Wednesday, August 8, 2012

ကျောက်တော်မြို့နယ်မှာ မီးရှို့မှုဆက်လက်ဖြစ်ပွား



2012-08-07
ရခိုင်ပြည်နယ် ကျောက်တော်မြို့ရဲ့ တောင်ဘက် မိုင်(၂၀) အကွာက အိမ်ခြေ (၁၅၀) ခန့်ရှိတဲ့ အင်ဘာရီရွာမှာ ဒီကနေ့ မနက် (၁၁) နာရီလောက်က နေအိမ်မီးရှို့မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး နေအိမ် (၁၀၀) ကျော်ခန့် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်အရေး အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ရန် မလိုဟု ဒေါက်တာ အေးမောင်ပြော


ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း မလိုကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောသည်။


စတီးစတုန်း ကုမ္ပဏီနဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီး မြေဧကပေါင်း ၈၀၀ ကို သိမ်းယူလိုက်ကြ လယ်အသိမ်းခံရသူ လယ်သမား



ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်ကို ထပ်မံသွားရောက်



တရုတ်ငွေဈေးနှင့်အတူ လိုင်စင်မဲ့ဆိုင်ကယ်တန်ဖိုးမြင့်တက်


တရုတ်ငွေဈေးအနည်းငယ်တက်မှုကြောင့် ပြင်ဦးလွင်မြို့တွင် လိုင်စင်မဲ့ဆိုင်ကယ်ဝယ်လိုအားမရှိသော်လည်း ဈေးနှုန်းမြင့်တက် လျှက်ရှိကြောင်း ဆိုင်ကယ်ပွဲစားများထံက သိရသည်။

အရစ်ကျ ငွေပေးစနစ်ဖြင့် ရောင်းချသော မိုဘိုင်းဖုန်း ၀ယ်ယူသူနည်းပါးသောကြောင့် ငွေပေးသွင်းရမည့်နှုန်းများပြင်ဆင်


အစိုးရဝန်ထမ်းများအား အရစ်ကျငွေပေးချေစနစ်ဖြင့် ချထားပေးလျှက်ရှိသော မိုဘိုင်းဖုန်းများအား ၀ယ်ယူသူနည်းပါးသောကြောင့်စက်တင်ဘာလဆန်းပိုင်းမှစ၍ ငွေပေးသွင်းရမည့် နှုန်းထားများအား လစာအလိုက် လျှော့ချသတ်မှတ်လိုက်ကြောင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။

မီတာတပ်ဆင်ရာတွင် ပိုမိုပေးဆောင်နေရသောကြောင့် စိန်ကမ်းလန့်ရွာသားများဝေဖန်


ပဲခူးတိုင်းဒေသကီးမင်းလှမြို့ စိန်ကမ်းလန်ကျေးရွာတွင် လျှပ်စစ်မီးရရှိရန် မီတာလျှောက်ထားသူများအနေဖြင် သတ်မှတ်နှုန်းထားထက် ပိုမိုပေးဆောင်နေရသောကောင်ဝေဖန်မများရှိလာကြောင်း ဒေသခံများထံက သိရှိရသည်

မိုးခေါင်၍ရွှေဘိုခရိုင်တွင် မိုးကြိုစပါးထွက်နှုန်း သိသိသာသာကျဆင်း


စစ်ကိုင်းတိုင်းဒေသကီး ရေဘိုခရိုင် ဝက်လက်မြို့နယ်တွင် မိုးခေါင်၍ ဆည်ရေအားကိုး စိုက်ပျိုးသည်   တောင်သူ အနည်းငယ်သာရှိသည်အတွက် ယခင်နှစ်များထက် မိုးကိုစပါး ထွက်နန်း သိသိသာသာလျော့နည်းလာကြောင်း သိရှိရသည်

အဆိုပါဒေသတွင် မိုးခေါင်သောကောင့် လယ်သမားများ မိုးကိုစပါးစိုက်ပျိုးချိန် နောက်ကျခဲ့ရပီး ပျိုးကြဲချိန်တွင်လည်း မျိုးစပါးများကွက်စားခံရသောကာင့် ရေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ယခုကဲသိုစပါးထွက်နန်းလျော့နည်းလာခြင်းဖြစ်သည်

