Monday, July 23, 2012
ဗန်းမော်-ကသာသွား မြမင်းအောင် ရှပ်ပြေးရေယာဉ်အား ဇူလိုင်လ ၂၂ ရက်နေ့အထိ ရှာဖွေရေးလုပ်ငန်းများဆောင်၇ွှက်
ဧရာဝတီမြစ်အတွင်း ဇူလိုင်လ ၂၀ ရက်နေ့က နစ်မြုပ်သွားခဲ့သော
ဗန်းမော်-ကသာသွား မြမင်းအောင် ရှပ်ပြေးရေယာဉ်အား ဇူလိုင်လ ၂၂ ရက်နေ့အထိ
ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ပဲခူးမြို့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ် ဆေးခန်း(ပဲခူး) ဖွင့်ပွဲအခမ်းအနား ကျင်းပ

သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)အား ဦးကျော်သူနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေစဉ်
MCPA Days ကျင်းပမည်
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှုး၍
အိုင်တီလူ့စွမ်းအား အရင်းအမြစ်များနှင့် IT Industry ရှိ
အိုင်တီကုမ္ပဏီများအား ချိတ်ဆက်ပေးရန်အတွက် MCPA Day အား ၂၀၁၂ခုနှစ်၊
သြဂုတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်ကွန် ပျူတာတက္ကသိုလ်၌
ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
MCPA Day တွင် နည်းပညာဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ၊ အိုင်တီပညာရှင်များမှ Career Dev-elopment ဆိုင်ရာ စာမေးပွဲများအကြောင်းအား ဟောပြောမည့်အပြင် ၄င်းနေ့တွင် အိုင်တီနည်းပညာအား အသုံးပြုနေသော ကုမ္ပဏီများမှ မိမိတို့၏ လုပ်ငန်းများကို ကျောင်းသား၊ ကျောင်းသူများသိရှိစေရန်နှင့် မိမိတို့ကုမ္ပဏီအတွက် လိုအပ်လျက်ရှိသော အိုင်စီတီ လူ့စွမ်းအား အရင်းအမြစ်များကို Recruit ပြုလုပ်နိုင်စေရန်အတွက် Career Fair ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
ပါဝင်ရန် စိတ်ဝင်စားသည့် အဖွဲ့အစည်းများအနေဖြင့် အဆိုပြုလွှာများကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးခန်းသို့ ကုမ္ပဏီအမည်နှင့် Registration Fees အား ဇူလိုင်လ ၃၀ နောက်ဆုံးထား ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
MCPA Day တွင် နည်းပညာဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ၊ အိုင်တီပညာရှင်များမှ Career Dev-elopment ဆိုင်ရာ စာမေးပွဲများအကြောင်းအား ဟောပြောမည့်အပြင် ၄င်းနေ့တွင် အိုင်တီနည်းပညာအား အသုံးပြုနေသော ကုမ္ပဏီများမှ မိမိတို့၏ လုပ်ငန်းများကို ကျောင်းသား၊ ကျောင်းသူများသိရှိစေရန်နှင့် မိမိတို့ကုမ္ပဏီအတွက် လိုအပ်လျက်ရှိသော အိုင်စီတီ လူ့စွမ်းအား အရင်းအမြစ်များကို Recruit ပြုလုပ်နိုင်စေရန်အတွက် Career Fair ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
ပါဝင်ရန် စိတ်ဝင်စားသည့် အဖွဲ့အစည်းများအနေဖြင့် အဆိုပြုလွှာများကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးခန်းသို့ ကုမ္ပဏီအမည်နှင့် Registration Fees အား ဇူလိုင်လ ၃၀ နောက်ဆုံးထား ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ ဇူလိုင်လ၂၄ရက်နေ့မှစ၍ တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ စာရွက်စာတန်းများ ထုတ်ယူနိုင်မည်
၂၀၁၂ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအတွက်
တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းများကို ဇူလိုင်လ ၂၄ရက်နေ့မှစ၍
ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အမှတ်စာရင်း၊ ရမှတ် အဆင့်၊ တက္ကသိုလ် ၀င်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်ပုံစံများကို မိမိဖြေဆိုခဲ့သည့် သက်ဆိုင်ရာစာစစ်ဌာနရှိ ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူနိုင်ကြောင်း သိရသည်။
ထို့ပြင် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ဇူလိုင်လ၂၄ ရက်မှ သြဂုတ်လ ၁၅ ရက်နေ့အထိ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)တွင် ပိတ်ရက်မရှိ လျှောက်ထားနိုင်ပြီး အသေးစိတ်သိရှိလိုပါက အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)၊ ဖုန်း ၅၃၇၆၇၇၊ ၅၂၅၆၁၂ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။
ထိုသို့လျှောက်ထားရာတွင် မိမိအမှန်တကယ် တက်ရောက်လိုသော သက်ဆိုင်ရာတက္ကသိုလ်ကို တိကျစွာ ရေးသားဖော်ပြရန်လိုပြီး ဦးစားပေးအလိုက် တခြားတက္ကသိုလ်များကိုပါ လျှောက်ထားရန်လည်းလိုအပ်သည်ဟု သိရသည်။
အမှတ်စာရင်း၊ ရမှတ် အဆင့်၊ တက္ကသိုလ် ၀င်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်ပုံစံများကို မိမိဖြေဆိုခဲ့သည့် သက်ဆိုင်ရာစာစစ်ဌာနရှိ ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူနိုင်ကြောင်း သိရသည်။
ထို့ပြင် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ဇူလိုင်လ၂၄ ရက်မှ သြဂုတ်လ ၁၅ ရက်နေ့အထိ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)တွင် ပိတ်ရက်မရှိ လျှောက်ထားနိုင်ပြီး အသေးစိတ်သိရှိလိုပါက အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)၊ ဖုန်း ၅၃၇၆၇၇၊ ၅၂၅၆၁၂ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။
ထိုသို့လျှောက်ထားရာတွင် မိမိအမှန်တကယ် တက်ရောက်လိုသော သက်ဆိုင်ရာတက္ကသိုလ်ကို တိကျစွာ ရေးသားဖော်ပြရန်လိုပြီး ဦးစားပေးအလိုက် တခြားတက္ကသိုလ်များကိုပါ လျှောက်ထားရန်လည်းလိုအပ်သည်ဟု သိရသည်။
အမေရိကန် စီးပွားရေးကိုယ်စားလှယ်များ လာရောက်အပြီးတွင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ၂၃ ခုကို လုပ်ကိုင်ရန် ပြည်ပရင်းနှီးမြှုပ်နှံသူများကို မြန်မာအစိုးရ ဖိတ်ခေါ်
အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များစွာပါဝင်သော
စီးပွားရေးကိုယ်စားလှယ်အဖွဲ့ လာရောက်အပြီးတွင် မြန်မာနိုင်ငံအစိုးရသည်
ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ကွက် ၂၃ ခု ကို လုပ်ကိုင်ရန်
ပြည်ပရင်းနှီးမြှုပ်နှံ သူများကို ဖိတ်ခေါ်လိုက်သည်ဟု
ပြည်ပသတင်းဌာနအချို့တွင် ဖော်ပြထားသည်။
Apple မှ မြန်မာနိုင်ငံသို့ တရားဝင် အရောင်းကိုယ်စားလှယ်ပေးရန် ပြည်တွင်းသာမက ပြည်ပကုမ္ပဏီများကိုပါ ဖိတ်ခေါ်
Apple မှ မြန်မာပြည်အတွက် တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ်
ပေးအပ်ရာတွင် ပြည်တွင်းရှိ နည်းပညာကုမ္ပဏီများသာမက ထိုင်းနှင့်
စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီများကိုလည်း ကိုယ်စားလှယ်အဖြစ်
