Monday, July 23, 2012

July အခမ်းအနား ကျင်းပခွင့် မရတဲ့အတွက် ဆန္ဒ ထုတ်ဖော်ပြသ


စက်ဘီးနင်း၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ပြသ
ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့မှာ 7 july အခမ်းအနားကို ကျင်းပဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ အကြောင်းကြားပေမယ့် အာဏာပိုင်တွေ အနေနဲ့
ခွင့်ပြုခြင်း မရှိဘူးလို့ သိရပါတယ်။ 7 July မှာ ကျဆုံးသွားကြတဲ့ ကျောင်းသား လူငယ်တွေကို ဝမ်းနည်း သတိရတဲ့ အထိမ်းအမှတ်အဖြစ် ဆရာ ဦးအောင်ဇေယျက
ဦးဆောင်ပြီး စုစုပေါင်း ကျောင်းသား လူငယ် ၇ ဦးခန့် စက်ဘီးဖြင့် ငြိမ်သက်စွာ တန်းစီ နင်း၍ ဆန္ဒပြ ခဲ့ကြပါတယ်။ ဆန္ဒ ထုတ်ဖော်ပြသ နေချိန်မှာ အာဏာပိုင်တွေ
အနေနဲ့ ကြီးကြီးမားမား နှောင့်ယှက်မှု မရှိပေမယ့် အနီးဝန်းကျင်မှ ဓါတ်ပုံရိုက် မှတ်တမ်းတင်တာတွေ ဆန္ဒပြသူတွေရဲ့နေအိမ်ကို သွားရောက်ပြီး အမည် စာရင်းများ
ကောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရှိ ရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။