Monday, July 23, 2012

 ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့အတွင်း လေပြင်းတိုက်ခတ်မှုများကြောင့် လူနေအိမ်များ ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရ

7428a
လေပြင်း တိုက်ခတ်မှုကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရွာသာကြီးရပ်ကွက်အတွင်း
အမိုးများပျက်စီးသွားသော စက်ရုံဂိုထောင်တစ်ခုကို တွေ့ရစဉ်

ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့အတွင်း လေပြင်းတိုက်ခတ်မှုများကြောင့် လူနေအိမ်များ ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း  သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံ ကုန်းမြို့နယ် ကိုင်းလျားရှည်ကျေးရွာ အုပ်စု အင့်ဟင်ကျေးရွာတွင် မွန်းလွဲ ၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ရာ ဓနိမိုး၊ ထရံကာ၊ ၀ါးကြမ်းခင်းနေအိမ်ရှစ်လုံး နှင့် အမိုးလန်နေအိမ်နှစ်လုံး စုစုပေါင်း ၁၀ လုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း၊ ဒဂုံမြို့သစ်(အရှေ့ ပိုင်း) မြို့နယ် ရွာသာကြီးရပ်ကွက် တွင် အိမ်အချို့နှင့် ၀န်ထမ်းလိုင်းခန်း အချို့ပျက်စီးခဲ့ပြီး လမ်းဘေးဝဲယာရှိ သစ်ပင်များ၊ လျှပ်စစ်မီးတိုင်များ ပြိုလဲကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး တွင် နံနက် ၁၀နာရီ ၃၀ မိနစ်အချိန်ခန့်က လေပြင်း တိုက်ခတ်မှုကြောင့်  မော်လမြိုင်ကျွန်းမြို့နယ် ကျောက်ချောင်း ကျေးရွာအုပ်စု မြင်းကချောင်းကျေးရွာ နှင့် ငွေဇင်ယော် ကျေးရွာ တို့တွင် အိမ်ခြေ ၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဒေးဒရဲမြို့နယ် မိချောင်း အိုင်ကျေးရွာတွင် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်သုံးလုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
7428b
လေပြင်း တိုက်ခတ်မှုကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရွာသာကြီး ရပ်ကွက်အတွင်း
ပျက်စီးသွားသော လူနေအိမ်တစ်လုံးကို တွေ့ရစဉ်
“ပထမတစ်ကြိမ် တိုက်တုန်းက အိမ်တချို့ပါသွားတယ်။ နောက်သိပ် မကြာဘူး။ နောက်တစ်ကြိမ်က ပထမတစ်ကြိမ်ထက် ပိုပြင်းတယ်။ အဲဒီအခါကျတော့ အိမ်တွေလိုင်းခန်း တွေတင်မကဘူး။ မေခ ခသ်ာနနိ စက်ရုံက ဂိုဒေါင်တွေရဲ့ အမိုးတွေလည်း လန်ကုန်တယ်။ လမ်းဘေး က သစ်ပင်တွေ၊ ဓာတ်တိုင်တွေပါ လဲကုန်တယ်။ နှစ်ကြိမ်စလုံးက လေပွေပုံစံမျိုးပဲ။ လမ်းပေါ်ကို ဓာတ်တိုင် တွေ၊ သစ်ပင်တွေလဲကုန်လို့လမ်းက ခဏတော့ ပိတ်သွားတယ်”ဟု ဒဂုံမြို့သစ် အရှေ့ပိုင်းရပ်ကွက်တွင် နေထိုင်သူ ကိုဇော်က ပြောပါသည်။
7428c
လေပြင်း တိုက်ခတ်မှုကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရွာသာကြီးရပ်ကွက်အတွင်း ပြိုလဲသွားသော သစ်ပင်များကို တွေ့ရစဉ်
ထို့အပြင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်၌လည်း ဇူလိုင်လ ၁၉ ရက်နေ့ ည ၉ နာရီ ၂၅ မိနစ် အချိန်က မိုးရွာသွန်းမှုနှင့်အတူ လေဆင် နှာမောင်းတိုက် ခတ်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၀၃ လုံး ပျက်စီးသွားကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာမှု မရှိခဲ့ကြောင်းနှင့် ပျက်စီးသွားသော နေအိမ်များရှိ အိမ်ထောင်စုများအား သက်ဆိုင်ရာမြို့နယ်များတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။