လျှောက်ထားရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
Apple Asia Pacific မှ ပြည်တွင်းရှိ နည်းပညာပစ္စည်းရောင်းချသည့် ကုမ္ပဏီများအား ဇူလိုင်လ ၁၇ ရက်နေ့တွင် ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတွေ့ဆုံဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံရှိ ကုမ္ပဏီအချို့နှင့် စင်ကာပူနိုင်ငံရှိ ကုမ္ပဏီအချို့လည်း ပါဝင်ကြောင်း သိရသည်။
''မြန်မာပြည်အတွက် ကိုယ်စားလှယ်ပေးဖို့ကို မြန်မာတွေကိုပဲ ခေါ်တာမဟုတ်ပါဘူး။ စင်ကာပူတို့၊ ထိုင်းတို့လည်း ပါတယ်။ သူတို့ဆီက ကုမ္ပဏီ ဘယ်နှခုလောက်ပါလဲဆိုတာတော့ သေချာမသိရဘူး။ သူတို့ပါ ပါလာမယ်ဆိုရင်တော့ သူတို့နဲ့ပြည်တွင်းက ကုမ္ပဏီတွေ ယှဉ်ပြိုင်ရမယ့်သဘောရှိပါတယ်''ဟု အဆိုပါဆွေးနွေးပွဲ တက်ရောက်ရာတွင် ပါဝင်ခဲ့သည့် KMD ကုမ္ပဏီမှ CEO ဖြစ်သူ ဦးသောင်းတင်က ပြောကြားခဲ့ပါသည်။
Apple Asia Pacific မှ ပြည်တွင်းရှိ နည်းပညာပစ္စည်းရောင်းချသည့် ကုမ္ပဏီများအား ဇူလိုင်လ ၁၇ ရက်နေ့တွင် ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတွေ့ဆုံဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံရှိ ကုမ္ပဏီအချို့နှင့် စင်ကာပူနိုင်ငံရှိ ကုမ္ပဏီအချို့လည်း ပါဝင်ကြောင်း သိရသည်။
''မြန်မာပြည်အတွက် ကိုယ်စားလှယ်ပေးဖို့ကို မြန်မာတွေကိုပဲ ခေါ်တာမဟုတ်ပါဘူး။ စင်ကာပူတို့၊ ထိုင်းတို့လည်း ပါတယ်။ သူတို့ဆီက ကုမ္ပဏီ ဘယ်နှခုလောက်ပါလဲဆိုတာတော့ သေချာမသိရဘူး။ သူတို့ပါ ပါလာမယ်ဆိုရင်တော့ သူတို့နဲ့ပြည်တွင်းက ကုမ္ပဏီတွေ ယှဉ်ပြိုင်ရမယ့်သဘောရှိပါတယ်''ဟု အဆိုပါဆွေးနွေးပွဲ တက်ရောက်ရာတွင် ပါဝင်ခဲ့သည့် KMD ကုမ္ပဏီမှ CEO ဖြစ်သူ ဦးသောင်းတင်က ပြောကြားခဲ့ပါသည်။
နိုင်ငံတော် သမ္မတဦးသိန်းစိန် ထိုင်းနိုင်ငံ၏အကြီးဆုံး ရေနက်ဆိပ်ကမ်း Laem Chabang သို့ သွားရောက်လေ့လာ၊ ထိုင်းဝန်ကြီးချုပ်နှင့် ထားဝယ်ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးရေးအပါအ၀င် စီးပွားရေးကိစ္စများ အဓိက ဆွေးနွေးမည်ဖြစ်ပြီးထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအရေး ဆွေးနွေးဖွယ်ရှိ

Laem Chabang ဆိပ်ကမ်း တာဝါပေါ်မှ လေ့လာပြီးပြန်ထွက်လာစဉ်
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျှင် စီးပွားဖွံ့ဖြိုးမှု ပိုမိုရရှိမှာ ဖြစ်ကြောင်း ထိုင်းစက်မှုဝန်ကြီး ပြောဆို
ထိုင်းအစိုးရရဲ့ ဖိတ်ကြားချက်အရ ဘန်ကောက်မြို့ကို ချစ်ကြည်ရေးခရီး ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီးများ အဖွဲ့ဟာ မနေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ အရှေ့ပိုင်း၊ ချွန်ဘူရီခရိုင်မှာရှိတဲ့ လမ်ချဘန် စက်မှုဇုန်ကို သွားရောက် လေ့လာခဲ့ရာမှာ ထိုင်းစက်မှုဝန်ကြီး အပါအဝင် တာဝန်ရှိသူတွေက ကြိုဆိုနှုတ်ဆက်ပြီး စက်မှုဇုန် တည်ဆောက်ရေး ဆိုင်ရာ အခြေခံ အချက်အလက်များနဲ့ ပတ်သက်ပြီး ရှင်းလင်း တင်ပြကြပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်က သမ္မတ ဦးသိန်းစိန်နှင့် ဝန်ကြီးများအဖွဲ့ ထိုင်းနိုင်ငံ၊ လန်ချဘန် စက်မှုဇုန်ကို သွားရောက်လေ့လာစဉ်။
