Thursday, May 31, 2012

ယနေ့ ဒေါ်အောင်ဆန်းစုကြည်မှ ထိုင်း ဒု-၀န်ကြီးချုပ်တို့ တွေ့ ဆုံဆွေးနွေး

ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ဒု-၀န်ကြီးချုပ်တို့ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။

သမ္မတနှင့် လွှတ်တော်မှ တောင်းဆိုလျှင် ဖုန်းဈေး လျှော့ရောင်းမည်

မိုဘိုင်းဖုန်းတန်ဖိုး နှုန်းထားများကို နိုင်ငံတော် သမ္မတကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များမှ ဈေးနှုန်း လျှော့ချခိုင်းမည် ဆိုပါက အရှုံးခံ၍ လျှော့ချပေးမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ လက်ရှိတွင် မိုဘိုင်းတန်ဖိုး နှုန်းထားများအား ဇူလိုင် လကုန်ခန့်တွင် 

မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရမူကို မကျေနပ်သော ရမ်းဗြဲလူထု ဆန္ဒပြ

ဗလက္ကာရ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရသည့် မသီတာထွေး
ရမ်းဗြဲ လူထု ၇၀၀ ကျော်ခန့်သည် မသီတာထွေး ဗလက္ကာရ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရသည့် အပေါ် မကျေနပ်သည့် အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထိ ချီတက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

မီးလောင်မှုအဖြစ်မှန်မှာ အသတ်ခံထားရသော အလောင်းကို မီးရှို့မှုဖြစ်နေ

မီးလောင်မှုကို သွားရောက်ငြိမ်းသတ်ရာမှ လူသတ်မှုဖြစ်ရပ်တစ်ခု မေလ ၃၀ရက်နေ့ နံနက် ၁၁နာရီခွဲခန့်တွင် လမ်းမတော်မြို့နယ် (၃)ရပ်ကွက် အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား အမှတ(၇၆)တတိယထပ်ညာဘက်ခန်း၌ ဖြစ်ပွားခဲ့သည်။

ရဲတပ်ကြပ် တစ်ဦးရိုက်နှက်မူကြောင့် ဒေသခံ လူကြီးတစ်ဦး ခေါင်းကွဲ၊ ငါးချက် ချုပ်ရ

ရဲ ဒုတပ်ကြပ် အဆင့် ရှိသူ တစ်ဦး၏ ရိုက်နှက်မူကြောင့် တောင်ကုတ်မြို့နယ်မှ အသက် ၅၅ နှစ်ရှိ လူကြီးတစ်ဦးမှာ ဦးခေါင်းတွင် ဒဏ်ရာ ရရှိကာ ဆေးရုံတွင် ငါးချက်တိတိ ချုပ်လိုက်ရကြောင်း ဒေသခံများက နိရဉ္စရာသို့ ပြောသည်။



 ဦးခေါင်းမှ ချုပ်ဒဏ်ရာနှင့် ဦးထွန်းနု
ရဲဒုတပ်ကြပ်၏ ရိုက်နက်၍ ဦးခေါင်းကို ငါးချက်တိတိ ချုပ်လိုက်ရသူမှာ တောင်ကုတ်မြို့နယ် ပေါက်ပြင် ကျေးရွာမှ ဦးထွန်းနု ဖြစ်သည်။

ရမ်းဗြဲမြို့နယ်မှာ အမျိုးသမီးငယ်တဦးကို အဓမ္မပြု့ ကျင့်သတ်ဖြတ်တဲ့ တရားခံတဦးကို ဖမ်းမိထား

အဓမ္မပြု့ ကျင့်သတ်ဖြတ်ခံရတဲ့ မသီတာထွေး
ရခိုင်ပြည် ရမ်းဗြဲမြို့နယ် သပြေချောင်ရွာနေ ဦးလှတင်-ဒေါ်မမြ၏သမီး
မသီတာထွေး(၁၆)နှစ် ကို လွန်ခဲ့သော (၂၈.၅.၂၀၁၂)  ညနေဘက်(၅) နာရီ ခန့်က
 အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံတဦးကို ဖမ်းဆီးမိထားကြောင်းသိရပါသည်။

