Wednesday, August 8, 2012

ကားနှင့်ပတ်သက်သော ဘာသာရပ်ဆိုင်ရာတက္ကသိုလ် ဂျပန်နှင့်ပူးပေါင်းဖွင့်လှစ်မည်


သိပ္ပံနှင့်နည်းပညာဝန်ကီးဌာနက ဂျပန်ကားကုမလီမိတက်( Japan car co.ltd ) နှင့် ပူးပေါင်းရန်ကုန်မြို့တွင် ကားနှင့်ပတ်သတ်သည့်ဘာသာရပ်ဆိုင်ရာတက္ကသိုလ်တစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်

“ အဲဒီ့လူတွေကတတ်ပီဆိုရင် ဂျပန်ကားကုမ္ပဏီတွေက လာရွေးလိုရှိရင်နိုင်ငံခြားထွက်တဲ့ အခါမှာ ဂျပန်  work shopရှိတဲ့နေရာအားလုံးလုပ်လိုရတယ်၊ အဲဒီ့ဘွဲက အစိုးရ အသိအမှတ်ပြုတဲ့ဘွဲပဲ၊ နေရာကတော့သိပံ္ပ နဲနည်းပညာ ဝန်ကီးဌာနရဲ အောက်မှာပဲ ဘယ်အပိုင်းက ပါရမလဲဆိုတာမသိသေးဘူး၊ ဒါပေမယ့် ကျွန်တော်တိုသည် ကားအကောင်း ကိုပဲလုံးဝသီးသန်သင်မယ့် သင်တန်းပါ’’ ဟုဂျပန်ကားကုမ္ပဏီလီမိတက်မှဒါရိုက်တာဦးတင်အောင်မြင့်က ပြောသည်

အဆိုပါ တကသိုလ်တက်ရောက်ချိန်သည် ၄ နှစ်ကာမြှင့်မည်ဖြစ်ပီးကားဒီဇိုင်းရေး ဆွဲနည်း ကားတည်ဆောက်နည်းများအပြင် ကားနှင့်ပတ်သက်သည့်ဥပဒေများကိုပါ သင်ကားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်

အဆိုပါတကသိုလ်မှ ဘွဲ့ရရှိပါက နိုင်ငံတကာတွင်ရှိသော ဂျပန်ကား work shopရှိသည့်နေရာ မှန်သမျှတွင် ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်ေးကောင်းသိရသည်

‘’ လေးနှစ်သင်ပြီးမှ ဘွဲရတာ၊ ဘွဲပီးရင် မာစတာကို ဂျပန်မှာတက်တယ်၊ဒေါက်တာအထိရှိတယ်၊ အဲဒီ့အထိသွားတာ’’ ဟုဦးတင်အောင်မြင့်ကပြောသည်

လက်ရှိအချိန်တွင်သိပ္ပံနှင့်နည်းပညာဝန်ကီးဌာနနှင့်အသေးစိတ်အချက်အလက်များကိုဆွေးနွေးတိုင်ပင်နေဆဲဖြစ်ကောင်း တကသိုလ်ဖွင့်မည်ကိုသဘောတူပီးသွားပီဖြစ်ကောင်း သိရှိရသည်

အသေးစိတ်အချက်အလက်များဆွေးနွေးပြီးပါက စတင်အကောင်အထည်ဖော်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကောင်း ဂျပန်ကားကုမ္ပဏီလီမိတက်မှ ဥက္ကဌဖြစ်သူ မစ္စတာကာဇူဟီဇာ အီဝါမိုတို ကပြောသည်

“ ဒီလို တကသိုလ်မျိုးတွေ အစောကီးကတည်းက ပေါ်လာခဲ့သင့်တာ၊ ကျွန်တော်ကကားဒီဇိုင်းဆွဲရတာတွေနဲ ပတ်သတ်ပီး အရမ်းစိတ်ဝင်စားတာ၊ ဒါပေမယ့် နောက်လာမယ့်သူတွေအတွက်တော့ ကောင်းတာပေါ့၊ တစ်ခြား ဒီလိုမျိုးကျောင်းတွေပိုပီး   ပေါ်လာရင် လူငယ်တွေလဲ သူတိုဝါသနာပါတဲ့ကျောင်းကိုတက်ခွင့်ရကမှာပါ၊ အခုက ဝါသနာကတစ်ခြား သင်နေရတာကတစ်ခြားတွေဖြစ်နေကြတယ်ဟုရေကြောင်း တကသိုလ်တွင်ပညာသင်ကြားနေသော    ကျောင်းသားတစ်ဦးကပြောသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။