လေပြင်းတိုက်ခတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း စသည့် မိုးလေ၀သ
ဖြစ်စဉ်များကို ဖြစ်ပေါ်စေနိုင်သော မိုးတိမ်တောင်များ၏ သက်ရောက်မှုကို
မေလကုန်ပိုင်းအထိ သတိပြုရန် လိုအပ်ကြောင်း သတင်းရရှိ ပါသည်။
Sunday, May 13, 2012
မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများအကြား အခြေခံလုပ်ခလစာ အနိမ့်ဆုံးနိုင်ငံဖြစ်နေ၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများဖြင့် လုပ်ကိုင်နေသော စက်ရုံများ၌ လုပ်ခလစာနည်းပါးမှုကြောင့် အလုပ်သမားများ၏ ဆန္ဒပြုမှုများ ယခုနှစ်အတွင်း ဆက်တိုက်ဖြစ်ပေါ်

စက်မှုဇုန်ဝန်ထမ်းများ၏ နံနက်ပိုင်း လုပ်ငန်းခွင် မ၀င်ရောက်မီမြင်ကွင်း
ပို့ကုန်သွင်းကုန် လုပ်ငန်း အချို့တွင် ကန့်သတ်ထားသော TT၊ LCနှင့် FOB ၊ CIF စနစ် ကန့်သတ်ချက်များကို ပယ်ဖျက်မှု အပါအ၀င် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ ပြောင်းလဲမည်
မြန်မာပို့ကုန်သွင်းကုန်လုပ် ငန်းအချို့တွင် ကန့်သတ်ထားသော FOB
(Free on Board)၊ CIF(Cost, Insurance & Freight) နှင့် T/T
(Telegraphic Transfer) ၊ LC (Letter of Credit) စနစ် ကန့်သတ်ချက်များကို
ပယ်ဖျက်မှု အပါအ၀င် မူဝါဒ များ၊ လုပ်ထုံးလုပ်နည်းများ ပြောင်းလဲ
ဆောင်ရွက်မည် ဖြစ်ကြောင်း ပို့ကုန် သွင်းကုန် လုပ်ငန်းအသိုင်းအ၀ိုင်းထံမှ
သတင်းရရှိပါသည်။
X2O ရေကစား မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အပြီးသတ်စီရင်ချက် ချမှတ်၊ တရားစီရင်ရေးတွင် အမှုအချို့ကို ပြည်သူများမျက်ကွယ်၌ စစ်ဆေးခြင်း၊ စီရင်ချက်ချမှတ်ခြင်းတို့ ရှိနေသည့်အပေါ် ဝေဖန်မှုများ ရှိနေ

နေအိမ်ခြံဝင်းအတွင်း ၀င်ရောက်ခဲ့သော Mr.John William Yettaw နှင့်ပတ်သက်၍ တရားစွဲဆိုခံရမှု အတွက်
စစ်ဆေးမှုများပြုလုပ်ရာ အင်းစိန်ထောင်ဝင်း အတွင်းရှိ မြောက်ပိုင်းခရိုင် တရားရုံးမှပြန်လည် ထွက်ခွာလာသည့်
ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၉ ခုနှစ် မေလအတွင်းက တွေ့ရစဉ်
အမေရိကန်စစ်သင်္ဘောများ စင်ကာပူတွင် ၁၀ လကြာမျှ တပ်ဖြန့်ထားရန် စီစဉ်

USS Freedom စစ်သင်္ဘော
အသက် ၁၈ နှစ်ပြည့် သူတိုင်း ငွေလဲကောင်တာများမှ ငွေဝယ်ယူ၍ MFTB နှင့် MICB ဘဏ်တို့တွင် နိုင်ငံခြားဘဏ်စာရင်း ဖွင့်ခွင့်ရှိကြောင်းသိရ
နိုင်ငံခြားငွေကြေးသုံး အစိုးရဘဏ်များတွင် ဒေါ်လာ အကောင့်ဖွင့် ချင်သူတိုင်း
မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နှင့် မြန်မာ့ရင်းနှီး
မြုပ်နှံမှုနှင့်ကူးသန်း ရောင်းဝယ်ရေး ဘဏ် MICB တို့တွင် အသက် ၁၈