7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၁၂

 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၁၂


အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၀၆



ထိုင်းနယ်စပ်မျဉ်းနှင့်ကပ်လျက် တောင်ပိုင်း ဝ မြို့သစ်တည်

သျှမ်းပြည်သံလွင်အရှေ့ခြမ်း ပုံပါကျင်မြို့နယ်ခွဲ အတွင်း တောင်ပိုင်း ဝ ထိန်းချုပ်နယ်မြေ နောင်ဝဲန်းကျေးရွာ အား မြို့အဆင့် တိုးမြင့်ရန် တောင်ပိုင်း ဝ ပြင်ဆင်နေကြောင်း နီးစပ်သည့် အသိုင်းအဝိုင်း ကပြောပါသည်။
ဝ တပ်ဖွဲ့စစ်သမီးများ
ဝ တပ်ဖွဲ့စစ်သမီးများ

ဒေါ်အောင်ဆန်းစုကြည်ကို ဘိုနို က ဆုအပ်နှင်းမည်

ကမ္ဘာကျော် ရော့ခ် အဆိုတော် ဘိုနို Bono
နယူးဒေလီ (မဇ္ဈိမ) ။      ။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ IA က ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသည့်ဆုကို ကမ္ဘာကျော် ရော့ခ် အဆိုတော် ဘိုနို Bono က အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့တွင် အပ်နှင်းပေးမည် ဖြစ်သည်။

ဟိုင်မို ဆံပင်တုစက်ရုံ အလုပ်သမား နစ်နာမှု ၈၈ မျိုးဆက်မှ ကိုးရီးယား သံရုံးသို့ အကြောင်းကြားမည်

မေလ ၃၀၊ ၂၀၁၂၊ ပိုင်ပိုင် (YPI)

အခြေခံလစာနည်းပါးမှုကြောင့် လွန်ခဲ့သည့် ရက် (၂၀) ခန့်မှ စတင်ဆန္ဒပြခဲ့ကြသော ကိုရီးယားလူမျိုးပိုင်ဆိုင်သည့် ဟိုင်မိုဆံပင်တုစက်ရုံမှ အလုပ်သမားများအရေးကိစ္စနှင့် ပတ်သက်ပြီး ကိုရီးယားသံရုံးသို့ အကြောင်းကြားစာ ပေးပို့သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်ကပြောသည်။

ကိုမင်းကိုနိုင်က “ဒီကိစ္စကို ပစ်မထားဘူး။ ဒီထက်အခြေအနေ တိုးတက်အောင် တရားတဲ့နည်းလမ်းနဲ့ ဖြေရှင်းသွားမယ်။ နိုင်ငံတကာသိအောင် အစ်ကိုတို့အားလုံးဝိုင်းဝန်း ဖော်ထုတ်ပေးမယ်။ ကိုရီးယားသံရုံးကိုလည်း စာပို့မယ် ” ဟု ယနေ့နေ့လည် ဟိုင်မိုစက်ရုံမှ ဆန္ဒပြအလုပ်သမားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။




တန်ဖိုးမြင့်လာသည့် ပြင်ဦးလွင် ကျူးကျော်ရပ်ကွက်ကို အာဏာပိုင်များ ဖယ်ရှားခိုင်း

မေလ ၃၀၊ ၂၀၁၂ ၊ ကျော်သူရမျိုး (YPI )

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)၊ မြို့သစ် ပဒေသာတွင် (၁၀)နှစ်ကျော်ကြာ အခြေချနေထိုင်လာသည့် အိမ်ခြေ ၁၀၀ ကျော်ရှိ ကျူးကျော်ရပ်ကွက်အား မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်များနှင့် သစ်တောရေးရာဦးစီးဋ္ဌာန တို့မှ ပုးပေါင်း၍ ဖယ်ရှားခိုင်းလျှက်ရှိသည်ဟု ရပ်ကွက်သားများက ပြောသည်။


လမ်းမတော် မီးလောင်မှု၌ သေဆုံးသူမိန်းကလေး ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ ၃ ခု တွေ့ရှိ

လမ်းမတော်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးကြောင်းသိရသည်။

မေလ(၃၀)ရက်နေ့ နံနက် ၁၂ နာရီ ၄၅ ခန့်က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၇ လမ်း၊ အမှတ်(၇၆) သုံးလွှာ ညာဖက်ခြမ်း အခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ၊ အခြေခံပညာအထက်တန်းဖြေဆိုထားသည့် အသက်(၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင်သေဆုံးခဲ့ခြင်းဖြစ်သည်။

အလုပ်သမများကို ကိုယ်ထိ လက်ရောက် ကျူးလွန်သူ ထိုင်ဝမ် နိုင်ငံသားအား ဖမ်းဆီး အရေးယူ

"လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုသော အလုပ်သမများကို ကိုယ်ထိ လက်ရောက် ကျူးလွန်သူ ထိုင်ဝမ် နိုင်ငံသားအား ဖမ်းဆီး အရေးယူ"