ရခိုင်ပြည်နယ်ကို ကုလ-ငြိမ်းချမ်းရေးတပ် စေလွှတ်ဖို့ အီရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပေးဖို့ အီရန်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို မနေ့က တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ အစ္စလာမ် ဘာသာဝင်အပေါ် လူမျိုးတုံး ဖိနှိပ် သတ်ဖြတ်နေတာတွေ ရပ်ဆိုင်းနိုင်ရေး အတွက်လို့ ဆိုပါတယ်။
ကနီမြို့ နယ်ယာဉ်တိုက်မှု စုံစမ်းရေး ကော်မရှင် စတင်စစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့ နယ်မှာ လူနှစ်ဦး သေဆုံးခဲ့ရတဲ့ ယာဉ်တိုက်မှု နဲ့ပတ်သက်လို့ မြို့နယ်တရားသူကြီးရဲ့ ဆုံးဖြတ်ချက် အပေါ် ကျေးရွာ သုံးရွာက ရွာသား နှစ်ရာကျော် ဆန္ဒပြ စာတင်ခဲ့ကြပြီး မနေ့ကတော့ စုံစမ်းရေး ကော်မရှင်က အမှု စတင် စစ်ဆေးနေပြီလို့ သိရှိရပါတယ်။
ကနီမြို့ နယ် ကနေ မုံရွာကို ပြစ်ဒဏ် ချမှတ်ခံရသူများ သယ်ဆောင်လာတဲ့
ခရီးသည်တင် ဘတ်စ်ကားကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ က လမ်းကနေ တားဆီး
ဆန္ဒပြခဲ့ပုံကို ယင်းမာပင်မြို့ နယ် သပြေအေး ကျေးရွာမှ ဆရာတော် ဦးသောပါက က
အခုလို မိန့်ပါတယ်။
သမ္မတ ဦးသိန်းစိန်ပြောသောစကားကို ရခိုင်ပြည်သူလူထုကြိုဆို
လွန်ခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီးရုံး UNHCR ရဲ့ အကြီးအကဲဖြစ်သူ Antonio Guterres နှင့် သမ္မတ
ဦးသိန်းစိန်တို့တွေ့ဆုံခဲ့ရာ သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားမဟုတ်ဘဲ
ခိုးဝင်လာတဲ့ ဘင်္ဂလီမူဆလင်များကို လက်ခံရန်ဘယ်တော့မှ မဖြစ်နိုင်ကြောင်း
ပြောလိုက်သောစကားကို ရခိုင်ပြည်သူလူထုက
တခဲနက်အားပေးထောက်ခံကြိုဆိုလိုက်ကြောင်း သတင်းရရှိသည်။
ရခိုင်သင်္ဃာ့သမဂ္ဂ(RSU)၏ နှစ်ပတ်လည်အခမ်းအနားကျင်းပ

July အခမ်းအနား ကျင်းပခွင့် မရတဲ့အတွက် ဆန္ဒ ထုတ်ဖော်ပြသ
ခွင့်ပြုခြင်း မရှိဘူးလို့ သိရပါတယ်။ 7 July မှာ ကျဆုံးသွားကြတဲ့ ကျောင်းသား လူငယ်တွေကို ဝမ်းနည်း သတိရတဲ့ အထိမ်းအမှတ်အဖြစ် ဆရာ ဦးအောင်ဇေယျက
ဦးဆောင်ပြီး စုစုပေါင်း ကျောင်းသား လူငယ် ၇ ဦးခန့် စက်ဘီးဖြင့် ငြိမ်သက်စွာ တန်းစီ နင်း၍ ဆန္ဒပြ ခဲ့ကြပါတယ်။ ဆန္ဒ ထုတ်ဖော်ပြသ နေချိန်မှာ အာဏာပိုင်တွေ
အနေနဲ့ ကြီးကြီးမားမား နှောင့်ယှက်မှု မရှိပေမယ့် အနီးဝန်းကျင်မှ ဓါတ်ပုံရိုက် မှတ်တမ်းတင်တာတွေ ဆန္ဒပြသူတွေရဲ့နေအိမ်ကို သွားရောက်ပြီး အမည် စာရင်းများ
ကောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရှိ ရပါတယ်။
ရေရှည်တွင်မသင့်တော်၍ စစ်တွေ၌အရပ်ဘက်လုံခြုံရေးများကို ပြန်လည်ရုတ်သိမ်း
ရခိုင်လူမျိုးများနှင့်
ဘင်္ဂလီရပ်ကွက်များအကြားအရပ်ဘက်လုံခြုံရေးကင်းချထားမှုမှာ ရေရှည်မသင့်တော်၍
စစ်တွေ မြို့ပေါ်ရပ်ကွက်အချို့တွင်
အရပ်ဘက်မှလုံခြုံရေးကင်းချထားမှုများအားရုတ်သိမ်းလိုက်ပြီဖြစ်သည်။
ခြောက်လကျော်အတွင်း ခရီးသည်ယာဉ် တိုက်မှုကြောင့် ရန်ကုန်မြို့တွင်း ၆၇ ဦး သေဆုံး
ရတနာဦး
|
