Saturday, February 16, 2013

ဖေဖော်ဝါရီ ၁၅ရက် မှ ၂၁ရက်နေ့ အထိ (၇) ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဖေဖေါ်ဝါရီ ၁၅ ၊ ၁၆ ၊ ၁၇ ရက်တို့မှ ၀မ်းနည်းဝမ်းသာ ဖြစ်ရပ်တို့ နှင့်ကြုံမည်။ အချစ်ရေးမှာ မမျှော်လင့်သော ဖြစ်ရပ်တို့ တွေ့ကြုံမည်။ ချစ်သူများနေ့တွင် ထင်သူက တစ်ယောက် ကြုံသူက တစ်ယောက် ဖြစ်ခဲ့ရလို့ စိတ်ခံစားမှု့တွေ ကြုံနေမည်။ အထင်လွဲ စွပ်စွဲခံရမည်။ အခက်အခဲ အတိုက်အခံ တစ်ခု ကြုံမည်။ စေတနာကို ဝေဒနာ မှတ်ထင်ခံရတတ်၍ လောကွတ်မလုပ်ပါနှင့်။ တစ်ချို့ ကိစ္စ တွေ မြန်ဆန်တာမကောင်းပါ။ အင်တာဗျူး တော့ဖြေပါ။ အောင်မြင်မည်။ ၁၈ ၊ ၁၉ ၊ ၂၀ ၊ ၂၁ ရက်နေ့ တွေမှာ မရည်ရွယ်သော ခရီး ၊ မမျှော်မှန်းတဲ့ ဖြစ်ရပ်တို့ကြုံမည်။ ခရီးတစ်ခုထွက်ရမည်။ ငွေဝင်ကိန်းရှိတယ်။ လက်ဆောင်ရမည်။ ဆွေမျိုးသားချင်းအတွက် စိတ်ရှုပ်ရတတ်သည်။

 

အကျိုးပေးသောနံပါတ်            - ၃၊ ၆၊ ၉ ။

အထူးဟော               - အတိုက်အခံ ကြုံပြီးမှ အောင်မြင်မှုရမည်။

ယတြာ           - တနင်္ဂနွေနံဘုရားကို အုန်းဆွမ်းကပ်ပါ။

 

တနင်္လာ

 

ဖေဖေါ်ဝါရီ ၁၅ မှ ၁၈ ရက်ကြား မမျှော်လင့်တာတွေ ဖြစ်လာမည်။ မျှော်လင့်တာတွေ နှောင့်နှေးမည်။ စက်ပစ္စည်းဝင်မည်။ ထွက်မည်။ အမှားတွေ့တတ်၍ ဂရုစိုက်ပါ။ မြေ၀င်မည်။ အပေါင်းအသင်း မှားတတ်၍ ဂရုစိုက်ပါ။ လူလိမ်ငွေလိမ်ခံရတတ်သည်။ ဒါပေမဲ့ ပြန်ရတတ်သည်။ ကား ၊ စက်ဝင်မည်။ ထီပေါက်ကိန်းရှိသည်။ ၂ ထိပ်ပါတဲ့ ဂဏန်း ထိုးထားပါ။ ခရီးယာယီ သွားရမည်။ အချစ်ရေး အဆင်ပြေမည်။ မမျှော်လင့်ဘဲ ချစ်ရေး ဆိုခံရမည်။ ယခင် အချစ်ဟောင်း နှင့် ပြန်တွေ့မည်။ ၁၉ ရက် မှ ၂၁ ရက် ကြား မှ မိတ်ဆွေ သစ်တွေ့မည်။ အဝေးခရီး သွားရမည်။ ကျန်းမာရေး အနည်းငယ် ဂရုစိုက်ပါ။ ငွေကြေးကိစ္စ ရှုပ်ရတတ်သည်။ အလုပ်မှာ အတိုက်အခံ ပေါ်မည်။ ကတိလွယ်လွယ်မပေးသင့်ပါ။ စက်ပစ္စည်း ၀င်ထွက်မည်။ ကောင်းမှု့ကုသိုလ်ပြုရတတ်သည်။ ရည်မှန်းချက် ထက်ပို၍ အောင်မြင်မှုရလိမ့်မည်။ အလုပ်ကိစ္စ အဆင်ပြေမည်။ ရာထူးတက်ကိန်းရှိတယ်။ အနောက်တောင်အရပ် ခရီးမသင့်ပါ။ 

 

အကျိုးပေးဂဏန်း         - ၂၊ ၄၊ ၆။

အထူးဟော               -ထင်ထားတာတွေ ပိုကောင်းတာတွေ တွေ့မည်။

ယတြာ           - ငါးကလေးတွေကို အစာကျွေးပါ။

 

အင်္ဂါ

 