နှစ်ပြည့်ပြီးသည့် မြန်မာနိုင်ငံသားတိုင်း မည်သူမဆို နိုင်ငံခြားငွေစာရင်း
ဖွင့်ခွင့် ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ ရရှိသောသတင်းများအရ
သိရသည်။
အစိုးရနှင့် မူးယစ်ဆေး ပူးပေါင်းနှိမ်နင်းရန် SSA အသင့်ရှိ
ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S)သည်
မကြာသေးခင်က ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီနှင့် မူးယစ်ဆေးဝါး
တိုက်ဖျက်ရေး ကော်မတီ ၂ ရပ်ကို ဖွဲ့စည်းခဲ့ပြီး အစိုးရနှင့်
ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။
နိုင်ငံခြားငွေအတုအစစ် စစ်ဆေးသည့် ငွေရေတွက်စက်များ ပြည်တွင်းဈေးကွက်သို့ ၀င်ရောက်လာ

ဘဏ်လုပ်ငန်း သုံးစက်ပစ္စည်းများဖြစ်သော အမေရိကန်ဒေါ်လာ၊ ယူရိုငွေကြေးနှင့် အခြား နိုင်ငံခြားငွေကြေးများအား အတုအစစ်နှင့်နံပါတ် ကိုပါ တစ်ပြိုင်တည်း မှတ်သားပေးသည့် Counterfeiting Machine များ ပြည်တွင်းရှိ နိုင်ငံခြားဘဏ်လုပ်ငန်း (AD)လုပ်ခွင့်ရသော ဘဏ်များသို့ target ထား၍ ၀င်ရောက်လာကြောင်း သတင်းရရှိသည်။
သတင်းမီဒီယာများမှ ထုတ်ဝေသူများ တွေ့ဆုံ၊ ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့်ရပါက တွေ့ကြုံရနိုင်သည့် အခြေအနေများအပေါ် ဆွေးနွေး
သတင်းမီဒီယာများမှ ထုတ်ဝေသူများသည် မေလ ၉ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ရှိ
ဆီဒိုးနားဟိုတယ် Dufu စားသောက်ဆိုင်၌ တွေ့ဆုံခဲ့ပြီး ပုဂ္ဂလိက သတင်းစာများ
ထုတ်ဝေခွင့်ရပါက တွေ့ကြုံရနိုင်သည့် အခြေအနေများအပေါ် ဆွေးနွေးခဲ့ကြကြောင်း
သိရသည်။
မီဒီယာလုပ်ငန်းများကို နှစ်ပေါင်းများစွာ လုပ်ကိုင်နေကြသူများ အချင်းချင်း အပြန်အလှန် အကူအညီပေးရေး အပါအ၀င် ပုဂ္ဂလိကသတင်းစာများထုတ် ဝေခွင့်ရခဲ့ပါက တွေ့ကြုံရနိုင်သည့် အခြေအနေများနှင့် ပတ်သက်၍... |
The Voice နှင့် သတ္တုတွင်း အမှု အပြီးသတ် ကြားနာမည်
The Voice ဂျာနယ်တွင် ဖော်ပြခဲ့သည့် “ဝန်ကြီးဌာန အချို့ ၏
ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ”ဟူသော သတင်း နှင့်
ပတ်သက်၍ သတ္ထုတွင်း ဝန်ကြီးဌာနက အယ်ဒီတာချုပ်၊ ထုတ်ဝေသူနှင့် သတင်းရေးသားသူ
တို့ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုထားရာ မေလ၂၃ ရက်နေ့တွင် အပြီးသတ်ကြားနာ
အမိန့်ချမှတ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
မေလ
၁၁ ရက် စတုတ္ထအကြိမ်မြောက် ရုံးချိန်းတွင် သတင်းရေးသားသူအား ဖော်ထုတ်ရန်
သတ္တုတွင်းဝန်ကြီးဌာနမှ တောင်းဆိုခဲ့ရာ စာနယ်ဇင်း ကျင့်ဝတ်နှင့်
အခြေခံဥပဒေပါ ပြဌာန်းချက်များအရ ဖော်ထုတ်ခွင့် မရှိကြောင်း The Voice Weekly ၏ အကျိုးဆောင် ရှေ့ နေ ဦးသိန်းညွှန့်က လျှောက်လဲချက် ပေးခဲ့ကြောင်း သိရသည်။

