင်လ ဒုတိယပတ်အတွင်း ဘားအံပြည်သူ့ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြင့် တက်ရောက်ကုသနေသူ ကလေးဦးရေမှာ ၂၀၀ ကျော်ခန့် ရှိနေကြောင်း သတင်းရရှိသည်။

“မနှစ်ကဖြစ်ပွားခဲ့တဲ့ စာရင်း ဇယားနဲ့ ယှဉ်မယ်ဆိုရင်တော့နည်းတယ်လို့ ဆိုနိုင်ပေမယ့် အသေအပျောက် စာရင်းကတော့ ဒီဘက်နှစ်မှာ အတော်လေး လျော့နည်းလာတာ တွေ့ရှိရပါတယ်။ ဆေးရုံမှာ သွေးလွန်တုပ်ကွေး ရောဂါနဲ့ တက်ရောက်ကုသနေတဲ့ ကလေး အားလုံးထက် ဘားအံမြို့နယ်အတွင်း မှာရှိတဲ့ကျေးလက်တောရွာကလာ ရောက်ကုသတာက များပါတယ်”ဟု မြို့ခံကျန်းမာရေး ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

ဘားအံမြို့နယ် တောလက်ကျေး ရွာတွေက အများအားဖြင့် ကရင်လူမျိုးများ နေထိုင်ကြပြီး ရိုးရာဓလေ့အရ ခြေတံရှည်ရှည် ဆောက်ပြီးနေထိုင်ကြသလို၊ အိမ်ခြေရင်းတိုင်းမှာလည်း ခြေဆေးကန်ငယ်လေးတွေ ပြုလုပ်ထား ကြတဲ့အတွက် ခြင်တွေ အလွယ်တကူ ရှင်သန်ပေါက်ပွားနိုင်တာ တွေ့ရှိရပါတယ်
သွေးလွန်တုပ်ကွေး ရောဂါသည် မိုးတွင်းကာလများတွင် ဖြစ်ပွားလေ့ရှိရာ နေရာဒေသမရွေး ဖြစ်ပွားလေ့ရှိကြောင်း၊ မိမိပတ်ဝန်းကျင် နေရာများ၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုရှိပါက အလွယ်တကူ ကူးစက်ပြန့်ပွားလေ့ရှိကြောင်း၊ ယင်းအတွက် မိုးများပြီးခြင် ပိုမိုပေါက်ပွားတတ်သော နေရာ၊ လူနေထူထပ်သည့် နေရာများတွင် အဓိက ပစ်မှတ်ထားကာ ဖုံး၊ သွန်၊ လဲ စနစ်နှင့် ဆေးမှုတ်၊ ဆေးဖျန်း ခြင်းတို့ဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပေးရန် လိုကြောင်း သိရှိရပါသည်။
“ဘားအံမြို့နယ် တောလက်ကျေး ရွာတွေက အများအားဖြင့် ကရင်လူမျိုးများ နေထိုင်ကြပြီး ရိုးရာဓလေ့အရ ခြေတံရှည်ရှည် ဆောက်ပြီးနေထိုင်ကြသလို၊ အိမ်ခြေရင်းတိုင်းမှာလည်း ခြေဆေးကန်ငယ်လေးတွေ ပြုလုပ်ထား ကြတဲ့အတွက် ခြင်တွေ အလွယ်တကူ ရှင်သန်ပေါက်ပွားနိုင်တာ တွေ့ရှိရပါတယ်” ဟုဘားအံမြို့ပေါ် GP ဆေးခန်းတစ်ခုမှ ဆရာဝန်တစ်ဦးက သုံးသပ်ပြောဆိုပါသည်။
ဘားအံမြို့ပေါ် ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေး ရောဂါများ ကူးစက် ပြန့်ပွားမှုမရှိစေရန် ဖုံး၊ သွန်၊ လဲ စနစ်ဖြင့် ပိုးလောက်လန်းများ နှိမ်နင်းခြင်းနှင့် ရောဂါမဖြစ်ပွားစေရန် ဆေးမှုတ်၊ ဆေးဖျန်းခြင်းလုပ်ငန်းများကို ဒေသခံကျန်းမာရေး ၀န်ထမ်းများနှင့် မာဃလူမှုကူညီရေး အဖွဲ့ဝင်များမှ စဉ်ဆက်မပြတ် ကူညီဆောင်ရွက်လျက် ရှိနေကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။