စက်ရုံတစ်ခုမှ ၀န်ထမ်းများ သန့်စင်ခန်းသွားပါက အခကြေးငွေပေးကြရ

လှိုင်သာယာမြို့နယ်ရှိ နာမည်ကြီး အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတစ်ခုမှ ၀န်ထမ်းများ သန့်စင်ခန်းသွားပါက အခကြေးငွေပေးကြရကြောင်းသိရသည်။

အသက် ၆၀ အရွယ် အမျိုးသမီးကို တပ်သားက အဓမ္မပြုရန်ကြိုးစား

ဆီဆိုင်၊ မေလ ၃၀၊ ၂၀၁၂ ၊ (YPI)

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု နောင်ပါတ်ကျေးရွာမှ အသက်(၆၀)နှစ် အမျိုးသမီး တစ်ဦးကို မေလ ၂၂ရက်နေ့တွင် ဆီဆိုင်မြို့ မြေခံတပ်ရင်း ခမရ ၄၂၄ တပ်သားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း သိရှိရသည်။

 လုံးခင်း၊ ဖားကန့်ဒေသများရှိ ကျောက်မျက် တူးဖော်ရေး လုပ်ငန်းများ အားလုံးကို မေလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားရမည်

AddThis Social Bookmark Button
596
ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းများကို ဇန်န၀ါရီလ ၂၀ရက်နေ့က တွေ့ရစဉ်

ယခုနှစ် မိုးရာသီတွင် မလိုလားအပ်သော လုပ်ငန်းခွင်ဘေး အန္တရာယ်အမျိုးမျိုးမှ ကင်းဝေးစေရန် ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့်ဒေသများရှိ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများ အားလုံးကို မေလ ၃၀ ရက်နေ့နောက်ဆုံးထား၍ ဖယ်ရှားပေးရန် သတ္ထုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ကျောက်စိမ်း တူးဖော်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နေပြည်တော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နေ့လျှင် ၅၀ မဂ္ဂါဝပ်ရှိခဲ့ရာမှ မဂ္ဂါဝပ် ၃၀ အထိ လျော့ချသုံးစွဲထားကြောင်း သိရ

AddThis Social Bookmark Button
နေပြည်တော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ ယခင်က တစ်နေ့လျှင် ၅၀ မဂ္ဂါဝပ်သုံးစွဲခဲ့ရာမှ ယခုရေနည်းကာလတွင် မဂ္ဂါဝပ် ၃၀ ခန့်သာ သုံးစွဲတော့ကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

လမ်းမတော်မြို့နယ် ၇ လမ်းရှိ တိုက်ခန်းတစ်ခုအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အခန်းအတွင်း ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ဦးခေါင်းဒဏ်ရာဖြင့် သေဆုံး


သေဆုံးသူ၏ အလောင်းအား ကားပေါ်သို့ တင်ဆောင်နေစဉ်
၂၀၁၂ ခုနှစ် မေလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် လမ်းမတော်မြို့နယ် ၇ လမ်း တိုက်အမှတ် ၇၆(အေ) သုံးလွှာတွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့သည်။

 သီလ၀ါ အထူးစီးပွားရေးဇုန် မြေနေရာတွင် လုပ်ငန်းဖော်ဆောင်ရန် မြေကွက် ၃၇ နေရာ လျာထားရာမှ မြေကွက် ၁၀ ကွက်သာ နေရာလွတ်ကျန်ရှိ



595
သီလ၀ါ အထူးစီးပွားဇုန် အတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းခွင်အား တွေ့ရစဉ်
သီလ၀ါ အထူးစီးပွားရေးဇုန် မြေနေရာတွင် လုပ်ငန်းဖော်ဆောင်ရန် မြေကွက် ၃၇ နေရာလျာထားရာမှ မြေကွက် ၁၀ ကွက်သာ နေရာလွတ် ကျန်ရှိတော့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ထုတ်ပြန်သော သတင်း အချက်အလက်များအရ သိရသည်။

 ရန်ကုန်မြို့တွင်း တန်ပိုတင်ဆောင်နေသော ယာဉ်များကို မူလလမ်းပျက်စီးမှု လျော်ကြေးအပြင် စည်ပင်ဥပဒေဖြင့်ပါ ဒဏ်ငွေရိုက်ကာ အရေးယူမှုစတင်