ဗုံးခွဲရန် ကြံစည်မှု၊ နိုင်ငံတော်အကြီးအကဲများကို လုပ်ကြံရန် စီစဉ်မှုစသည့် စွဲချက်မျိုးစုံဖြင့် သေဒဏ်ကျခံစေရန် အမိန့်ကို ကြုံတွေ့ခဲ့ရသူ ကိုဇော်သက်ထွေး၏ ကိုယ်တွေ့ပြောကြားချက်

၂၇-၇-၂၀၀၃ နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ကိုဇော်သက်ထွေး ဖမ်းဆီးခံခဲ့ရသော ဖြစ်စဉ်နှင့်
ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ သတင်းဖော်ပြချက်
ရန်ကုန်မြို့ရှိ အထင်ကရနေရာများကို ဗုံးခွဲရန်ကြံစည်မှု၊ နိုင်ငံတော်အကြီး အကဲများကို လုပ်ကြံရန် စီစဉ်မှုစသည့် အခြားစွဲချက်မျိုးစုံဖြင့် သေဒဏ်ကျခံစေရန် အမိန့်ချခံရပြီး ထောင်အတွင်း၌ ၁၇ လ အကြာအချုပ်ခံရကာ ပြန်လည်လွတ် မြောက်လာသူ ကိုဇော်သက်ထွေးက ‘ကျွန်တော်က နိုင်ငံရေး
ဒီမိုကရေစီဖြစ်ထွန်းရေး လျှောက်လှမ်းနေသည့် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး အသီးအပွင့်များကို လူအများစု ခံစားရရှိနိုင်လိမ့်မည်ဟု အမေရိကန် ပြည်ထောင်စု မျှော်လင့်နေ

ဒီမိုကရေစီဖြစ်ထွန်းရေး လျှောက်လှမ်းနေသည့် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး အသီးအပွင့်များကို လူအများစု ခံစားရရှိနိုင်လိမ့်မည်ဟု အမေရိကန် ပြည်ထောင်စုက မျှော်လင့်နေကြောင်း အေအက်ဖ်ပီ သတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။
‘လူမှုစီးပွားရေး အကြံပေးကောင်စီ’ တွင် ဦးမြင့် ပါဝင်နိုင်မည် မဟုတ်
ရန်ကုန် (မဇ္ဈိမ)။ ။ ဒုတိယ အဆင့် မဟာဗျူဟာ ပြောင်းလဲမှုအတွက်
အထောက်အကူဖြစ်စေရန် လွန်ခဲ့သော တလကျော်ကတည်းက ဖွဲ့စည်းရန် စီစဉ်ခဲ့သည့်
‘မြန်မာနိုင်ငံ လူမှုစီးပွားရေး အကြံပေးကောင်စီ’ တွင်
နိုင်ငံသမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့် အနေဖြင့် ပါဝင်နိုင်လိမ့်မည် မဟုတ်ကြောင်း မဇ္ဈိမကို ပြောသည်။

နိုင်ငံသမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့် အနေဖြင့် ပါဝင်နိုင်လိမ့်မည် မဟုတ်ကြောင်း မဇ္ဈိမကို ပြောသည်။

ကား မောင်းနှင်ပြီး ခရီးမိုင် လိမ်လည်ရောင်းချမှုများ ရှိနေ
ရန်ကုန် (မဇ္ဈိမ)။ ။ အသစ်တင်သွင်းလာသော တပတ်ရစ်ကားများ၏ မောင်းနှင်ပြီး
ခရီးမိုင်ပြ ဒိုင်ခွက်များတွင် ကိန်းဂဏန်းများကို လျှော့ချပြီး ကားအခြေအနေ
အဆင့်အတန်းပြ စာရွက် စာတမ်းများရှိ ကိန်းဂဏန်းများကိုပါ
ပြင်ဆင်ကာ ရန်ကုန် ကားဈေးကွက်အတွင်း လိမ်လည် ရောင်းချမှုများ ရှိနေကြောင်း ကားဝယ်ရောင်း လုပ်ကိုင်သူများနှင့် ကားဝပ်ရှော့ဆရာများက ဆိုသည်။
ပြင်ဆင်ကာ ရန်ကုန် ကားဈေးကွက်အတွင်း လိမ်လည် ရောင်းချမှုများ ရှိနေကြောင်း ကားဝယ်ရောင်း လုပ်ကိုင်သူများနှင့် ကားဝပ်ရှော့ဆရာများက ဆိုသည်။
