Friday, August 3, 2012

တက္ကသိုလ်ပညာ အဆင့်မြင့်ရေး ငွေကြေး လိုအပ်တယ်လို့ မင်္ဂလာမြန်မာပြောဆို


2012-08-02

မြန်မာနိုင်ငံရဲ့ပညာရေး အဆင့်မြင့်လာဖို့ ဆောင်ရွက်တဲ့ နေရာမှာ တက္ကသိုလ် ဆရာ ဆရာမတွေရဲ့ အရည်အချင်း မြှင့်တင်ရေးက တဆင့် ကျောင်းသူ ကျောင်းသားတွေအတွက် သင်ကြားပို့ချတဲ့ အရည်အသွေး ကောင်းလာဖို့ ဆိုတဲ့ပုံစံမျိုးနဲ့ ပထမ ခြေလှမ်းအဖြစ် နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း မင်္ဂလာ

ြ
မန်မာအဖွဲ့ရဲ့ ညွန်ကြားရေးမှူး ဒေါက်တာ ဖုန်းဝင်းက ပြောပါတယ်။
အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာ ရန်ပုံငွေ အမြောက်အများလည်း လိုအပ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လွှတ်တော် အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကလည်း တက္ကသိုလ် ပညာရေး နိုင်ငံတကာ အဆင့်မီဖို့ဆိုရင် တက္ကသိုလ်တွေကို ပညာရေး ဝန်ကြီးဌာနရဲ့ ချုပ်ချယ်မှုကနေ လွတ်လပ်ခွင့်ပေးဖို့ လိုတယ်လို့ ဆွေးနွေး တင်ပြသွားပါတယ်။
ထိုင်းအခြေစိုက် မြန်မာ့ပညာရေး သုတေသီ မောက္ခ မဂ္ဂဇင်း အယ်ဒီတာ ဦးသိန်းနိုင်ကလည်း မြန်မာနိုင်ငံမှာ ၁၉၆၀ ခုနှစ် မတိုင်ခင် ကာလတွေက လွတ်လပ်တဲ့ တက္ကသိုလ်များ ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဆိုတာ ရှိခဲ့တယ်လို့ ပြောပါတယ်။
အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
တင်ပြချက်။
အသံဖိုင်ယူရန်။




No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။