ပြည်တွင်းရွှေဈေးနှုန်းများမှာ လွန်ခဲ့သောနှစ်ပတ်ကထက် ရွှေတစ်ကျပ်သားလျှင် ကျပ် ခုနှစ်ထောင်ဝန်းကျင် မြင့်တက်လာသော်လည်း အရောင်းအဝယ်လျော့ကျသွားခြင်းမရှိကြောင်း ရန်ကုန်မြို့ရှိ ရွှေကုန်သည်ကြီးများက ဆိုသည်။
Friday, August 3, 2012
အချိုရည်နှင့်အားဖြည့်အချိုရည်များအား တစ်ပတ်(၂)ဗူးသာ သောက်သုံးသင့်
အချိုရည်နှင့် အားဖြည့်အချိုရည်များအား အလွန်အကျွံသောက်သုံးခြင်းဖြင့်အရိုးပါး ရောဂါ ၊ဆီးလမ်းကြောင်းကျောက်တည် သည့် ရောဂါ၊ဆီးချိုနှင့်အဝလွန်ရောဂါများပါဖြစ်ပေါ်လာနိုင်ကြောင်း ဆရာဝန်များထံကသိရှိရသည်။
ကန်ကြီးထောင့်မြု့နယ်တွင် သြဂုတ်လ(၁)ရက်နေ့က တာကျိုးပေါက်မှုတစ်ခုဖြစ်ပွား
![]()
လွန်ခဲ့သည့်မေလအတွင်းက အပြီးသတ် တည်ဆောက်ခဲ့သည့် ကန်ကြီးထောင့်မြို့နယ်ရှိ ဒါးကမြို့နှင့် မန္တလေးကုန်းကျေးရွာသို့ ဆက်သွယ်ဖေါက်လုပ် ထားသည့် အရှည်ပေ(၃ရ၀၀) ကျော်ရှိသသည့် ကျေးရွာချင်းဆက် မြေသားရေထိန်းတာတမံတစ်ခု သြဂုတ်လ(၁)ရက်နေ့ နံက်ပိုင်းက ဒါးကမြစ်ရေကြီးမှုကြောင့် တာအလည်ခန်မှ နေ၍ အကျယ်ပေ(၁၆၀)ခန်ကျိုးပေါက်သွားကြောင်း သိရှိရသည်။
|
ပူတာအို ဆန်ပြတ်
ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းမှာ ဆန်စပါးပြတ်လပ်နေတာကြောင့် ဆန်တပြည်ကို ကျပ် ၄၀၀၀ နဲ့တောင် ၀ယ်ယူဖို့ မရှိ ဖြစ်နေပါတယ်။ ဒီလို ဆန်ပြတ်လပ်တာဟာ တလကျော်ရှိလာနေပြီး ပြီးခဲ့တဲ့ အပတ်တွေက အစိုးရက ဆန်ကို လေယာဉ်နဲ့ တင်ပို့ပေးနေပေမဲ့လည်း ဒေသခံတွေအတွက် ၀ယ်ယူဖို့ အခက်အခဲတွေ ရှိနေဆဲဖြစ်ပါတယ်။ ဆန်ပြတ်လပ်မှုကြောင့် အချို့ ဒေသခံတွေဟာ ဆန်ပြုတ်သောက်နေကြရ သလို သက်ကြီးရွယ်အို တချို့ အသက်ဆုံးရတာတွေလည်း ရှိနေတယ် လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၈၀ ကျော် ထောက်ပံ့
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးကို အသိအမှတ်ပြု အားပေးတဲ့အနေနဲ့ ကမ္ဘာ့ဘဏ် ကနေပြီးတော့ ဒေါ်လာ သန်း ၈၀ ကျော် ထောက်ပံ့သွားမယ် ဆိုတဲ့အကြောင်းကိုတော့ ကမ္ဘာ့ဘဏ် တာဝန်ရှိ ပုဂ္ဂိုလ်တွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ ဒီနေ့ ရန်ကုန်မြို့က ကမ္ဘာ့ဘဏ် ဌာနေ ရုံးဖွင့် လှစ်ပွဲမှာ ကမ္ဘာ့ဘဏ် ဒု ဥက္ကဋ္ဌ ပဲန်မလာ ကောက်စ် ကနေပြီးတော့ အခုလို ပြောသွားတာ ဖြစ်ပါ တယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ရန်ကုန်မြို့က ဗွီအိုအေ သတင်းထောက် ကိုရဲကျော်အောင်က တင်ပြပေးထားပါတယ်။
တက္ကသိုလ်ပညာ အဆင့်မြင့်ရေး ငွေကြေး လိုအပ်တယ်လို့ မင်္ဂလာမြန်မာပြောဆို
2012-08-02
မြန်မာနိုင်ငံရဲ့ပညာရေး အဆင့်မြင့်လာဖို့ ဆောင်ရွက်တဲ့ နေရာမှာ တက္ကသိုလ် ဆရာ ဆရာမတွေရဲ့ အရည်အချင်း မြှင့်တင်ရေးက တဆင့် ကျောင်းသူ ကျောင်းသားတွေအတွက် သင်ကြားပို့ချတဲ့ အရည်အသွေး ကောင်းလာဖို့ ဆိုတဲ့ပုံစံမျိုးနဲ့ ပထမ ခြေလှမ်းအဖြစ် နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း မင်္ဂလာ
ကုသိုလ်ဖြစ်အဖွဲ့အစည်း အကူအညီရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ အမိန့်ချ