ကချင်နယ်မြေတွင်း ထိုးစစ်များ မရပ်ပါက အပစ်ရပ်ထားမှုများ UNFC ပြန်သုံးသပ်မည်
ချင်းမိုင်(မဇ္စျိမ)။ ။ ကချင်ပြည်နယ်အတွင်း ထိုးစစ်များကို ဇွန်လ ၁၀
ရက်နေ့အထိ အစိုးရဘက်မှ မရပ်ဆိုင်းပါက အဖွဲ့ဝင် အဖွဲ့အစည်းများ ရရှိထားသော
အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများကို
ပြန်လည် သုံးသပ်သွားမည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ပြန်လည် သုံးသပ်သွားမည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ
![]() |
ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ၏ (၁၂.၅.၂၀၁၂) ကော့မှူးခရီးစဉ် (ဓါတ်ပုံ-နောင်တော်လေး-Facebook) |
ရပ်ရွာအခြေပြု HIV ကူညီရေး ကွန်ယက်များနှင့် နိုင်ငံရေးပါတီများတွေ့ဆုံ
မေ ၁၂၊ ၂၀၁၂ (YPI)
မြန်မာနိုင်ငံ HIV ဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသော ရပ်ရွာအခြေပြုကွန်ယက်များနှင့် မူဝါဒဆိုင်ရာ ပုဂ္ဂိုလ်များတွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ Central Hotel ၌ကျင်းပခဲ့သည်။
မြန်မာနိုင်ငံ HIV ဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသော ရပ်ရွာအခြေပြုကွန်ယက်များနှင့် မူဝါဒဆိုင်ရာ ပုဂ္ဂိုလ်များတွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ Central Hotel ၌ကျင်းပခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ၏ (၁၂.၅.၂၀၁၂) ကော့မှူးခရီးစဉ် (ဓါတ်ပုံ)
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့မဲဆန္ဒနယ်အတွင်းမှ လူငယ်များ၊ ကျောင်းဆရာမ များ ကျောင်းသားများနှင့်တွေ့ဆုံပြီး
မြို့နယ်ဆေးရုံက ဆရာဝန်ကြီးနှင့် အခြားသော ကျမ်းမာရေးဝန်ထမ်းများနှင့်လည်း
တွေ့ဆုံခဲ့ပါတယ်။ ထိုသို့တွေ့ဆုံစဉ် မိုးသည်းထန်စွာ ရွာသွန်းသည့် အတွက်
အခြားခရီးစဉ်များကို လိုက်ပါနိုင်ခြင်းမရှိတော့ပဲ ပြန်ခဲ့ပါတယ်။
တွံတေးမြို့နယ်တွင်တိုင်းမှူးနှင့်တပ်သား(၄၀၀)ကျော်အဖွဲ့က ဒေသခံများအတွက် ရေကန်တူးပေး
မေ(၁၂)ရက်၊၂၀၁၂ခုနှစ်။
တွံတေးမြို့နယ်ရှိ ပျော်ဘွယ်ကလေးရွာတွင် လာမည့်နှစ်များ၌ ရေရှားပါးမှုမဖြစ်စေရန်အတွက် ရေကန်များအား သန့်ရှင်းရေး လုပ်ခြင်းနှင့် အောက်ခြေထပ်တူးခြင်းတို့အား တပ်မတော်သားအင်အား(၄၀၀)ကျော်က ကူညီလုပ် ဆောင်ပေးလျက်ရှိကြောင်း ဒေသခံတို့က ဆိုသည်။
ပိုလန် - မြန်မာ ဒီမိုကရေစီ အတွေ့အကြုံ နှီးနှော By ကိုဇော်ဝင်းလှိုင်
တပါတီ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းရေးနဲ့
