Wednesday, August 8, 2012

မိုးခေါင်၍ရွှေဘိုခရိုင်တွင် မိုးကြိုစပါးထွက်နှုန်း သိသိသာသာကျဆင်း


စစ်ကိုင်းတိုင်းဒေသကီး ရေဘိုခရိုင် ဝက်လက်မြို့နယ်တွင် မိုးခေါင်၍ ဆည်ရေအားကိုး စိုက်ပျိုးသည်   တောင်သူ အနည်းငယ်သာရှိသည်အတွက် ယခင်နှစ်များထက် မိုးကိုစပါး ထွက်နန်း သိသိသာသာလျော့နည်းလာကြောင်း သိရှိရသည်

အဆိုပါဒေသတွင် မိုးခေါင်သောကောင့် လယ်သမားများ မိုးကိုစပါးစိုက်ပျိုးချိန် နောက်ကျခဲ့ရပီး ပျိုးကြဲချိန်တွင်လည်း မျိုးစပါးများကွက်စားခံရသောကာင့် ရေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ယခုကဲသိုစပါးထွက်နန်းလျော့နည်းလာခြင်းဖြစ်သည်

“ အရင်ကစပါးတင်း (၁ဝဝ)ကိတ်ရင် ဆန်တင်း(၄ဝ)လောက်ရတယ် အခု တင်း(၂ဝ-၂၅)ပဲရ တောတယ် မိုးခေါင်တော့   မေဆီဘယ်လောက်ပက်က် စပါးက အားမရှိဘူး ဒီနှစ်ဆည်ရေကိုပဲ အားကိုးပီးစိုက်ရတယ် ’’ ဟု ဝက်လက်မြို့နယ် မန်ကျီးတုန်ကျေးရွာမှ လယ်သမားတစ်ဦးက ပောသည်

ဝက်လက်နယ်တွင် စပါးပေါ်ချိန်တွင်လည်း ဈေးမကောင်းသောကောင့် တောင်သူများ အကြပ်ရိုက်နေကောင်း လှတေရွာမှ တောင်သူတစ်ဦးက ယခုကဲသိုဆိုသည်

“ ရောင်းစားရင်လည်း တောင်သူစရိတ်နဲဆို တွက်ခေမကိုက်ဘူှးုံးမှာ မိုးမရွာလို စပါး အထွက်နည်းတယ်၊ ကွက်ကျလို ကူလီစရိတ် ပိုကုန်တယ်၊ နောကစပါးဈေးက ဆင်ပါးစပ်နှမ်းပတ်သလောက်ရှိတာဆိုတော့ တောင်သူတွေကာရင် ဆည်ရေထဲငါးမျှားရတော့မယ့် ကိန်းဆိုက်နေပြီ’’ ဟု လယ်သမားဦးဘမှုံက လှတောလေသံဖြင်ပြောသည်

လွန်ခဲ့သောနှစ်တွင် ဧရာမင်းစပါးတင်း(၁ဝဝ)အား ၅သိန်းခွဲ၆သိန်းထိရှိသော်လည်း ယခုနှစ်တွင် ကျပ်၅သိန်းဝန်းကျင်သာ   ဈေးရကောင်းတောင်သူများထံက သိရှိရသည်

စပါးဈေးနည်းသောကောင့် ဈေးတက်လာမည့်အချိန်ကိုသာ တောင်သူများက စောင့်ဆိုင်းနေရသည်အတွက် စပါးပေါ်ပေး ပေးထားသော အကွေးရှင်များအနေဖြင်နစ်နာမရှိကောင်း ဒေသခံများက ဆိုသည်

လက်ရှိအချိန်တွင် ဝက်လက်မြို့နယ်မှ တောင်သူလယ်သမားများအနေဖြင် မိုးခေါင်သော်လည်း မိုးကိုစပါးရိတ်သိမ်းပီး ဆည်ရေအားကိုးကာ ကောက်ကီးစပါးထပ်မံစိုက်ပျိုးနေကြသည်

“ ပွဲစားက ၅သိန်းတောင် မပေးချင်ဘူးစပါးဈေးမကောင်းမှတော့ ဘယ်သူမှရောင်းမယ့် လူမရှိဘူး၊ ရောင်းလဲရှုံးမှာလေ    ဈေးတက်လာပဲစောင့်ရတယ်၊ ဒီနှစ်ထဲတောင်သူတွေ ရာသီဥတုဖောက်ပန်လို တော်တော်ဒုက္ခ ရောက်တယ်၊ ကျုပ်တို့မွေးကတည်းက တောင်သူလုပ်လာတာဆိုတော့ ရှုံရှုံးမြတ်မတ် တောင်သူပဲလုပ်ရမှာပဲ” ဟု ပင်းဇင်းကျေးရွာမှ တောင်သူဒေါ်ခင်ဆန်းက ဆိုသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။