2012-08-02
မြန်မာနိုင်ငံဘက်က နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ Rohingya မူဆလင် ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ နိုင်ငံတကာ ကုသိုလ်ဖြစ် အဖွဲ့အစည်း သုံးခုကို အကူအညီတွေ ရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အမိန့်ချမှတ် လိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက်က ဘင်္ဂလားဒေ့ခ်ျနိုင်ငံ Teknaf ခရိုင်အတွင်းရှိ ရိုဟင်ဂျာ ဒုက္ခသည် နေအိမ်များကို တွေ့ရစဉ်။
အကျဉ်းကျ ထိုင်း ၉ ဦး လက်နက်တွေ ပိုင်ဆိုင်တယ်လို့ ၀န်ခံ
2012-08-02
မြန်မာနိုင်ငံထဲမှာ ဖမ်းဆီးမိထားတဲ့ ထိုင်း ၉၂ ယောက်အနက် ၉ ယောက်က လက်နက်တွေ ပိုင်ဆိုင်တယ်လို့ ၀န်ခံတဲ့အကြောင်း စစ်ဘက် သတင်းရပ်ကွက်က ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ဖော်ပြထားပါတယ်။
ဓာတုပစ္စည်း စက်ရုံတွင် ပေါက်ကွဲမှုဖြစ်
2012-08-02
မကွေးတိုင်း ချောက်မြို့နယ်အတွင်း စက်မှု ၀န်ကြီးဌာန လက်အောက်က အစွန်းချွတ် ဓာတုပစ္စည်း ထုတ်လုပ်ရေး စက်ရုံတစ်ရုံမှာ မနေ့က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ (၆) ယောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
သွင်းကုန်ပိတ်ဆို့ရေး ပြစ်ဒဏ် တစ်နှစ်ထပ်မံ သက်တမ်းတိုး
2012-08-02
မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုက ချမှတ်ထားတဲ့ သွင်းကုန် ပိတ်ဆို့ရေး ပြစ်ဒဏ်ကို တစ်နှစ်ထပ်မံ သက်တမ်းတိုးဖို့ အမေရိကန် လွှတ်တော်က အတည်ပြု လိုက်ပါတယ်။
senate (photo)
အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell က ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့ အမေရိကန် အထက်လွှတ်တော်တွင် မြန်မာနိုင်ငံအကြောင်း ဆွေးနွေး တင်ပြစဉ်။
ရရက်သားသမီးများအတွက် ဗေဒင် (1.8.2012 - 7.8.2012) ဒေါက်တာ
မမျှော်လင့်သောအရာတွေဖြစ်ပေါ်လာမည်။ အထင်လွဲမှားမှုတွေဖြစ်မည်။ အတိုက်အခံတွေကြုံမည်။ ရုတ်တရက်ခရီးများထွက်ဖြစ်မည်။ ရွှေ၊ စက်တို့ ၀င်မည်။ ထွက်မည်။ စီးပွားစပ်တူရှယ်ယာများခွဲထွက်မည်။ လုပ်ရန် စိတ်ကူးရှိပြီးမလုပ်ဖြစ်တာမျိုး ကြုံတတ်သည်။ ကတိပေးပြီးမှ ပျက်ကွက်မှု ဖြစ်မည်။ ခရီးသွားဖြေရသောစာမေးပွဲများအောင်မြင်မည်။ လုပ်ငန်းပြောင်းလဲမှုရွှေ့ ပြောင်းမှုဖြစ်မည်။ မင်္ဂလာစကားပြောရမည်။
အကျိုးပေးဂဏန်း - ၀၊ ၁၊ ၆။
အထူးဟော - အဆိုးပြီးလျှင် အကောင်းဆိုတာလာစမြဲပါ။
ယတြာ - အိမ်ဘုရားကိုတနင်္ဂနွေ နံနက်တွင် အုန်းဆွမ်းကပ်လှူပါ။
တရုတ်သို့ တရားဝင် ဆန်တင်ပို့ခွင့် ဆန်ကုန်သည်ကြီးများအသင်း လိုလား
နယူးဒေလီ (မဇ္ဈိမ) ။ ။ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံဘက်မှ ဆန်များကို တရုတ်နိုင်ငံသို့ တရားဝင် တင်သွင်းခွင့်ကို ဆန်ကုန်သည်ကြီးများအသင်းက လိုလားလျက်ရှိသည်။