ပတ်သက်လို့ ပိုလန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ အတွေ့အကြုံ နှီးနှော
ဖလှယ်တဲ့ အလုပ်ရုံဆွေးနွေးပွဲတခု ရန်ကုန်မြို့မှာ ကျင်းပနေပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလအတွင်း မီဒီယာ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့
ပညာတတ် လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်လို့ ပိုလန်နိုင်ငံက
ကျွမ်းကျင်သူတွေက ဆွေးနွေး တင်ပြခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာ ကျင်းပနေတဲ့
ဒီအလုပ်ရုံ ဆွေးနွေးပွဲ အကြောင်းကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
တရုတ်ပြည် မိုးသီးမုန်တိုင်း လူ လေးဆယ်နီးပါး သေဆုံး
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း တောင်ကုန်းမြေမြင့်ဒေသဖြစ်တဲ့
ဂန်ဆုပြည်နယ် (Gansu Province) မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ မေလ ၁၀ ရက်နေ့
ညပိုင်းက စလို့ မုတ်သုန်မိုး မုန်တိုင်းကျရောက်ပြီး ဂေါက်သီးဘောလုံးအရွယ်
မိုးသီးတွေ ကြွေကျခဲ့တာကြောင့် လူ ၃၇ ဦး သေဆုံးပြီး ၁၈ ဦး
ပျောက်ဆုံးနေပါတယ်။
ပြည်တွင်း လူမှုကူညီရေး အမေရိကန်ရောက် မြန်မာတွေ ရန်ပုံငွေရှာဖွေပွဲ ကျင်းပ
ပြည်တွင်း လူမှုကူညီရေး အမေရိကန်ရောက် မြန်မာတွေ ရန်ပုံငွေရှာဖွေပွဲ ကျင်းပ
2012-05-12
မြန်မာပြည်သားချင်း ရိုင်းပင်းကူညီစို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးမှာ ရှိကြတဲ့ ပြည်သူ့ဂုဏ်ရည်အသင်း အဖွဲ့ဝင်တွေဟာ ပြည်တွင်းက လူမှုအထောက်အကူပြု လုပ်ငန်းတွေကို ကူညီပံပိုးဖို့ ရန်ပုံငွေရှာဖွေပွဲတွေကို အပတ်စဉ် ကျင်းပနေပါတယ်။ကေအိုင်အိုအပေါ် မြန်မာစစ်တပ်ရဲ့ ထိုးစစ်ရပ်တန့်ရေး UNFC တောင်းဆို
ကေအိုင်အိုအပေါ် မြန်မာစစ်တပ်ရဲ့ ထိုးစစ်ရပ်တန့်ရေး UNFC တောင်းဆို
2012-05-12
မြန်မာစစ်တပ်အနေနဲ့ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်နေတာတွေကို လာမယ့် ဇွန်လ (၁၀) ရက်နေ့အထိ မရပ်တန့်ရင် အပစ်အခတ် ရပ်စဲထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေအနေနဲ့ မြန်မာအစိုးရနဲ့ ပဏာမ သဘောတူထားတဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ရလိမ့်မယ်လို့ UNFC တွဲဘက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကိုပြောပါတယ်။
RFA
၂၀၁၂ ခုနှစ် ဧပြီလ ၁၉ ရက်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ထိုင်း မြန်မာနယ်စပ် ဂိတ်များ ဒီကေဘီအေ ပြန်ဖွင့်ပေး
ထိုင်း မြန်မာနယ်စပ် ဂိတ်များ ဒီကေဘီအေ ပြန်ဖွင့်ပေး
2012-05-12
