Showing posts with label ဧရာဝတီ news. Show all posts
Showing posts with label ဧရာဝတီ news. Show all posts

Monday, May 14, 2012

ကချင် ထိုးစစ်မရပ်လျှင် နိုင်ငံတကာ ပိတ်ဆို့မှု မရုပ်သိမ်းရဟု UNFC ပြော

ကချင် ထိုးစစ်မရပ်လျှင် နိုင်ငံတကာ ပိတ်ဆို့မှု မရုပ်သိမ်းရဟု UNFC ပြော

ကချင်ဒေသတွင် ပြုလုပ်နေသော အစိုးရတပ်များ၏ ထိုးစစ်များ တလအတွင်း မရပ်လျှင် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများ မရုပ် သိမ်းရန် တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ ပူးပေါင်း ဖွဲ့စည်းထားသည့်(UNFC) က ယမန်နေ့တွင် တောင်းဆိုလိုက်သည်။ UNFC ကို တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ များဖြစ်သော KIO , KNU , SSA , NMSP , KNPP, CNF အဖွဲ့၆ ဖွဲ့နှင့် တခြားသော နိုင်ငံရေး လှုပ်ရှားသည့်အဖွဲ့များ ပူးပေါင်း၍ ယခုနှစ် ဖေဖော်ဝါရီလ က စတင် ဖွဲ့စည်းခဲ့သည်။ UNFC အဖွဲ့ဝင်များသည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာ၌ တဖွဲ့ချင်းမဆွေးနွေးဘဲ အားလုံးနှင့် ဆွေးနွေးရန် မူဝါဒ ချမှတ်ထားသည်။

ထိုင်းတောင်ပိုင်း၌ မြန်မာများ အဖမ်းခံရ

ထိုင်းတောင်ပိုင်း၌ မြန်မာများ အဖမ်းခံရ

ထိုင်းနိုင်ငံ တောင်ပိုင်း ချုံဖော်ခရိုင်သို့ တရားမ၀င် ရောက်ရှိလာသော မြန်မာနိုင်ငံသား ၄၉ ဦးကို ထိုင်းအာဏာပိုင်များက ပြီးခဲ့ သည့် စနေနေ့က ဖမ်းဆီးခဲ့သည်။ အဆိုပါ ချုံဖော် ခရိုင်မှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသား အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား ၃၇ ဦးတို့ကို နေအိမ်တခု၌ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း ထိုင်း သတင်းများတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ ဒု-သမ္မတ ဖြစ်လာမလား

ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ နုတ်ထွက်စာ တင်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ပြီး ရာထူးနေရာကို အစားထိုးခန့်အပ်ဖို့ ထိပ်ဆုံးက ထင်ကြေးပေးခံရသူများစာရင်းမှာ  လက်ရှိ ဒု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ကြည်းရေလေ ညှိုနှိုင်းရေးမှူးဗိုလ်ချုပ်ကြီးလှဌေးဝင်းတို့အပြင် အခုနောက်ဆုံး ရှေ့တန်းကို ထွက်လာသူက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေပါ။
ဧပြီ ၂၈ ရက် ဥရောပသမဂ္ဂရုံးသစ်ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ကက်သရင်း အက်ရှတန်တို့နှင့် အတူတွေ့ရတဲ့ ဦးမြင့်ဆွေ (ဓာတ်ပုံ - ဧရာဝတီ)

Sunday, May 13, 2012

အစိုးရနှင့် မူးယစ်ဆေး ပူးပေါင်းနှိမ်နင်းရန် SSA အသင့်ရှိ

ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S)သည် မကြာသေးခင်က ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီ ၂ ရပ်ကို ဖွဲ့စည်းခဲ့ပြီး အစိုးရနှင့် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။
ဖေဖော်ဝါရီ ၇ ရက်က ကျင်းပသည့် ၆၅ နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားတွင် တွေ့ရသော SSA-S တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ - Reuters)