နယ်စပ်ကုန်သွယ်ရေးတွင် တရားဝင် ကုန်စည်ဖလှယ်ခွင့် ပြုထားသည့် စာရင်းတွင် ဆန် မပါဝင်၍ မှောင်ခိုလမ်းကြောင်း မှ ဆန်ကုန်သည်များက တရားမဝင် တင်ပို့နေကြရာ ဈေးနှိမ်အဝယ်ခံရခြင်းများနှင့် ကြုံတွေနေကြပြီး တရားဝင် ကုန်သွယ်ခွင့် ရှိစေလိုကြောင်း အသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင် က ပြောသည်။
နယ်စပ်ကုန်သွယ်ရေးတွင် တရားဝင် ကုန်စည်ဖလှယ်ခွင့် ပြုထားသည့် စာရင်းတွင် ဆန် မပါဝင်၍ မှောင်ခိုလမ်းကြောင်း မှ ဆန်ကုန်သည်များက တရားမဝင် တင်ပို့နေကြရာ ဈေးနှိမ်အဝယ်ခံရခြင်းများနှင့် ကြုံတွေနေကြပြီး တရားဝင် ကုန်သွယ်ခွင့် ရှိစေလိုကြောင်း အသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင် က ပြောသည်။
တရုတ်သို့ တရားဝင် ဆန်တင်ပို့ခွင့် ဆန်ကုန်သည်ကြီးများအသင်း လိုလား
နယူးဒေလီ (မဇ္ဈိမ) ။ ။ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံဘက်မှ ဆန်များကို တရုတ်နိုင်ငံသို့ တရားဝင် တင်သွင်းခွင့်ကို ဆန်ကုန်သည်ကြီးများအသင်းက လိုလားလျက်ရှိသည်။
နယ်စပ်ကုန်သွယ်ရေးတွင် တရားဝင် ကုန်စည်ဖလှယ်ခွင့် ပြုထားသည့် စာရင်းတွင် ဆန် မပါဝင်၍ မှောင်ခိုလမ်းကြောင်း မှ ဆန်ကုန်သည်များက တရားမဝင် တင်ပို့နေကြရာ ဈေးနှိမ်အဝယ်ခံရခြင်းများနှင့် ကြုံတွေနေကြပြီး တရားဝင် ကုန်သွယ်ခွင့် ရှိစေလိုကြောင်း အသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင် က ပြောသည်။
နယ်စပ်ကုန်သွယ်ရေးတွင် တရားဝင် ကုန်စည်ဖလှယ်ခွင့် ပြုထားသည့် စာရင်းတွင် ဆန် မပါဝင်၍ မှောင်ခိုလမ်းကြောင်း မှ ဆန်ကုန်သည်များက တရားမဝင် တင်ပို့နေကြရာ ဈေးနှိမ်အဝယ်ခံရခြင်းများနှင့် ကြုံတွေနေကြပြီး တရားဝင် ကုန်သွယ်ခွင့် ရှိစေလိုကြောင်း အသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင် က ပြောသည်။
ကျူးကျော်နေအိမ်များ မြန်မာ့မီးရထားက ထပ်မံဖယ်ရှား
ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာ့မီးရထားပိုင် နယ်မြေအတွင်းမှ ကျူးကျော် လူနေအိမ်များကို ဖယ်ရှားမှုများ ဆက်တိုက်
ပြုလုပ်လျက်ရှိရာ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ ဈေးဆိုင်ခန်းများနှင့် တွဲလျက်ရှိသော လူနေအိမ် ၁ဝ လုံးကိုလည်း ဗုဒ္ဒဟူးနေ့တွင် အိမ်ရှင်များက ဖျက်သိမ်းပေးလိုက်ရသည်။
ပြုလုပ်လျက်ရှိရာ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ ဈေးဆိုင်ခန်းများနှင့် တွဲလျက်ရှိသော လူနေအိမ် ၁ဝ လုံးကိုလည်း ဗုဒ္ဒဟူးနေ့တွင် အိမ်ရှင်များက ဖျက်သိမ်းပေးလိုက်ရသည်။
၈၈ ပတ်သက်သည့် လွှတ်တော်အတွင်း ဆွေးနွေးမှု ဦးရွှေမန်းတားမြစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက မလိုလား အပ်သည့် အမည်နာမများနှင့် ပါတီအမည်များကို သုံးစွဲခြင်းမပြုရန် သတိပေး ပြောကြားလိုက်ခြင်းသည် ၈၈ မျိုးဆက်
ကျောင်းသား ခေါင်းဆောင်များကို ရည်ညွှန်းသည်ဟု အမတ်များက မဇ္ဈိမကို ပြောသည်။
ကျောင်းသား ခေါင်းဆောင်များကို ရည်ညွှန်းသည်ဟု အမတ်များက မဇ္ဈိမကို ပြောသည်။
ဝ' တပ်ဖွဲ့နှင့် ရှမ်းတပ်ဖွဲ့ နှစ်ဖက် စစ်ရေးတင်းမာမှုကို ဖြေရှင်း
