Saturday, April 21, 2012
ဂျပန် ရင်းနှီးမြှုပ်နှံမှုများအား ဦးသိန်းစိန် ဖိတ်ခေါ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ တိုကျိုမြို့သို့ ရောက်ရှိနေသည့် သမ္မတ
ဦးသိန်းစိန်က ဂျပန်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ အား
မြန်မာနိုင်ငံမှ စိတ်အားထက်သန်စွာ လိုအပ်လှကြောင်း သောကြာနေ့က ထုတ်ဖော်
ပြသလိုက်သည်။
NLDလွှတ်တော်ကိုယ်စားလှယ်များ ဥပဒေဆိုင်ရာသင်တန်းပို့ချ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)ရုံးတွင် အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်
များကို
အငြင်းပွားရေနံမြေ တောင်ဆူဒန်သိမ်းယူမှု ကုလကန့်ကွက်
ရေနံတွင်းတွေရှိရာ Heglig မြို့ကို တောင်ဆူဒန်က သိမ်းပိုက်လိုက်တာဟာ
တရားဝင်မှုမရှိသလို အိမ်နီးချင်း ဆူဒန်နိုင်ငံရဲ့
အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ချိုးဖောက်ရာ ရောက်တယ်လို့လည်း ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်က ပြောလိုက်ပါတယ်။
NLD တင်ပြချက် အခြေခံဥပဒေခုံရုံးက ပြင်ဆင်ခြင်းမပြု
လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည် ဆိုတဲ့စကားရပ်နဲ့ ကျိန်ဆိုရမှာကို အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဆိုတဲ့ စကားရပ်နဲ့ ပြင်ဆင်ပေးဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရကို တင်ပြထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ နေပြည်တော် အခြေခံဥပဒေခုံရုံးက ဒီစကားရပ်ကို ပြန်လည်ပြင်ဆင်ရေးသားဖို့ မလိုတဲ့အကြောင်း NLD ကို ဒီနေ့ ခေါ်ယူပြောဆိုလိုက်ပါတယ်။
MRTV
၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ
ဦးသိန်းစိန်တို့ နေပြည်တော် သမ္မတ အိမ်တော်မှာ ပထမဆုံးအကြိမ်
တွေ့ဆုံခဲ့သည့် သတင်းကို မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့စဉ် မြင်ကွင်း
ဖြစ်ပါသည်။
တိုင်းရင်းသား ညီလာခံ ကျင်းပပေးဖို့ UNFC တောင်းဆို
တိုင်းရင်းသား ညီလာခံ ကျင်းပပေးဖို့ UNFC တောင်းဆို
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC က တိုင်းရင်းသားအားလုံး ပါဝင်တဲ့ ညီလာခံ ခေါ်ယူနိုင်ရေးအတွက် ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဧပြီလ ၁၉ ရက်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
အိန္ဒိယ တာဝေးပစ် ဒုံးကျည် အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်
တရုတ်နဲ့ ဥရောပက ပစ်မှတ်တွေအထိ ရောက်နိုင်ပြီး နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်တဲ့ တာဝေးပစ် ဒုံးကျည် တခုကို အိန္ဒိယက စမ်းသပ် ပစ်လွှတ်လိုက်ပါတယ်။ အခုလိုမျိုး အဆင့်မြင့်ဒုံးကျည်ကို ပြည်တွင်းမှာ အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့တဲ့အတွက် အိန္ဒိယနိုင်ငံ ဟာ တိုက်ချင်းပစ် နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံအနည်းငယ်တွေကြားမှာ တနိုင်ငံအဖြစ် ပါဝင်လာပါတော့တယ်။
Subscribe to:
Posts (Atom)