The Voice နှင့် သတ္တုတွင်း အမှု အပြီးသတ် ကြားနာမည်

The Voice ဂျာနယ်တွင် ဖော်ပြခဲ့သည့် “ဝန်ကြီးဌာန အချို့ ၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ”ဟူသော သတင်း နှင့် ပတ်သက်၍ သတ္ထုတွင်း ဝန်ကြီးဌာနက အယ်ဒီတာချုပ်၊ ထုတ်ဝေသူနှင့် သတင်းရေးသားသူ တို့ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုထားရာ မေလ၂၃ ရက်နေ့တွင် အပြီးသတ်ကြားနာ အမိန့်ချမှတ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
မေလ ၁၁ ရက် စတုတ္ထအကြိမ်မြောက် ရုံးချိန်းတွင် သတင်းရေးသားသူအား ဖော်ထုတ်ရန် သတ္တုတွင်းဝန်ကြီးဌာနမှ တောင်းဆိုခဲ့ရာ စာနယ်ဇင်း ကျင့်ဝတ်နှင့် အခြေခံဥပဒေပါ ပြဌာန်းချက်များအရ ဖော်ထုတ်ခွင့် မရှိကြောင်း The Voice Weekly ၏ အကျိုးဆောင် ရှေ့ နေ ဦးသိန်းညွှန့်က လျှောက်လဲချက် ပေးခဲ့ကြောင်း သိရသည်။

Friday, May 11, 2012

ကလေးသူငယ် ပြုစုပျိုးထောင်မှု အနာဂတ်ဒီမိုကရေစီအတွက် အရေးကြီး



အနာဂတ် ဒီမိုကရေစီရေးအတွက် မိဘများအနေဖြင့် ကလေးများကို ပြုစုပျိုးထောင်မှု မှန်ကန်ရန် အရေးကြီးကြောင်း ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တာမွေမြို့နယ် ရုံးခန်းဖွင့်ပွဲ အခမ်းအနားတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - နန်းဆိုင်နွမ် / ဧရာဝတီ)

သက်ဆင်ကို သွားဖမ်းဟု ဗိုလ်နှုတ်ခမ်းမွေး ပြော

အပြစ်မရှိ၍ အဖမ်းခံရန် မလိုကြောင်း၊ ထိုင်းနိုင်ငံ နာမည်ပျက်အောင် လုပ်သည့် ပြည်ပြေး ထိုင်းဝန်ကြီးချုပ် သက်ဆင်ကိုသာ သွားဖမ်းသင့်ကြောင်း မူးယစ်ဆေးမှုဖြင့် ထိုင်းအာဏာပိုင်များ၏ ဆုငွေထုတ်ခံရသော ဗိုလ်ချုပ် စောလားပွယ်က ပြောဆိုလိုက်သည်။
ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ဗိုလ်ချုပ် စောလားပွယ် (ဓာတ်ပုံ - ဧရာဝတီ)

ဓည၀တီရေတပ် အဓမ္မ လယ်မြေသိမ်းနေ



ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ အခြေစိုက်ထားသည့် ဓည၀တီ ရေတပ်စခန်း ဌာနချုပ်နှင့် ဒေသ တ၀ိုက်ရှိ အစိုးရတပ်ရင်းများ သည် ဒေသခံများ ၏ လယ်ယာမြေများကို လျော်ကြေး တစုံတရာမပေးဘဲ အဓမ္မ သိမ်းယူနေကြောင်း သိရသည်။
ဓည၀တီ ရေတပ်စခန်း ဌာနချုပ်ပိုင် သီဟို စိုက်ခင်း (ဓာတ်ပုံ - နိရဉ္ဇရာ)

Thursday, May 10, 2012

တောင်ကိုရီးယားသမ္မတရီးစဉ် လုံခြုံရေးစိုးရိမ်နေ

တောင်ကိုရီးယားနိုင်ငံ သမ္မတ မစ္စတာ လီမြောင်ဘတ် သည် မြန်မာနိုင်ငံသို့ မကြာခင်ကာလ အလည် အပတ်ခရီးလာရောက်ရန် ရှိနေပြီး ယင်းခရီးစဉ်နှင့်ပတ်သက်၍ လုံခြုံရေးဆိုင်ရာ ကြိုတင်လေ့ကျင့်မှုများ ရန်ကုန်မြို့တွင် ပြု လုပ်နေပြီဖြစ်သည်။
မစ္စတာ လီမြောင်ဘတ်ခရီးစဉ်သည် နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံသို့ လာရောက်သည့် တောင်ကိုရီးယား သမ္မတ၏ ပထမဆုံး ခရီးစဉ်ဖြစ်မည် (ဓာတ်ပုံ- Reuters)

ဒု သမ္မတသစ် ဘယ်သူဖြစ်မလဲ

ဒု သမ္မတ ဟီဟသူရ ဦးတင်အောင်မြင့်ဦးက မေလ ၃ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်စာ တင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် ၎င်း၏နေရာတွင် မည်သူ့ကို ရွေးချယ်ခန့်အပ်မည်နည်း ဆိုသည်ကို လူအများက စိတ်ဝင်စားလျက်ရှိသည်။
၀၁၁ ခု ဇွန်လအတွင်းက အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် နေပြည်တော်တွင်တွေ့ဆုံစဉ် မြင်တွေ့ရသည့် ဒု သမ္မတ ဦးတင်အောင်မြင့်ဦး (ဓာတ်ပုံ - AP / straitstimes.com)