မဇ္ဈိမသတင်းဌာန ။ ။ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ရှမ်းပြည်တပ်မတော် (SSA) တို့ အကြား နားလည်မှု လွဲမှားခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ Fang ခရိုင်နှင့် မျက်နှာချင်းဆိုင် ဘက်ခြမ်းရှိ ရှမ်းပြည်နယ်တွင် ဖြစ်ပွါးခဲ့ရသည့် တင်းမာမှုများသည် ယခုအခါ ပြေလည်သွားပြီ ဖြစ်ကြောင်း နှစ်ဘက်အရာရှိများက
ပြောသည်။
ပြောသည်။
ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခဲ့သော လျှပ်တစ်ပြက်ဂျာနယ်ကို ပြန်လည်ထုတ်ဝေခွင့်ပြု
ဇွန်လ ၈ ရက်နေ့က ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခဲ့သော လျှပ်တစ်ပြက် ဂျာနယ်ကို သြဂုတ်လ ၉ ရက်နေ့မှ စတင်ပြီး ပြန်လည်ထုတ်ဝေခွင့် ပြုလိုက်ကြောင်း သိရှိရပါသည်။ ထိုသို့ ပြန်လည် ထုတ်ဝေခွင့် ပြုကြောင်းကို သြဂုတ်လ ၁ရက်နေ့ ညနေပိုင်းက အသိပေးခဲ့ ခြင်းဖြစ်သည်ဟု လျှပ်တစ်ပြက်ဂျာနယ်၏ အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ၎င်း၏ facebook စာမျက်နှာတွင် ရေးသားခဲ့ပါသည်။
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် အတည်ပြု
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းတွင် အမျိုးသားလွှတ်တော် ကိုယ်စားများဆွေးနွေးသည့် အကြောင်းအရာများအား ဖြည့်စွက်ပြီး အမျိုးသားလွှတ်တော်က သြဂုတ်လ ၁ ရက်နေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းခဲ့ရာ အောက်ပါအတိုင်း သဘောတူညီခဲ့ကြပါသည်။
လယ်ယာမြေ သိမ်းဆည်းခံရခြင်းများနှင့် ပတ်သက်ပြီး စုံစမ်းလေ့လာရန် ပြည်ထောင်စုလွှတ်တော်မှ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းခဲ့ခြင်းအပေါ် ၈၈ မျိုးဆက်ကျောင်းသားများ နှင့် တောင်သူလယ်သမားအရေး ဆောင်ရွက်သူများမှ သဘောထားထုတ်ပြန်
လယ်ယာမြေ သိမ်းဆည်းခံရခြင်းများနှင့်ပတ်သက်ပြီး စုံစမ်းလေ့လာရန် ပြည်ထောင်စုလွှတ်တော်မှ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းခဲ့ခြင်းအပေါ် ၈၈ မျိုးဆက် ကျောင်းသားများနှင့် တောင်သူလယ်သမားအရေး ဆောင်ရွက် သူများမှ သဘောထား ထုတ်ပြန်ချက်တစ်ရပ်ကို သြဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်၌ အချက်ငါးချက် ပါဝင်ခဲ့ကြောင်း သိရသည်။
မြန်မာအားကစား သမားတွေ အိုလံပစ် အတွေ့အကြုံကောင်းရ
အိုလံပစ်ဖွင့်ပွဲ မြန်မာအဖွဲ့ကိုယ်စားပြု အလံတော်ကို သယ်ဆောင်လာစဉ်။ (ဇူလိုင်လ ၂၇ ရက်၊ ၂၀၁၂။)
မြန်မာ့ အားကစားသမားတွေ နိုင်ငံတကာမှာ ယှဉ်ပြိုင်နိုင်ဖို့ ပံ့ပိုးမှုတွေ ဒီ့ထက် လိုအပ်တယ် လို့ မြန်မာ Olympic အသင်းခေါင်းဆောင်တယောက်ဖြစ်တဲ့ အားကစားနဲ့ ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနော်ဒေါင်က ပြောပါတယ်။ လန်ဒန် Olympic ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်နေကြတဲ့ မြန်မာ Olympic အသင်းရဲ့ အခြေအနေ၊ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ SEA Game ပြင်ဆင်မှု အခြေအနေတွေကို VOA က မေးမြန်းရာမှာ ဦးနော်ဒေါင်က ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးထားတဲ့ မစုမြတ်မွန်က တင်ပြပါမယ်။