ဖေဖေါ်ဝါရီ ၁၅ မှ ၁၇ တွင်း အချစ်ရေး အဆင်ပြေမည်။ ချစ်သူ အသစ်ထပ်တွေ့မည်။ အချစ်ဟောင်း နှင့် စိတ်ဝမ်းကွဲမည်။ ချစ်သူထံမှ လက်ဆောင်ရမည်။ ကျန်းမာရေး ကောင်းသည်။ သို့သော် ရုတ်တရက် ခိုက်မိတတ်၍ ဂရုစိုက်ပါ။ စက်၊ မြေ ၊ တိုက်ခန်း ၀င်ကိန်းရှိသည်။ သို့မဟုတ် နေရာပြောင်းရကိန်းရှိသည်။ အိမ်ပြောင်းရတတ်သည်။ အလုပ်ပြောင်း လဲမှုဖြစ်မည်။ လုပ်ငန်း စီးပွားရေး အသစ်တစ်ခု စရတတ်သည်။ ၁၈ မှ ၂၁ ကြား တော်တော်များ များ ပြောရ ဆို ရ လိမ့်မည်။ အတိုက်အခံ တွေ ကြုံမည်။ ရင်ဆိုင် ဖြေရှင်းရခြင်း ကြုံမည်။ သို့သော် အောင်နိုင်မှုရမည်။ မလိုသူပေါ်မည်။ ရုတ်တရက် ခိုက်မိတတ်​၍ ဂရုစိုက်ပါ။

 

အကျိုးပေးဂဏန်း         - ၃၊ ၈၊ ၁။

အထူးဟော               - အခက်အခဲ တွေ့ပြီးမှ အောင်မြင်မှု ရမည်။

ယတြာ           - အင်္ဂါနေ့တွင် မြောက်အရပ်ရှိ လမ်းကို သန့်ရှင်းရေးလုပ်ပါ။

 

ဗုဒ္ဒဟူး

 

ဖေဖေါ်ဝါရီ ၁၅ မှာ ချစ်သူများနေ့ အပြီးဖြစ်၍ ချစ်သူတွေထံမှ လက်ဆောင တွေရမည်။ ဒါပေမဲ့ ချစ်သူ တစ်ယောက်ကတော့ စိတ်ဆိုး စိတ်ကောက်နေတတ်သည်။ ၁၆၊၁၇၊၁၈ ကံကောင်းမှု့ ဆက်တိုက်ရလိမ့်မည်။ အောင်မြင်မှု့တွေရမည်။ ခရီးယာယီ မြင်တယ်။ စက်ပစ္စည်း ၀င် ၊ ထွက် မည်။ ခြေ ၊ လက် အဖျားပိုင်း ဂရုစိုက်ပါ။ ခိုက်မိတတ်တယ်။ ရစရာငွေများ ရမည်။ လုပ်စရာ အလုပ်တွေ ပိုများလာမည်။ အလုပ်ကိစ္စ နှင့် ခရီးသွားရမည်။ ထီထိုးပါ။ ၄ ထိပ်ဖြင့် ပေါက်မည်။ ၁၉ မှ ၂၁ ထိ စွန့်စားမှု လွတ်လပ်စွာ လုပ်ကိုင်ရမှု့တို့ဖြစ်မည်။ မဆင်ခြင်ပါက အိမ်ထောင်ကျမည်။ ကိုယ်ပိုင် စီးပွားရေး အလုပ်တွေအောင်မြင်မည်။ စပ်တူ အလုပ်အောင်မြင်မည်။ အဝေးမိတ်ဆွေ ကူညီမှု့ရမည်။

 

အကျိုးပေးဂဏန်း         - ၇၊ ၁၊ ၂။

အထူးဟော               - ကံကောင်းမည်။

ယတြာ           - အိမ်ဘုရားကို  ရေသက်စေ့ဘုရားကိုလှူပါ။

 

ကြာသပတေး

 

ဖေဖော်ဝါရီ ၁၅ရက် ၊ ၁၆ ရက်  ၊ ၁၇ ရက် တွင် ကောင်းသတင်းကြားရမည်။ အောင်မြင်မှုရလိုသော အလုပ်တွေ စတင်လုပ်ပါ ။    အောင်မြင်မှုရမည်။ ရစရာငွေ ရမည်။ အပေါင်းအသင်း အကူအညီ ရမည်။ ခရီးထွက်ရမည်။ အချစ်ရေး အဆင်ပြေမည်။ စက်၊ရွှေ ၀င်ထွက် မည်။ လုပ်ငန်း ကိစ္စ ဖြင့်ပြောဆို ဖြေရှင်းရမည်။ အဆင်ပြေမည်။ ဖြစ်လာနိုင်သည့် ပြသာနာ များ ပွတ်ကာသီကာ လွတ်မည်။ ဖေဖေါ်ဝါရီ ၁၈ မှ ၂၁ ကြား ကြိုးစားမှု့ တွေအောင်မြင်မည်။ သူများ အရှုပ်ကိုယ့်အရှုပ် ဖြစ်မည်။ လူခင်ချင်းမုန်းရတတ်သည်။ လုပ်ငန်း အထူးတက်မည်။ ဆွေမျိုး အတွက် စိတ်ရှုပ်ရတတ်သည်။ ကား ၊ ဆိုင်ကယ် ဂရုစိုက်မောင်းပါ။ ခိုက်မိတတ်သည်။