Sunday, May 6, 2012

၂ သိန်းတန် စောင့်ဆိုင်းမှု

၂ သိန်းတန် စောင့်ဆိုင်းမှု
မစပ်စုတို့ ရွှေပြည်ကြီးမှာတော့ တခြားတိုင်းပြည်တွေမှာ မမြင်ဖူး၊ မကြားဖူးတဲ့ အထူးအဆန်းတွေကို တခုပြီး တခု လုပ်နေ ကြားနေရတော့တာပါပဲ။
ကဲ … အခုလည်း လုပ်ချလိုက်ပြန်ပါပြီ။  မကြာသေးခင်က ရောင်းလိုက်တဲ့ ၂ သိန်းတန် GSM ဖုန်းတွေ မန္တလေးမြို့ပေါ်မှာ ခေါ်ဆိုလို့မရ၊ ဆက်လို့မရ ဖြစ်နေလို့ ပြည်သူတွေအကြား အုန်းအုန်းကျွက်ကျွက် ပြောဆိုနေကြပါတယ်။ ဒီဖုန်းတွေကို သင်္ကြန်မတိုင်ခင်က ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးမြို့ဝန်းကျင်မှာ  စတင်ရောင်းချခဲ့တာပါ။
လောလောဆယ် ပြောဆိုဆက်သွယ်လို့ ရဦးမယ် မဟုတ်ကြောင်းကို ဂျာနယ်တွေ၊ သတင်းစာတွေ၊ ဆက်သွယ်ရေး စခန်းတွေမှာ ကြော်ငြာပြီး ရောင်းချခဲ့တာပါလို့ ကြာသပတေးနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

Saturday, May 5, 2012

သံသယများနှင့် ပြည့်နေသော ထားဝယ်စီမံကိန်း



ထိုင်းနိုင်ငံသည် ၎င်းပိုင် အက်ဒမန်ကမ်းရိုးတန်းတွင် ဆိပ်ကမ်းတခု တည်ဆောက်တော့မည့် အစီအစဉ်သစ်တခု ရေးဆွဲနေသည်ဟု ကြားသိရသဖြင့် မြန်မာနိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်း ထားဝယ်တွင် ဒေါ်လာ ဘီလီယံပေါင်းများစွာ အကုန်အကျခံ တည်ဆောက်မည့် အကြီးစားစက်မှုဇုန်တခု ဖန်တီးရေးအိမ်မက်ကို အဆုံးသတ်တော့မည်ဟု အရိပ်အမြွက် ပြလိုက်ခြင်းလည်း ဖြစ်နိုင်သည်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခု (ဓာတ်ပုံ - ဧရာဝတီ)

ဦးသိန်းစိန် ၂၀၁၅ တွင် အနားယူမည်

ဦးသိန်းစိန် ၂၀၁၅ တွင် အနားယူမည်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးပါက သမ္မတ ဦးသိန်းစိန် ရာထူးမှ အနားယူဖွယ်ရှိကြောင်း သိရသည်။ ဦးသိန်းစိန် သည် လက်ရှိမြန်မာ ပြည်၏ အပြောင်းအလဲများကို ဦးဆောင်ပြုလုပ်သူဖြစ်ပြီး ၎င်း၏ ဒီမိုကရေစီရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များကို တခြားသူ တဦးကို လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သမ္မတ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်၏ ပြောကြားချက် ကို Bloomberg သတင်းဌာနက ယနေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

မြန်မာပြည်မှာ ဘာတွေ တကယ်ဖြစ်နေသလဲ


မြန်မာပြည် လက်ရှိအပြောင်းအလဲနဲ့ ပတ်သက်ပြီး အတော်များများက လောလောဆယ်မှာ စိတ်လှုပ်ရှားစရာ ဖြစ်နေကြ ပေမယ့် တကယ်တမ်းပြောရရင် အခြေအနေက စိတ်ပျက်စရာ အခြေအနေတခုပါပဲ။ အခုဆိုရင် တစုံလုံး အနေအထားကိုသာမကပဲ အသေးစိတ်ကိုပါ လေ့လာရေးသားတင်ပြဖို့ ပိုလို့တောင် အရေးကြီးပါတယ်။
မန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံနေသော ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း (ဓာတ်ပုံ - Getty Images)