AddThis Social Bookmark Button
594
ကုန်တင်ထားသော ယာဉ်တစ်စီးကို ဘုရင့်နောင်လမ်းဆုံ၌ တွေ့ရစဉ်
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ကုန်တင်ထားသည့် ယာဉ်များ၏ တန်ပိုတင်ဆောင်မှုအား ကန့်သတ်ထားပြီး သတ်မှတ်ထားသော နှုန်းထားများထက် ပိုမိုတင်ဆောင်ပါ က မူလလမ်းပျက်စီးမှုလျော်ကြေး အပြင် စည်ပင်ဥပဒေဖြင့်ပါ ဒဏ်ငွေတပ်ရိုက်ကာ အရေးယူမှုများစတင် ပြုလုပ်နေကြောင်း သိရသည်။

Hi Mo ဆံပင်တုစက်ရုံမှ ဆန္ဒပြ အလုပ်သမားများအား ကရုဏာကြေး သုံးလစာနှင့် ငါးလစာထုတ်ယူ၍ လုပ်ငန်းခွင်မှ ထွက်ခွာနိုင်ကြောင်း ကြေညာ

Hi Mo ဆံပင်တုစက်ရုံမှ ဆန္ဒပြ အလုပ်သမားများအား လစာငွေ၏ သုံးလစာနှင့် ငါးလစာ ကရုဏာကြေးများ ထုတ်ယူ၍ လုပ်ငန်းခွင်မှ ထွက်ခွာနိုင်ကြောင်း စက်ရုံဝင်းအတွင်းနှင့် စက်ရုံရှိ အလုပ်သမား အဆောင်များတွင် စာရွက်များကပ်၍ ကြေညာခဲ့သည်ဟု Hi Mo ဆံပင်တုစက်ရုံ ဆန္ဒပြ အလုပ်သမားများ၏ ပြောကြားချက် အရ သိရှိရသည်။

 မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေကို ပို၍ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ရန် လေ့လာလိုသဖြင့် ထိုင်းနိုင်ငံ မဟာချိုင်သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့

MWRN Learning Center သို့ ရောက်ရှိလာစဉ်
မေလ ၂၉ ရက်နေ့ ညပိုင်းက ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၃၀ ရက်နေ့တွင် ဘန်ကောက်မြို့အနီးရှိ မဟာချိုင်သို့ သွားရောက်ခဲ့ပါသည်။

 ယူနီဆက် အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာဒန်နီရယ်တူး(လ်)နှင့် တွေ့ဆုံခြင်း

AddThis Social Bookmark Button
'ငြိမ်းချမ်းရေးဟာ ကလေးသူငယ်တွေ အသက်ရှင်သန်ဖို့အတွက် အကောင်းဆုံးပါပဲ'
မြန်မာကလေးသူငယ်များအား ထိရောက်စွာ ကူညီနိုင်ရေးအတွက် ယူနီဆက် အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာဒန်နီရယ်တူး(လ်)သည် မြန်မာနိုင်ငံသို့ မေလ ၁၄ ရက်နေ့မှ ၁၈ရက်နေ့အထိ အလည်အပတ်ခရီး လာရောက်ခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံချိန်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း အဘီးဆစ် ၀ိဇ္ဇာဇီဝက ပြောကြားခဲ့


b5_9_17_1
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဘီဆစ် ၀ိဇ္ဇာဇီဝတို့ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ရှန်ဂရီလာဟိုတယ်၌ တွေ့ဆုံစဉ် Photo: AFP

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဘီဆစ် ၀ိဇ္ဇာဇီဝတို့သည် မေလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်က ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ရှန်ဂရီလာဟိုတယ်၌ တွေ့ဆုံခဲ့ကြပါသည်။

 ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၇ ဦးတို့ သီခြားတွေ့ဆုံပြီး အလုပ်သမားရေးရာ ကိစ္စရပ်များဆွေးနွေး

မေလ ၃၀ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ မဟာချိုင်သို့ သွား ရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် လုပ်ငန်းပေါင်းစုံမှ ရွေ့ပြောင်း အလုပ်သမား ၂၇ ဦးနှင့် သီးခြားတွေ့ဆုံပြီး အလုပ်သမားရေးရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မဟာချိုင်ရှိ မြန်မာရွေ့ပြောင်း အလုပ်သမားများအား မိန့်ခွန်း ပြောကြားခဲ့ပြီးနောက် MWRN Learning Center ၌ပင် တွေ့ဆုံမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

 ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ် လိုသူများနှင့် ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လုပ်ကိုင်ရန် လျှောက်ထားမှုများအား သတ်မှတ်ချက်နှင့် ပြည့်စုံပါက အရေအတွက် အကန့်အသတ်မရှိ ခွင့်ပြု