ထုတ်ဝေခွင့်ရပ်ဆိုင်းခဲ့သည့် သတင်းဂျာနယ်(၂)စောင်အား စီစစ်ရေးက ပြန်လည်ခွင့်ပြု


အကန်အသတ်မရှိ ထုတ်ဝေခွင်အပိတ်ပင်ခံထားရသော သတင်းဂျာနယ်နှစ်စောင်အား သဂုတ်လ(၆) ရက်နေတွင် စာပေစီစစ်နှင်မှတ်ပုံတင်ဌာနက ပြန်လည်ထုတ်ဝေခွင်ပြုလိုက်ပီဖြစ်သည်

ဗောဓိရေကာတာမှာ အခြားအန္တရာယ်မကြုံရပါက စိုးရိမ်ဖွယ်မရှိဟုအင်ဂျင်နီယာရုံးမှ တုံ့ပြန်


င၀န်မြစ်ရေသည် ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့တွင်စိုးရိမ်ရေမှတ်အထက် (၂)ပေ ကျော်လွန် နေသဖြင့်   မြို့အနီးရှိ ဗောဓိရေကာတာကျိုးပေါက်မည်ကို ငါးသိုင်းချောင်းမြို့ခံများ စိုးရိမ်ထိတ်လန့်နေ ကြသည်။

ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့အနီးရှိ အရှည် ၇၄ မိုင်ရှိသောင၀န်မြစ်ထိန်း ဗောဓိရေကာ တာတွင် ရေများပြည့်နေပြီး တာအား ၂၄ နာရီစောင့်ကြပ်ကြည့်ရှုနေရသည့် အနေအထားသို့ ရောက်ရှိနေသည်။

ကားနှင့်ပတ်သက်သော ဘာသာရပ်ဆိုင်ရာတက္ကသိုလ် ဂျပန်နှင့်ပူးပေါင်းဖွင့်လှစ်မည်


သိပ္ပံနှင့်နည်းပညာဝန်ကီးဌာနက ဂျပန်ကားကုမလီမိတက်( Japan car co.ltd ) နှင့် ပူးပေါင်းရန်ကုန်မြို့တွင် ကားနှင့်ပတ်သတ်သည့်ဘာသာရပ်ဆိုင်ရာတက္ကသိုလ်တစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်

ရခိုင် စာသင်ကျောင်းများ ပြုပြုရေး ဂီတရန်ပုံငွေပွဲ ကျင်းပမည်

ရန်ကုန် (မဇ္ဈိမ)။   ။ ရခိုင်ပြည်နယ်တွင်း လူမှုအဖွဲ့ပဋိပက္ခများကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းများ
ပြန်လည်ပြုပြင်ရေးနှင့် သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ရေး အတွက် ရန်ပုံငွေ စင်တင် တေးဂီတပွဲ တခုကို သြဂုတ်လ ၁၉ ရက်နေ့တွင် အမျိုးသား ကဇာတ်ရုံ၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။

ပြန်ကြားရေး ဝဘ်ဆိုဒ်တွင် ဟက်ကာတို့ ခြိမ်းခြောက်စာ ဝင်ရေးသွား

ရန်ကုန် (မဇ္ဈိမ) ။        ။ ပြန်ကြားရေးဝန်ကြီးဌာန၏ အင်တာနက် ဝဘ်ဆိုက် စာမျက်နှာအား အင်္ဂါနေ့နံနက်မှ စတင်၍ ဟက်ကာများက ဝင်ရောက်တိုက်ခိုက်ကာ ခြိမ်းခြောက်စာများ ရေးသားခဲ့ပြီး ဝက်ဆိုဒ်မှာ နာရီအတော်ကြာ ဝင်ရောက်
ကြည့်ရှုမရဘဲ ဖြစ်သွားခဲ့ရသည်။
imfo

ရခိုင်ဒုက္ခသည်များအတွက် ကိုရီးယားမှ ဒေါ်လာ နှစ်သိန်းခွဲဖိုး လှူဒါန်း

ရန်ကုန် (မဇ္ဈိမ) ။       ။ ရခိုင်ဒေသတွင်းရှိ ဒုက္ခသည်များအတွက် တောင်ကိုရီးယားအစိုးရမှ အမေရိကန်ဒေါ်လာ ၂၅ဝ,ဝဝဝ တန်ဖိုးရှိ ယာယီတဲအိမ် အလုံး ၇ဝဝ နှင့် တာပေါ်လင် ၇ဝဝ ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံး (UNHCR) သို့ အင်္ဂါနေ့က လှူဒါန်းလိုက်သည်။