Friday, May 4, 2012

ကချင်ဒေသ ပဋိပက္ခကြောင့် တရုတ် လုံခြုံရေး သတိပေး

ကချင်ပြည်နယ်အတွင်းရှိ စစ်ပွဲများဖြစ်ပွားနေသည့် ဒေသများသို့ ခရီးသွားလာကြမည့် တရုတ်နိုင်ငံသားများကို အထူးသတိ ထားကြရန် တရုတ်အစိုးရက သတိပေးထားသည်။
တရုတ် CPI ကုမ္ပဏီက တာဝန်ယူဆောင်လုပ်သည့် မြစ်ဆုံ စီမံကိန်း လုပ်ငန်းခွင် (ဓာတ်ပုံ - Jinghpaw TarGyi)

သုတေသနပြုလိုသူများ CMU တွင် ပညာတော်သင် လျှောက်နိုင်

မြန်မာနိုင်ငံ တံခါးဖွင့်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာနိုင်မည့် အခြေအနေတွင် ဖြစ်ပေါ်လာသည့် လူမှုရေး အပြောင်းအလဲများအား သုတေသနပြုရာ၌ သိသင့်သည့် ဗဟုသုတနှင့် လိုအပ်သည့် ကျွမ်းကျင်မှုတို့ သင်ကြားနိုင်ရန် ထိုင်းနိုင်ငံမြောက်ပိုင်းမှ ချင်းမိုင်တက္ကသိုလ် (CMU) က မြန်မာပညာတော်သင်များအတွက်

ဗိုလ်နှုတ်ခမ်းမွေး ဆုငွေအရေး ထိုင်းစစ်တပ် တပ်လှန့်ထား

အစိုးရနှင့် အပစ်ရပ်ထားသည့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ် ဖုပ္ဖရဒေသတလျှောက်တွင် ထိုင်းစစ်တပ်က တပ်လှန့်ထားကြောင်း သိရသည်။
ထိုင်းစစ်သားတချို့ကို ထိုင်း-မြန်မာ နယ်စပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - Thairath)

“ပြည်တွင်းစစ် အလိုမရှိဘူး”

ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေးအတွက် မြန်မာအစိုးရ အဆက်ဆက်ကို နှစ်ပေါင်း ၆၀ ကျော် လက်နက်စွဲကိုင် တော်လှန်ခဲ့ပြီး မြန်မာ နိုင်ငံ ၏ လက်နက်ကိုင် တော်လှန်ရေးသမိုင်းတွင် သြဇာကြီးမားခဲ့သော ကရင် အမျိုးသား အစည်းအရုံး(KNU) သည် မကြာသေးမီ က သမိုင်းဝင် အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက် တရပ်ကို ချုပ်ဆိုခဲ့သည်။
နော်မေဦး (၀ဲဘက်)နှင့် KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် (ဓာတ်ပုံ - KIC)

ဒု သမ္မတ ဦးတင်အောင်မြင့်ဦး ဘယ်မှာလဲ

လာမည့် ၂၀၁၅ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန် အနားယူဖွယ်ရှိကြောင်း ပြည်ပသတင်းများက ရေးသားဖော်ပြနေချိန် ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးလည်း ရာထူးမှ ရုတ်တရက် နုတ်ထွက်သွားသည်ဆိုသော ကောလာဟလ သတင်းများ ရန်ကုန်မြို့ရှိ ပြည်သူများကြားနှင့် လူမှုကွန်ရက် facebook တွင် ပျံ့နှံ့ နေသည်။

၂၀၁၁ ခု ဇွန်လအတွင်းက အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် နေပြည်တော်တွင်တွေ့ဆုံစဉ် မြင်တွေ့ရသည့် ဒု သမ္မတ ဦးတင်အောင်မြင့်ဦး (ဓာတ်ပုံ - AP/straitstimes.com)

မြန်မာတွင် ရင်းနှီးမြုပ်နှံရန် ထိုင်းစက်မှုလုပ်ငန်းများ စိတ်ဝင်စား

အာရှနောက်ဆုံးဈေးကွက်ဟု တင်စားပြောဆိုနေသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် တခြားသောနိုင်ငံကြီးများကဲ့သို့ ထိုင်းနိုင်ငံမှလည်း စိတ်ဝင်တစား လေ့လာနေကြပြီ ဖြစ်သည်။
မုတ္တမကွေ့ရှိ ရဲတံခွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်း (ဓာတ်ပုံ - vimutti.co.cc)