သီတင်းပတ် နှစ်ပတ်လောက် ကြာအောင် ပိတ်ထားခဲ့တဲ့ ထိုင်း မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွေကို တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် ( ဒီကေဘီအေ ) က ပြန်ဖွင့်ပေးလိုက်ပြီလို့ ဘန်ကောက်ပို့စ် သတင်းစာက ဒီကနေ့ ဖော်ပြပါတယ်။
RFA
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်
DKBA ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်မှူးချုပ် စောလားပွယ်
(ရှေ့တန်းဘယ်မှ တတိယ) ဖြစ်ပါသည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ပုသိမ်ရောက်ရှိ
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ပုသိမ်ရောက်ရှိ
2012-05-12
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖေါ်ဆောင်ရေး ခရီးစဉ်အဖြစ် ဧရာဝတီတိုင်း ပုသိမ်မြို့ကို ဒီနေ့ သွားရောက်ပြီး လူထုနဲ့ တွေ့ဆုံ ဟောပြောခဲ့ပါတယ်။
Photo Courtesy of Golden Pathein facebook (www.facebook.com/goldenpathein)
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း
ဖေါ်ဆောင်ရေး ခရီးစဉ်အဖြစ် ပုသိမ်မြို့ကို ရောက်ရှိလာသော ၈၈
မျိုးဆက်ကျောင်းသားများအဖွဲ့ ၂၀၁၂ ခုနှစ် မေလ ၁၂ ရက်နေ့က
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို အလေးပြုရန် သွားရောက်နေစဉ်။
ထင်း/မီးသွေး အလွန်အကျွံခုတ်ယူမှုကြောင့် ရခိုင်ပြည်နယ်က ဝမ်ဖိုက်ဒီရေတောပြုန်းတီးစပြု
ရခိုင်ပြည်နယ်တွင် ဝမ်ဖိုက်တောကြိုးဝိုင်းဒီရေတောများကို
ဒေသခံများက ထင်းမီးသွေးအဖြစ် အလွန်အကျွံ အသုံးပြုလာကြသည့် အတွက်
ဒီရေတောပြုန်းတီး၍ ကြိုးဝိုင်းစတင်လျော့နည်းလာကြောင်း သိရှိရသည်။
ဒီရေတောပေါက်ရောက်မှု အများဆုံးဒေသဟု သတ်မှတ်ခြင်းခံထားရသော ရခိုင်ပြည်နယ်၌ ဝမ်ဖိုက်တော ဒီရေတောများမှ ထင်းမီးသွေးလောင်စာအဖြစ်ခုတ်ထွင်းမှု ပိုများလာသည့်အတွက် ယခုကဲ့သို့ လျော့နည်း လာခြင်းဖြစ်သည်။
စစ်ပွဲတွေ မရပ်သ၍ သီချင်းဆိုရင်းအလှူခံသွားမယ့် ကိုရဲလွင်နှင့်အဖွဲ့
ကချင်ပြည်နယ်တွင် စစ်ပွဲများပြီးစီးသွားသည့်အချိန်အထိ “လွတ်ငြိမ်းချမ်းပန်းရဲ့လမ်း " အဖွဲ့သားများက သီဆိုဖျော်ဖြေ အလှူခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“ဂီတအဖွဲ့သားတွေက စစ်ပွဲတွေပြီးတဲ့အထိ၊ စစ်ပွဲတွေမရပ်မချင်း လုပ်ခွင့်ရသလောက် ကျွန်တော်တို့ ရန်ကုန်မြို့တွင်းရှိ လူစည်ကားရာလက်ဘက်ရည်ဆိုင်တွေမှာသီဆိုဖျော်ဖြေမှုတွေပြုလုပ်ပြီးသွားမှာပါ” ဟု ဦးရဲလွင် ကပြောကြားသည်။
ပိုလန် - မြန်မာ ဒီမိုကရေစီ အတွေ့အကြုံ နှီးနှော By ကိုဇော်ဝင်းလှိုင်
တပါတီ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းရေးနဲ့
ပတ်သက်လို့ ပိုလန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ အတွေ့အကြုံ နှီးနှော