ညောင်လေးပင်နှင့် ကဝမြို့နယ် စပါးစိုက်ဧက တသောင်းကျော် ရေနစ်မြုပ်

ချင်းမိုင်(မဇ္စျိမ) ။       ။ မိုးများ အဆက်မပျက် ရွာသွန်းမှုကြောင့် ပဲခူးတိုင်း၊ ညောင်လေးပင်နှင့် ကဝမြို့နယ်တို့ရှိ စပါးစိုက်ဧက သောင်းနှင့်ချီ၍ ရေနစ်မြုပ်လျက်ရှိကာ ပျက်စီးဆုံးရှုံးကုန်မည်ကို လယ်သမားများက စိုးရိမ်ပူပန်လျက် ရှိကြသည်။

ညောင်လေးပင်မြို့နယ်မှာပင် ကျေးရွာ ၂ဝ ကျော်မှ စပါးစိုက်လယ်ဧက ၁ဝ,ဝဝဝ ကျော် ရေနစ်မြုပ်နေသည်ဟု လယ်သမားတဦးက ပြောသည်။ 

နယ်ခြားစောင့်တပ်အဖြစ် လက်ခံရန် ‘မူ’ မရှိဟု ALP ပြော

စံခလပူရီ (မဇ္ဈိမ) ။       ။ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP အနေဖြင့် နယ်ခြားစောင့်တပ် BGF အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် သဘောထား မရှိကြောင်း ALP ဒု-ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင် က ပြောကြားလိုက်သည်။

အင်ဒို လွှတ်တော်မှ ရိုဟင်ဂျာအရေး လေ့လာရေးအဖွဲ့ စေလွှတ်ရန်စီစဉ်

နယူးဒေလီ (မဇ္ဈိမ)။   ။ ကမ္ဘာ့ မူဆလင် လူဦးရေ အများဆုံး နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ပြည်သူ့လွှတ်တော်
မှ ကိုယ်စားလှယ်အဖွဲ့တဖွဲ့အား မြန်မာပြည်ရှိ ရိုဟင်ဂျာ မူဆလင်များအရေး သွားရောက်လေ့လာရန် ရွေးချယ်စေ
လွှတ်မည်ဟု သိရသည်။

 လှိုင်သာယာမြို့နယ် ကုလားကြီးစုကျေးရွာတွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေ


78f
လှိုင်သာယာမြို့နယ်၊ ကုလားကြီးစုကျေးရွာတွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး လမ်းများပေါ်သို့ရေလွှမ်းခြင်း၊ နေအိမ်များအတွင်းသို့ ရေလွှမ်းခြင်းများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

 ဈေးရောင်းချခြင်းမပြုရန် တားမြစ်ခံရသည့် ဈေးသည်များ လှုပ်ရှားမှုပြုလုပ်ခဲ့သည့်အတွက် ထိန်းသိမ်းခံရ


အင်းစိန်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ အင်းစိန်ပန်းခြံအနီးတွင် ရောင်းချနေသော လမ်းဘေး ဈေးရောင်းသူများကို ဈေးရောင်းချခြင်း မပြုရန် တားမြစ်မှုများ ပြုလုပ်ခဲ့သည့်အပေါ် အဆိုပါ ဈေးသည်များမှ လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့်အတွက် သက်ဆိုင်ရာမှ ဈေးသည်များကို ခေါ်ယူထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။

 သြဂုတ်လ ၈ ရက်တွင် ကျရောက်မည့် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို ပြည်ထောင်စုအစိုးရမှ ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောကြား



88soethein
ပြည်ထောင်စုဝန်ကြီး နှစ်ဦးဖြစ်သော စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့သည် ယနေ့( သြဂုတ်လ ၇ ရက်) ညနေ ၄ နာရီ မိနစ် ၃၀ ခန့်က ၈၈၈၈ အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားအတွက် ပြင်ဆင်နေချိန်တွင် အခမ်းအနားကျင်းပမည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်သို့ ရောက်ရှိလာကြကာ ကျောင်းထိုင်ဆရာတော်များကို ဂါရ၀ပြုပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ၏ facebook စာမျက်နှာတွင် ပုံနှင့်တစ်ကွ ဖော်ပြခဲ့သည်။