မြန်မာ့ အားကစားသမားတွေ နိုင်ငံတကာမှာ ယှဉ်ပြိုင်နိုင်ဖို့ ပံ့ပိုးမှုတွေ ဒီ့ထက် လိုအပ်တယ် လို့ မြန်မာ Olympic အသင်းခေါင်းဆောင်တယောက်ဖြစ်တဲ့ အားကစားနဲ့ ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနော်ဒေါင်က ပြောပါတယ်။ လန်ဒန် Olympic ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်နေကြတဲ့ မြန်မာ Olympic အသင်းရဲ့ အခြေအနေ၊ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ SEA Game ပြင်ဆင်မှု အခြေအနေတွေကို VOA က မေးမြန်းရာမှာ ဦးနော်ဒေါင်က ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးထားတဲ့ မစုမြတ်မွန်က တင်ပြပါမယ်။
ရခိုင်ပြည်နယ်တွင်း ဆူပူမှုတွေကို အစိုးရကိုင်တွယ်ဖြေရှင်းမှု HRW ဝေဖန်
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ မီးရှို့ခံထားရတဲ့ အဆောက်အဦးများကို ရဲတပ်ဖွဲ့ဝင်များ လှည့်လည်စစ်ဆေးနေစဉ်။ (ဂျွန်လ ၁၂ ရက်၊ ၂၀၁၂။)
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေကို အစိုးရအနေနဲ့ အချိန်မီ တားဆီးခွင့် ရှိပါလျက်နဲ့ တားဆီး ဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိဘူးလို့ Human Rights Watch ခေါ် လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြား လိုက်ပါတယ်။ ဒါပေမယ့် အခုချိန်ဟာ မြန်မာနိုင်ငံအတွင်း အပြောင်းအလဲတွေ ဖော်ဆောင်နေတဲ့ ကာလဖြစ်တာကြောင့် အခုလို အဓိကရုဏ်းတွေကို အစိုးရအနေနဲ့ သတိထား ကိုင်တွယ်ဖြေရှင်း တာ ဖြစ်နိုင်တယ်လို့ စစ်တွေမြို့ကိုယ်စားပြု အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင် က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဒီအခမ်းအနားကို ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
နိုင်ငံရေး အကျဉ်းသားကို အာဏာပိုင်တွေက ရိုက်နှက်
2012-08-01
ရခိုင်ပြည်နယ် စစ်တွေနဲ့ ဘူးသီးတောင်-မောင်းတော ထောင်တွေကနေ ရန်ကုန် အင်းစိန်ထောင်ကို မနေ့က အကျဉ်းသား ၁၇၀ ကျော် ပြောင်းရွှေ့လိုက်ပြီး အဲဒီထဲမှာ ပါလာတဲ့ နိုင်ငံရေး အကျဉ်းသား ကိုအောင်သူကို အာဏာပိုင်တွေက ရိုက်နှက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

(Photo:RFA/Tyler Chapman)
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အနီးရှိ နာမည်ဆိုးဖြင့် ကမႝာကျော်သော အင်းစိန်ထောင် ဖြစ်ပါသည်။ (Photo:RFA/Tyler Chapman)
ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ ၈၅ သန်း အကူအညီပေးမည်
2012-08-01
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေကို အသိအမှတ် ပြုတဲ့အနေနဲ့ ကမ္ဘာ့ဘဏ်က အမေရိကန် ဒေါ်လာ ၈၅ သန်း အကူအညီ ပေးမယ်လို့ ဒီကနေ့ ပြောလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၁ ရက်က ရန်ကုန်မြို့ Chatrium ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကမ္ဘာ့ဘဏ် အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒု ဥက္ကဋ္ဌ မစ္စ Pamela Cox (အလယ်)က ရှင်းလင်းပြောဆိုနေစဉ်။
