မြေတွေကို စတီးစတုန်း ကုမ္ပဏီနဲ့ သက်ဆိုင်ရာ ကျေးရွာ ရ.ယ.က ထန်းတပင်မြို့နယ် မ.ယ.က တို့နဲ့ ပူးပေါင်းပြီး ၂၀၀၅ ခုနှစ်မှ စတင်ပြီး မြေ ဧကပေါင်း
၈၀၀ ကို သိမ်းယူ ခဲ့ကြတယ်လို့ သိရပါတယ်။ သိမ်းယူထားတဲ့ မြေနေရာတွေကို မြေဖို့လိုက်တာကြောင့် လှည်းလမ်းတွေ ပျက်စီးသွားတဲ့အတွက် လှည်းလမ်း
ပြန်လည်ဖောက်တဲ့ ရွာသား ၁၃ ဦးကိုလဲ စတီးစတုန်း ကုမ္ပဏီက အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇နဲ့ ထန်းတပင်မြို့နယ် တရားရုံးမှာ စွဲချက် တင်ထားတဲ့အတွက်
တရား ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ အခုလို ဖြစ်နေတဲ့ ပြဿနာတွေနဲ့ သချိုင်္င်းမြေ ပြန်လည် ထားရှိပေးဖို့ စားကျက်မြေတွေ ပြန်လည် ရရှိဖို့ အတွက်
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ၂၀၁၂ ခုနှစ် ဧပြီလ ကတည်းက အသနားခံစာ တင်သွင်း လျှောက်ထားပေမယ့် တစုံတရာ အကြောင်း ပြန်ကြားခြင်း
မရှိသေးဘူးလို့ သိရှိရပါတယ်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။