ကိုယ်ပိုင်ကျောင်း တည်ထောင် ဖွင့်လှစ်လိုသူများနှင့် ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လုပ်ကိုင်ရန် လျှောက်ထားသူများအား သတ်မှတ်ချက်နှင့်ပြည့်စုံပါက အရေအတွက် အကန့်အသတ်မရှိ စိစစ်ကာ ခွင့်ပြုမည်ဖြစ်ကြောင်း အမှတ် ၃ အခြေခံပညာဦးစီးဌာနမှ သတင်းရရှိပါသည်။
အဆိုပါကိုယ်ပိုင်ကျောင်းများ တည်ထောင်ဖွင့်လှစ်နိုင်ရန် အတွက် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ၂၀၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၄ ဖြင့်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်


တောင်ဒဂုံမြို့နယ်မှာ ကူးစက်ဝမ်းရောဂါ ဖြစ်ပွား


တော်ဝင်မြန်မာ အထည်ချုပ်စက်ရုံ ဆန္ဒပြပွဲ


နေရာပြောင်းရွှေ့ဖို့ ဖိအားပေးခံနေရတဲ့ အိုးအိမ်ဦးစီးဌာန နေ့စားဝန်ထမ်းများ


လျှပ်စစ်မီးရရှိရေး အလုံဆန္ဒပြပွဲ


အလုပ်သမားအရေး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ၈၈-ခေါင်းဆောင်များ တိုက်တွန်း

အလုပ်သမားအရေး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ၈၈-ခေါင်းဆောင်များ တိုက်တွန်း
2012-05-30
အခြေခံအလုပ်သမား အခွင့်အရေးတွေအတွက် ဆန္ဒပြတောင်းဆိုနေမှုတွေအပေါ် အလုပ်ရှင်နဲ့ အလုပ်သမားတွေအားလုံး အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်ပင်ညှိနှိုင်း ဖြေရှင်းကြဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။
RFA

ဒီပဲယင်း နှစ်ပတ်လည်နေ့ အခမ်းအနား မန္တလေး NLD ဦးစီးကျင်းပ

ဒီပဲယင်း နှစ်ပတ်လည်နေ့ အခမ်းအနား မန္တလေး NLD ဦးစီးကျင်းပ
2012-05-30
ဒီနေ့ ကျရောက်တဲ့ မေ ၃၀ ဒီပဲယင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို မန္တလေးအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ဦးစီးကျင်းပပြီး အဲဒီနေ့က အသက်သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကို ငွေကြေး ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Ad Hoc Commission on Depayin Massacre (Burma)

တစ်ရက်မီး(၆)နာရီသာရ၍ ကျေက်ပန်းတောင်းတွင် တရုတ်မီးစက် အ၀ယ်လိုက်နေ တစ်ရက်မီး(၆)နာရီသာရ၍ ကျောက်ပန်းတောင်းတွင် တရုတ်မီးစက် အ၀ယ်လိုက်နေ

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့တွင် တစ်နေ့လျှင် လျှပ်စစ်မီး(၆)နာရီသာ ရရှိသောကြောင့် တရုတ်နိုင်ငံထုတ်မီးစက်များ အ၀ယ်များသော်လည်း ဈေးနှုန်းပုံမှန်သာရှိနေကြောင်း ဒေသခံများထံမှ သိရှိ ရသည်။

ပြည်တွင်း၌ ကြိမ်ဈေးကွက်ဝေစုရရှိနေသော်လည်း ပြည်ပတင်ပို့ရန်ခက်ခဲနေဆဲ

လှပပေါ့ပါးခိုင်ခံ့မှုတို့ကြောင့် ကြိမ်ထည်ပစ္စည်းများသည် ပြည်တွင်းဈေးကွက်၌ ရေပန်းစားလျက် ရှိသော်လည်း   ပြည်ပဈေးကွက်အတွက်မှု အားနည်းချက်များ ရှိနေသေးကြောင်း ကြိမ်လုပ်ငန်း ကုမ္ပဏီကြီးများထံက သိရှိရသည်။

ခရမ်း(၂)ရပ်ကွက်၊ ဦးပိုင်အမှတ်(၅၄)မြေနေရာမှာ ပြန်/ဆက်မြေဟု ဦးမြင့်ဆွေ ပြော

ခရမ်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မင်းလမ်းနှင့် မြကန်သာလမ်းထောင့်၊ဦးပိုင်အမှတ်(၅၄)ရှိ သာသနာပိုင်မြေဟု   ဖော်ပြခဲ့သောမြေနေရာမှာပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနမှပိုင်ဆိုင်သောမြေဖြစ်ကြောင်း ပြန်/ဆက် လက်ထောက်ညွှန်ကြားရေးမှုးဦးမြင့်ဆွေမှ ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် တွေ့ဆုံအသံဖိုင်

ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် တွေ့ဆုံ
2012-05-30

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်က ထိုင်းနိုင်ငံ စမွတ်ဆခွန် ခရိုင်၊ မဟာချိုင်မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထောင်ပေါင်းများစွာနဲ့ တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။

RFA

ဆန္ဒထုတ်ဖော်မှုများတွင် နိုင်ငံရေးပါတီများပါဝင်ပတ်သက်မှုရှိ၍ ရွေး/ကော် သတိပေး

အလုပ်သမားဆန္ဒထုတ်ဖော်မူနှင့် လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒထုတ်ဖော်မှုများတွင် နိုင်ငံရေးပါတီများက ပါဝင်ပတ်သက်   နေခြင်းကြောင့် ပြည်ထောင်စုရွေးကောက်ပွဲမရှင်မှ နိုင်ငံရေးပါတီ(၅)ခုအား မေလ(၂၉)ရက် နေ့ကခေါ်ယူဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ၀ိုင်းဝန်း တွန်းအားပေးဖို့ ထိုင်းဝန်ကြီးချုပ် ပြော

မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ၀ိုင်းဝန်း တွန်းအားပေးဖို့ ထိုင်းဝန်ကြီးချုပ် ပြော
2012-05-30
မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ အားရစရာ ဖြစ်ပြီးတော့ အဲဒီအပြောင်းအလဲတွေ ပိုမိုအားကောင်းလာဖို့ ဒေသတွင်း နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ၀ိုင်းဝန်း တွန်းအားပေးသင့်ကြောင်း ထိုင်းဝန်ကြီးချုပ် မီးစ် ယင်လတ် ရှီနာဝတ် က ပြောကြားလိုက်ပါတယ်။
Photo courtesy of Wikipedia
၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသော ကမ္ဘာ့စီးပွားရေး ညီလာခံ၌ ထိုင်းဝန်ကြီးချုပ် မီးစ် ယင်လတ် ရှီနာဝတ် စကားပြောကြားနေစဉ်။

EFR ကုမ္ပဏီက တရားစွဲ၍ ရေတာရှည်မြို့နယ် ၀ါးရုံလဲလယ်သမားများအမှုရင်ဆိုင်နေရ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ရဲကုန်းကျေးရွာအုပ်စု ၀ါးရုံလဲကျေးရွာရှိ လယ်သမားများအား EFR ကုမ္ပဏီမှ တရားစွဲဆိုထားသောကြောင့် လယ်သမားများမှာ မေလ(၃၀)ရက်နေ့တွင် ပဲခူးတိုင်းတရားရုံးတွင် အမှုရင်ဆိုင်ရမည် ဖြစ်သည်။

အလုပ်သမားများအား ပြည်သူကမမေ့ထားဘူးဆိုတာ ပြောဖို့လာရောက်ခြင်းဖြစ်ကြောင်း ကိုမင်းကိုနိုင်ဆို

အလုပ်သမားများအား ပြည်သူလူထုက မမေ့ထားဘူးဆိုတာကို ကိုယ်စားပြောဖို့လာရောက်ခြင်း ဖြစ်ကြောင်း (၈၈)မျိုး ဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က လှိုင်သာယာဆန္ဒထုတ်ဖော် တောင်းဆိုသောစက်ရုံများသို့ ဒုတိယအကြိမ်လာရောက်စဉ်က  ပြောကြားခဲ့သည်။

Yangon Crown သံမဏိစက်ရုံ အလုပ်သမား တောင်းဆိုချက်အားလုံး ရရှိ

Yangon Crown သံမဏိစက်ရုံ အလုပ်သမား တောင်းဆိုချက်အားလုံး ရရှိ
2012-05-30
အစာငတ်ခံ ဆန္ဒထုတ်ဖော်နေကြတဲ့ မှော်ဘီ မြို့နယ် မြောင်းတကာ စက်မှုဇုန်က Yangon Crown သံမဏိစက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ အားလုံးကို စက်ရုံပိုင်ရှင်က လိုက်လျောလိုက်ပြီလို့ သိရပါတယ်။
RFA

DETAIL NEWS Y-Talk ဖုန်းခေါ်ဆိုမှုအတွက် သီးသန့်စင်တာ(၅)ခု ထပ်တိုးဖွင့်လှစ်မည်

ရန်ကုန်မြို့တွင် အင်တာနက်ဖုန်းခေါ်ဆိုမှုတွင် တစ်ခုအပါအ၀င်ဖြစ်သည့် Y-Talk ဖုန်းခေါ်ဆိုမှုအတွက် သီးသန့်စင်တာ (၅)ခုခန့်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
 