မြန်မာ့မီဒီယာလွတ်လပ်ခွင့် RSF စိုးရိမ်

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ဆင်ဆာအဖွဲ့က ထုတ်ဝေခွင့်ပိတ်ပင်ထားတဲ့ သတင်းစာစောင်နှစ်ခုကို အခုတော့ ထုတ်ဝေခွင့် ပြန်ခွင့်ပြုလိုက်ပါပြီ။ အပိတ်ခံထားရတဲ့ သက်ဆိုင်ရာ ဂျာနယ်တွေရဲ့ အယ်ဒီတာတွေကို ကိုးကားပြီး ပြည်တွင်းက လာတဲ့ ရိုက်တာသတင်းတပုဒ်မှာ အဲဒီလိုဖော်ပြထားတာဖြစ်ပါတယ်။ ဒီလို ပြန်ရုပ်သိမ်းလိုက်တဲ့ 

ဒေါ်အောင်ဆန်းစုကြည်ကို တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တင်မြှောက်



2012-08-07
နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့မှာ တရား ဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီသစ်ကို ဖွဲ့စည်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် တင်မြှောက်လိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ၀င်ရောက် ဆွေးနွေးနေစဉ်။

လူမျိုး ဘာသာ မခွဲခြားဖို့ ပြင်သစ်အစိုးရတိုက်တွန်း



2012-08-06
လူမျိုးဘာသာ အဆင့်အတန်း မခွဲခြားဘဲ အရပ်ဘက် တိုင်းရင်းသား အားလုံးကို ကာကွယ် စောင့်ရှောက်မှုပေးဖို့ ပြင်သစ်နိုင်ငံ အစိုးရက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ ရခိုင်တိုင်းရင်းသားတွေ အကြမ်းဖက်မှု ထပ်မံ ဖြစ်ပွားတဲ့ သတင်းတွေ မနေ့က ထွက်လာပြီးတဲ့နောက် အဲဒီလို တိုက်တွန်းလိုက်တာပါ။

TAA လေကြောင်းလိုင်း ပုဂံနှင့်နေပြည်တော် တိုးချဲ့ပျံသန်းဖို့ရှိ



2012-08-06
ထိုင်းနိုင်ငံက (TAA) Thai Air Asia လေကြောင်းလိုင်းဟာ ပုဂံနဲ့ နေပြည်တော်ကို တိုးချဲ့ပျံသန်းဖို့ အဖက်ဖက်က အဆင်သင့် ရှိနေပေမဲ့ ပုဂံလေဆိပ်ရော နေပြည်တော် လေဆိပ်ပါ အဆင့်မြှင့်ဖို့ လိုအပ်နေသေးတဲ့အတွက် မစတင်နိုင်သေးဘူးလို့ TAA အမှုဆောင် အရာရှိချုပ် Tassapon ကပြောကြား လိုက်ပါတယ်။

ခရစ်ယာန်အရေး အရင်ဆုံးဖြေရှင်းပေးဖို့ အင်ဒိုနီးရှားအစိုးရကို တိုက်တွန်း



2012-08-06
မြန်မာပြည်က မွတ်ဆလင် ရိုဟင်ဂျာတွေအရေးကို ၀င်ရောက် မစွက်ဖက်ခင် အင်ဒိုနီးရှားက ဖိနှိပ်ခံနေရတဲ့ ခရစ်ယာန်တွေရဲ့ အရေးကို အရင်ဆုံး ဖြေရှင်းပေးပါလို့ အင်ဒိုနီးရှားနိုင်ငံက ခရစ်ယာန်တွေက အစိုးရကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

တူရကီဝန်ကြီးချုပ် ဇနီးနှင့်အဖွဲ့ မြန်မာနိုင်ငံသွားမည်



2012-08-06
တူရကီနိုင်ငံ ၀န်ကြီးချုပ်ရဲ့ဇနီးနဲ့ သမီးတို့ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေကို အကူအညီပေးဖို့ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။