စနေနေ့၊ ဇူလိုင်လ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၁၄ မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။ ခရီးသည်ယာဉ်တိုက်မှုကြောင့် ယခုနှစ် ပထမ ခြောက်လပတ် ကျော်ကာလအတွင်း ရန်ကုန်မြို့အတွင်း သေဆုံးသူ ၆၇ ဦးရှိခဲ့ပြီး ၄၅၆ ဦး ဒဏ်ရာရခဲ့ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးလှအောင် က ပြောသည်။
တာမွေ ရာပြည့်ဈေးသစ် ၂ နှစ်အတွင်း ပြီးစီးမည်ဟုဆို
ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ရာပြည့်ဈေးအား
အဆင့်မြင့် ဈေးအဖြစ် ပြန်လည် တည်ဆောက်မည်ဖြစ်ကာ ၂ နှစ်အတွင်း အပြီး
တည်ဆောက်သွားရန် ရှိကြောင်း စည်ပင်သာယာရေး
ဝန်ကြီးဌာန အောက်ရှိ ရန်ကုန်မြို့ ဈေးများဌာနမှ အဆင့်မြင့် အရာရှိတဦးက ပြောသည်။
ဝန်ကြီးဌာန အောက်ရှိ ရန်ကုန်မြို့ ဈေးများဌာနမှ အဆင့်မြင့် အရာရှိတဦးက ပြောသည်။
ဗန်းမော်မြို့မှ ကသာမြို့သို့ စုန်ဆင်းသော ရှပ်ပြေးရေယာဉ်တစ်စင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လေးဦးသေဆုံးပြီး ၇၀ ဦး ကယ်ဆယ်နိုင်ခဲ့

ရှပ်ပြေးယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သော နေရာအား ဒေသခံများ ၀ိုင်းဝန်းကြည့်ရှုနေစဉ်
ဗန်းမော်မြို့ မြို့မရပ်ကွက်ဆိပ်ကမ်းမှ ထွက်ခွာလာသော မြမင်းအောင် အမည်ရှိ အဆိုပါရေယာဉ်သည် ဆိပ်ကမ်းမှ ထွက်ခွာပြီးနောက် ဂီယာညှပ်ပြီး ဦးလည်ကာ အခြားရေယာဉ် တစ်စင်းနှင့် တိုက်မိကာ တိမ်းမှောက် သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရပ်ဆိုင်းထားသည့် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံ CPI ကုမ္ပဏီမှ စည်းရုံးမှုအချို့ကြောင့် ဒေသခံများစိုးရိမ်

ရေ၀ပ်ဧရိယာရှိ ကျေးရွာအချို့အား ပြောင်းရွှေ့နေရာချထားသော အောင်မြင်သာ စံပြကျေးရွာကို တွေ့ရစဉ်
ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့အတွင်း လေပြင်းတိုက်ခတ်မှုများကြောင့် လူနေအိမ်များ ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရ

လေပြင်း တိုက်ခတ်မှုကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရွာသာကြီးရပ်ကွက်အတွင်း
အမိုးများပျက်စီးသွားသော စက်ရုံဂိုထောင်တစ်ခုကို တွေ့ရစဉ်
ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့အတွင်း လေပြင်းတိုက်ခတ်မှုများကြောင့် လူနေအိမ်များ ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
သုခကုသိုလ်ဖြစ် ဆေးခန်းတွင် အကြောအဆစ်ရောဂါနှင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးဌာနကို အာဇာနည်နေ့တွင် စတင်ဖွင့်လှစ်

အကြောအဆစ် ရောဂါဝေဒနာရှင်များအား ကုသပေးနေမှုကို တွေ့ရစဉ်
ခုနစ်လအတွင်း (၁၀)ကြိမ်မြောက် ကားခိုးမှုအဖြစ် ကျပ်သိန်း ၆၀၀ကျော် တန်ဖိုးရှိ မော်ဒယ်မြင့် ကားသစ်တစ်စီး ထပ်မံခိုးယူခံရ
ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလမှ ဇူလိုင်လ ၂၁
ရက်နေ့အတွင်း(၁၀)ကြိမ်မြောက် ကားခိုးမှုအဖြစ်ကျပ် သိန်း ၆၀၀ ကျော်တန်ဖိုးရှိ
မော်ဒယ်မြင့်ကား သစ်တစ်စီး ထပ်မံခိုးယူခံရခဲ့ကြောင်း သတင်းရရှိသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကြေးရုပ်တုအား လွှဲပြောင်းပေးအပ်

ဦးသန့်ပုံတူရုပ်တုအား လွှဲပြောင်းပေးအပ်ပွဲ မြင်ကွင်း