 

အကျိုးပေးဂဏန်း         - ၅၊ ၀၊ ၁။

အထူးဟော               - အောင်မြင်မည်။

ယတြာ           - ကြာသပတေးနေ့နံနက်တွင် ရေမြောင်းဆယ်ပါ။

 

သောကြာ

 

ဖေဖော်ဝါရီ ၁၅ မှ ၁၈ ရက်ကြား အချစ်ရေး ပိုများလာမည်။ ခရီးယာယီ တွေ ရောက်မည်။ လျှို့ဝှက် တာတွေ ပေါ်လာမည်။ မိတ်ကောင်းဆွေကောင်း   တွေ့မည်။ ငွေစုလိုက် ၀င်မည်။ ပစ္စည်းပျောက် မည်။ စက် ၊ ရွှေ ၊ မြေ ၊ အိမ်တို့ ၀င်မည်။ ထွက်မည်။ မရောက်ဘူးသော ခရီး များရောက်မည်။ လူယုံမထားရ။ လူလိမ် ၊ ငွေလိမ် ခံရမည်။ တယူသန် တဇွတ်ထိုး လုတ်တတ်တာ ဆင်ခြင်ပါ။ ရုတ်တရက် ခိုက်မိတတ်သည်။ ဖေဖေါ်ဝါရီ ၁၉ မှ ၂၁ ကြား စာမေးပွဲ အင်တာဗျူး အောင်မြင်မည်။ အလုပ်သစ် ရမည်။ စိတ်ရှုပ်နေရမည်။ ထီထိုးပါ။ ထီပေါက်မည်။ ၆ ထိပ်ဖြင့်ထိုးပါ။ ကြီးသူ တစ်ဦး ကျန်းမာရေး ချူချာမည်။  

 

အကျိုးပေးဂဏန်း         - ၆၊ ၇၊ ၈။

အထူးဟော               - အောင်မြင်မည်။

ယၾတာ           - အိမ္ဘုရားကို သစ္သီး ၉မ်ိဳးကပ္လွဴပါ။

 

စေန

 

ဖေဖော်ဝါရီ ၁၅ရက်မှ ၁၈ရက်ကြား သင်ကံကောင်းသည်။ သင့်ရဲလုပ်ငန်းတွေ လုပ်ငန်းသစ်တွေ စူးစမ်းမှု၊စွန့်စားမှုတွေ မုချအောင်မြင်မည်။ လူချစ်လူခင် များမည်။ ကူညီ သူ ပေါ်မည်။ သင့် အလုပ်မှာလည်း ရာထူးတက်မည်။ အကြီးအကဲ မြှောက်စားမည်။ ရှယ်ယာစပ်တူ လုပ်ငန်းများ ကိုယ်ပိုင်လုပ်ငန်းများအောင်မြင်မည်။ ချစ်သူတွေ့မည်။ အဝေးမှ လက်ဆောင် ပေးပို့မည်။ မိဘ က ၁ ဖက် ချစ်သူ က ၁ ဖက် ဖြစ်မည် ။ ဖေဖေါ်ဝါရီ ၁၉ မှ ၂၁ ကြား ကောင်း သတင်းကြားရမည်။ စက်ရွှေမြေ ၀င်မည်။ ငွေစုလိုက် ရမည်။ လုပ်ငန်းတိုးတက်မည်။  ခရီးယာယီ များမည်။ အချစ်ရေး စိတ်ရှုပ်ရမည်။ ရင်းနှီးသော သူငယ်ချင်းရဲ့ အထင်လွဲ ခြင်းခံရမည်။ ပြန်ပြေမည်။ လူမျိုးကွဲ နှင့် စီးပွားစပ်တူ လုပ်ရမည်။

 

အကျိုးပေးဂဏန်း         - ၀၊ ၉၊ ၁။

အထူးဟော               - အဆင်ပြေအောင်  မြင်မည်။

ယတြာ           - စနေနံဘုရားကို စနေနေ့နံနက်တွင် ထီး ၉လက်ကပ်လှူ ၍ လိုရာဆုပန်ပါ။