Home သတင်း မီဒီယာဌာန ဖွင့်လှစ်

Home သတင်း မီဒီယာဌာန ဖွင့်လှစ်
2012-05-30
အနုပညာရှင် ကိုဇာဂနာ ဦးစီးပြီး သတင်း၊ မဂ္ဂဇင်း ဆောင်းပါးတွေပါဝင်တဲ့ ဂျာနယ်ထုတ်ဝေနိုင်ဖို့ နဲ့ မှတ်တမ်းတင် ရုပ်ရှင်သင်တန်းနဲ့ ရိုက်ကူးရေး လုပ်ငန်းတွေ စီစဉ်နိုင်ဖို့အတွက် House of Media and Entertainment ခေါ် Home မီဒီယာစင်တော်ကို ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။
RFA

Wednesday, May 30, 2012

မူလတန်း အခမဲ့ဆိုသော်လည်း ရန်ကုန်ကျောင်းတချို့ ငွေတောင်းခံနေဆဲ

၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်းကျောင်းသားများ အနေဖြင့် အခမဲ့ ပညာရေး သင်ယူခွင့်ရမည်ဟု နိုင်ငံတော်အစိုးရက ကြေညာထားသော်လည်း ရန်ကုန်မြို့တွင်းရှိ ကျောင်းတချို့တွင် ငွေကြေးကို အလှူငွေအဖြစ် ပြောင်းလဲ ကောက်ခံမှုများ ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။
ကရင်ပြည်နယ် ကျေးရွာတရွာမှ မူလတန်းကျောင်းသားများ (ဓာတ်ပုံ - KIC)

မြန်မာဆန်နီ အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ရှိ အထည်ချုပ် စက်ရုံတခုမှ စက်ရုံအလုပ်သမားများသည် လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် ယနေ့ နံနက်ပိုင်းမှ စတင်၍ ဆန္ဒပြနေကြောင်း သိရသည်။

အလုပ်သမား အခွင့် အရေး ဆောင်ရွက်မည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ အလုပ်သမားများကို ဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်ပေးသွားမည်ဟု ယနေ့ နံနက်ပိုင်းတွင်ပြော ဆိုလိုက်သည်။
ယနေ့ နံနက်က မဟာချိုင်ဒေသ စမွတ်စခွန်တွင် ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည် မြန်မာအလုပ်သမားများကို နှုတ်ဆက်နေ စဉ်(ဓာတ်ပုံ - Reuters)

တိုင်းရင်းသားဒေသခံများ လိုလားချက် အစိုးရ တွေ့ဆုံဆွေးနွေး

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များနှင့် အစိုးရ အကြား အပစ်အခတ်ရပ်စဲထားပြီးနောက် တိုင်းရင်းသားများ တောင်းဆိုလိုသည့် ဆန္ဒသဘောထား အမြင်များသိရှိရန် ကချင်ပြည်နယ် မြစ်ကြီးမြို့တွင် အစိုးရက ဒေသခံ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် လိုင်ဇာ ဒေသရှိ စစ်ပြေး ဒုက္ခသည် ကလေးများ (ဓာတ်ပုံ - Edith Mirante)

လျှပ်စစ်တာဝါတိုင်များ ဖျက်ဆီးသူကို KIO စုံစမ်းနေ

ရန်ကုန်နှင့် မန္တလေးမြို့ကြီးများသို့ လျှပ်စစ်မီးဓာတ်အားကြိုးများ သွယ်တန်းထားသော ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲ က တာဝါတိုင်များကို ဖျက်ဆီးခဲ့မှုနှင့် ပတ်သက်၍ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) က စုံစမ်းနေကြောင်း သိရသည်။
“လူထုအကျိုးပြုပစ္စည်းတွေကို KIA က သီးသန့်လိုက်ပြီးဖျက်ဆီးတာမျိုးတော့ မရှိဘူး။ အခု တာဝါတိုင်တွေပျက်စီးတယ်ဆိုတာ ကြား သိရတယ်။ ဒါကို ဘယ်အဖွဲ့ကနေ လုပ်သလဲ၊ ကျနော်တို့ ရှေ့တန်းက အဖွဲ့တွေကပဲ လုပ်သလားဆိုတာ မပြောနိုင်သေးဘူး။ ကျနော်တို့လည်း စုံစမ်းနေတုန်းပဲ”ဟု ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် က ဧရာဝတီသို့ ပြောသည်။
KIA လက်ချက်ဟု စွပ်စွဲထားသော ပျက်စီးသွားသည့် ၂၃၀ ကေဗီ ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင် အမှတ် (၂၀၇)(ဓာတ်ပုံ - မြန်မာ့အလင်း)