ဖလှယ်တဲ့ အလုပ်ရုံဆွေးနွေးပွဲတခု ရန်ကုန်မြို့မှာ ကျင်းပနေပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလအတွင်း မီဒီယာ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့
ပညာတတ် လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်လို့ ပိုလန်နိုင်ငံက
ကျွမ်းကျင်သူတွေက ဆွေးနွေး တင်ပြခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာ ကျင်းပနေတဲ့
ဒီအလုပ်ရုံ ဆွေးနွေးပွဲ အကြောင်းကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ
ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ
2012-05-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အဖြစ် သူတာဝန်ရှိတဲ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က ဒေသခံပြည်သူတွေရဲ့ အခက်အခဲကို ဒီကနေ့ လက်တွေ့ ကွင်းဆင်း လေ့လာခဲ့ပါတယ်။
AFP
မတ်လ ၃၁ ရက်နေ့က ကော့မှူးမှ မဲရုံတစ်ခုကို
လာရောက်ကြည့်ရှုသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က လူထုကို နှုတ်ဆက်နေစဉ်။
ပိတ်ဆို့မှုတွေ ပိုမိုလျှော့ပေါ့ရေး အမေရိကန် စောင့်ကြည့်နေ
ပိတ်ဆို့မှုတွေ ပိုမိုလျှော့ပေါ့ရေး အမေရိကန် စောင့်ကြည့်နေ
2012-05-12
အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ပိုမိုလျှော့ပေါ့ပေးဖို့နဲ့ မကြာခင်မှာ သံအမတ်အကြီးအဆင့် ပြန်ခန့်အပ်ဖို့ စောင့်ကြည့်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက် အထူးကိုယ်စားလှယ် မစ္စတာ ပက်ထရစ် မာဖေး (Patrick Murphy) က ပြောလိုက်ပါတယ်။သံဃာ့လှုပ်ရှားမှု နစ်နာချက်များ လွှတ်တော်ကို တိုင်ကြားရင် စုံစမ်းစစ်ဆေးမည်
သံဃာ့လှုပ်ရှားမှု နစ်နာချက်များ လွှတ်တော်ကို တိုင်ကြားရင် စုံစမ်းစစ်ဆေးမည်
၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ အဖိနှိပ်ခံခဲ့ရတဲ့ သံဃာတော်တွေနဲ့တကွ ကျောင်းသား ပြည်သူတွေအနေနဲ့ မိမိတို့ ခံစားခဲ့ရတဲ့အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကို တိုင်ကြားမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေဘက်က စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဂျာမနီနိုင်ငံကို လေ့လာရေးခရီးစဉ်အဖြစ် ခေတ္တရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ နိုင်ငံသားများရဲ့မူလအခွင့်အရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က မနေ့က RFA ကို အခုလို ပြောကြားလိုက်ပါတယ်။
RFA
ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဖြစ်ပါသည်။
Subscribe to:
Posts (Atom)