ဟိုတယ်လုပ်ငန်း၌ ဗီယက်နမ် စီးပွားရေးလုပ်ငန်းစုကြီး တစ်ခုမှ အမေရိကန်ဒေါ်လာ သန်းသုံးရာ ရင်းနှီးမြှုပ်နှံ သွားမည်ဟု သိရ
ဟိုတယ်လုပ်ငန်း၌ ၂၀၀၀ ပြည့် နှစ်နောက်ပိုင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ဗီယက်နမ်စီးပွားရေး
လုပ်ငန်းစုကြီးဖြစ်သည့် HAG &LAND မှ အမေရိကန်ဒေါ်လာသန်း သုံးရာ
ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနမှ
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုညွှန်ကြားရေးမှူး ဦးလှိုင်ဦးထံမှ သိရသည်။
၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို နှစ်ပေါင်း ၂၀ကျော်ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ခဲနက် ကျင်ပ

အာဇာနည်ဗိမာန်ရှေ့တွင် ဂါရ၀ပြုရန် စောင့်ဆိုင်းနေသော ပြည်သူများအား ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်
သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ ချွန်ဘူရီခရိုင် စက်မှုဇုန် သွားရောက်လေ့လာ
RFA
သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ကို
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် လမ်ချဘန် စက်မှုဇုန်တွင်၂၀၁၂ ခုနှစ်
ဇူလိုင်လ ၂၂ ရက်နေ့က ထိုင်း အရာရှိများက ကြိုဆိုနေကြစဉ်။
ရှပ်ပြေးရေယာဉ် နစ်မြုပ်မှု နောက်ဆက်တွဲ အခြေအနေ
သေဆုံးသူတွေရဲ့ ရုပ်အလောင်းအချို့ဟာ မြစ်အောက်ဘက်မှာ ရှိတဲ့
စင်းခန်း၊ ရွေကူ၊ ကသာဘက်ကို မျောပါသွားတယ်လို့ ဒေသခံတစ်ဦးက RFA
ကိုပြောပါတယ်။
အင်တာနက်ပေါ်က ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု တရားစွဲမည်
2012-07-22
အင်တာနက် Youtube မှာ ကိုယ့်ကိုကိုယ် ဗီဒီယိုရိုက်ပြီး
အမြင်သဘောထားမတူတဲ့ အခြားသူတွေကို ပုဂ္ဂိုလ်ရေးအရ အသရေပျက်အောင်
တိုက်ခိုက်တာတွေ ဖြစ်လာတာကြောင့် လန်ဒန် စီးပွားရေး တက္ကသိုလ်ရဲ့
ဧည့်ပညာရှင် ဒေါက်တာဇာနည်က ဥပဒေအရ တရားစွဲဖို့ ပြင်ဆင်နေကြောင်း RFA ကို
ဒီကနေ့ပြောပါတယ်။Ve Ve အချိုရည်စက်ရုံ ၀န်ထမ်းများ ခံစားခွင့် တောင်းဆို ဆန္ဒပြ
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းမှာရှိတဲ့ နာမည်ကျော် Ve Ve အချိုရည်စက်ရုံက ၀န်ထမ်း ၂၀၀ ကျော်ဟာ သူတို့ရဲ့ လစာနဲ့ ခံစားခွင့်တွေ အပြည့်အ၀ ရရှိရေးအတွက် 22ရက်မနက် (၇) နာရီခွဲ လောက်က စတင် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
လစာနည်းပါးလွန်းတဲ့ အပြင် တခြား အခွင့်အရေးတွေပါ မရရှိတာကြောင့်
အခုလို ဆန္ဒပြရတာလို့ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် ကိုဇေယျာဦးက RFA ကို
ပြောပါတယ်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ နိုင်ငံရေးပါတီ ၁၄ ခု တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနဲ့ စက်မှုဝန်ကြီး ဦးစိုးသိန်းတို့ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ တိုင်းရင်းသား ပါတီတွေ အပါအ၀င် နိုင်ငံရေးပါတီ ၁၄ ခုက ခေါင်းဆောင်တွေနဲ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့မှာ (၄) နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
RFA
Subscribe to:
Posts (Atom)