ပြီးခဲ့နှစ်ရက်က မြန်မာအစိုးရတပ်သို့ လက်နက်ချ ၀င်ရောက်ခဲ့သော
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အောက် တာလောကြီးကျေးရွာ
အရပ်သားတပ်ဖွဲ့များ အားလုံးနီးပါး ဧပြီ ၁၉ ယနေ့ မနက်ပိုင်း ဖြစ်ပွားသည့်
တိုက်ပွဲများတွင် ကျဆုံးသွားကြောင်း KIA ရှေ့တန်းသတင်းက ဆိုသည်။
၎င်းတို့အား တာလောကြီးရွာရှိ မြန်မာစစ်တပ် ခလရ အမှတ် ၃၇ စစ်ကြောင်းမှ တာလောကြီးနှင့် ရှဒန်ပါ ငှက်ပျောခြံကြား "မန်မော (Man Manu)" ရှ့တန်းနေရာများသို့ “လမ်းပြများအဖြစ်” ခေါ်ဆောင်သွားစဉ် KIA နှင့် ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွါးပြီး ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ယင်းဒေသမှ KIA အရာရှိများဆိုသည်။

ဧပြီ ၁၆-၁၇ ရက် မြန်မာအစိုးရတပ်သို့ အလင်းဝင်သည့် KIA တာလောကြီး အရပ်သား တပ်ဖွဲ့ ၀င်များ။
တာလောကြီးကျေးရွာသည် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား တောင်ဘက် မိုင်၂၀ ကျော်၊ဧရာဝတီမြစ်အရှေ့ဘက်ကမ်းပါးပေါ်တွင် တည်ရှိပါသည်။
အစိုးရထုတ်ပြန်သောသတင်းများအရတာလောကြီးဒေသတွင် လှုပ်ရှားသော KIA စစ်သား ၄၂ ဦးသည် ကျေးရွာရှိ ခလရ ၃၇ စခန်းသို့ ဧပြီ ၁၆ နှင့် ၁၇ ရက်များတွင် လက်နက်ချ ၀င်ရောက်ခဲ့သည်ဟု ဆိုထားသည်။
သို့သော်“၎င်းတို့သည်စစ်သားများမဟုတ်ပဲတာလောကြီးကျေးရွာမှ MHH ခေါ်အရပ်သားတပ်ဖွဲ့ဝင်များသာ ဖြစ်သည်ဟုKIAကဆိုသည်။
By KNG

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။