အိန္ဒိယနှင့် မြန်မာစစ်ရေး၊ လုံခြုံရေး ပူးတွဲဆောင်ရွက်မှုမြှင့်တင်
2012-08-01
နှစ်နိုင်ငံ စစ်ရေးနဲ့ လုံခြုံရေး ပူးတွဲဆောင်ရွက်မှုကို မြှင့်တင်တဲ့အနေနဲ့ မြန်မာ့တပ်မတော်က စစ်သည်တွေကို အိန္ဒိယနိုင်ငံက ပိုမိုလေ့ကျင့် သင်တန်းပေးသွားဖို့နဲ့ လက်နက်မဟုတ်တဲ့ စစ်ရေးဆိုင်ရာ ပစ္စည်းတွေ ထောက်ပံ့ကူညီသွားဖို့ ဆုံးဖြတ်လိုက်ကြောင်း အိန္ဒိယ အစိုးရက မနေ့က ပြောဆိုလိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသည့် ၆၇ ကြိမ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် စစ်ကြောင်းများအား စစ်ဆေးနေစဉ်။
ရွှေစေတီဆရာတော် ကုလ အထူးကိုယ်စားလှယ်ကို အိတ်ဖွင့်စာ ပေးပို့
2012-08-01
ရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဆီကို စစ်တွေမြို့က ရခိုင် ဒုက္ခသည်တွေကို စောင့်ရှောက်နေတဲ့ ရွှေစေတီ ဆရာတော် အရှင် အရိယဝံသက မနေ့မနက်ပိုင်းက အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့လိုက်ကြောင်း ဆရာတော်က RFA ကို မိန့်ကြားပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လ (၁၀) ရက်က ရန်ကုန်မြို့ ရွှေတိဂုံဘုရား၌ ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း သေဆုံးသွားသူများအတွက် ဆုတောင်းပွဲ ပြုလုပ်နေစဉ်။
ရပ်ဆိုင်းခံထားရတဲ့ ဂျာနယ်တွေ ပြန်လည် ထုတ်ဝေခွင့်ပေးဖို့ တောင်းဆို
2012-08-01
ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို စာပေ စိစစ်ရေးဌာနက အကန့်အသတ်မရှိ ရပ်ဆိုင်း အရေးယူခဲ့တဲ့အပေါ် ပြန်လည် စဉ်းစားပေးဖို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေး ကော်မတီက မနေ့က တောင်းဆိုလိုက်ပါတယ်။
RFA
စာရေးဆရာ မောင်ဝံသ ဖြစ်ပါသည်။
ရွှေမင်းသားဖောင်ဒေးရှင်း ဂျိုင်းထောက်နဲ့ ဘီးတပ်ကုလားထိုင်လှူဒါန်း
2012-08-02
ကချင်ပြည်နယ်က ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားသူတွေအတွက် ဂျိုင်းထောက်နဲ့ ဘီးတပ် ကုလားထိုင်ကို ရွှေမင်းသား ဖောင်ဒေးရှင်းက ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ကနေတဆင့် ဒီနေ့ လှူဒါန်းလိုက်ပါတယ်။
Photo:88 Generation Students
၈၈ မျိုးဆက် ကျောင်းသားများ၏ ဂုဏ်ပြုလက်မှတ်ကို ကိုမင်းကိုနိုင်က ရွှေမင်းသား ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းကို ပေးအပ်နေစဉ်။
ကင်တားနားနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
2012-08-02
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
photo : NLD Information Committee
၂၀၁၂ ခုနှစ် သြဂုတ်လ ၂ ရက်က ကုလ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံ ဆွေးနွေးနေစဉ်။
Subscribe to:
Posts (Atom)