အလုံမြို့နယ် လျှပ်စစ်မီးအရေး သုံးရက်ဆက်တိုက် ဆန္ဒပြမည်

ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုတရပ် မေလ ၂၉ ရက်နေ့ ည ၇ နာရီတွင် ဖြစ်ပွားခဲ့ပြီး လျှပ်စစ်မီး အပြည့်အ၀ မရမချင်း သုံးရက်ဆက်တိုက် ဆက်လက်ပြုလုပ်သွား
ကြမည်ဟု သိရသည်။
alon6

နှစ်ကုန်ပိုင်းတွင် ထားဝယ်ချောင်အမှိုက်မီးရှို့စက်မှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် ရည်ရွယ်

ရန်ကုန်တိုင်းဒေသကြီးမှထွက်ရှိသော စွန့်ပစ်အမှိုက်များအတွက် မီးရှို့စက်တည်ဆောက်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ် သွား မည်ဖြစ်ကြောင်း   ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက သိရသည်။

မြန်မာ့လယ်သမားများအား အတိုးနှုန်းနည်းပါးစွာဖြင့် ဆန်စပါးအထူးပြုကုမ္ပဏီ(၅၇)ခုက ကူညီနေ

မြန်မာနိုင်ငံမှ လယ်သမားများတောင်သူများအား အဓိကလိုအပ်ချက်များဖြစ်သည့် ငွေကြေး၊ ဓါတ်မြေသြဇာနှင့် လယ်ယာသုံးပစ္စည်းများအား ဆန်စပါးအထူးပြုကုမ္ပဏီများအနေဖြင့် အတို နှုန်းနည်းပါးစွာဖြင့် အဓိကထောက်ပံ့ ကူညီလျက်ရှိကြောင်း သိရှိရသည်။
 

အ.ထ.က(၁)နှင့်အမက(၂)စမ်းချောင်းရှိ ဝန်ထမ်းသက်သာဆိုင်ခန်းများက သမ္မတကြီးထံသို့ အသနားခံစာတင်

စမ်းချောင်းမြို့နယ်အတွင်းရှိ အ.ထ.က(၁)နှင့် အ.မ.က(၂)မှ ဝန်ထမ်းသက်သာဆိုင်ခန်းများအား လုပ်ငန်းပိတ်သိမ်းခိုင်းသည့် အပေါ်တွင် ဆိုင်ခန်းပိုင်ရှင်မိသားစုများက နိုင်ငံတော်သမ္မတထံသို့ လက်မှတ်ရေးထိုး၍ အသနားခံစာ တင်ထားကြောင်း သိရှိရသည်။
 

ဓာတ်ဆီ၊ ဒီဇယ်နှင့် အောက်တိန်းဆီအခွန်များအား လျော့ချခဲ့သော်လည်း CNGအား တိုးမြှင့်ကောက်ခံမည်

လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစတင်၍ စက်သုံးဆီအခွန်နှုန်းထားများအား ၁၀%သာ ကောက်ခံ သွားတော့မည်   ဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှထုတ်ပြန်ချက်များအရ သိရှိရသည်။
 
စက်သုံးဆီနှုန်းထားများအား ယခုကဲ့သို့လျော့ချကောက်ခံသွားမှုသည် ၂၀၁၂ ခုနှစ် ဧပြီလ()ရက်နေ့မှ စတင်အကျုံးဝင်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်ဘဏ္ဍာရေးနှစ်မှ စတင်ကာကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
 

မုံရွာတွင် အပူလွန်ကဲ၍ လွန်ဆွဲ

မုံရွာ၊ မေ ၂၇

အထက်ချင်းတွင်း စီးပွားရေးမြို့တော် မုံရွာမြို့တွင် မေလကုန်ပိုင်းအထိ အပူချိန် လွန်ကဲသည့် အတွက် မိုးခေါ်လွန်ဆွဲပွဲများ ကျင်းပခဲ့ကြောင်း လွန်ဆွဲပွဲအား ဦးဆောင်သည့် သဒ္ဓမ္မသောဒါန ဘုံဆွမ်းလောင်း အသင်းမှ အသင်းသား တစ်ဦးက ပြောကြားသည်။

ဂေါက်ရောဂါသည်များ အတွက် အစားအစာများ


29 MAY 2012  | BY HEALTH DIGEST
Gout ရောဂါကို ခံစားနေရသူများ ဟာ ခံစားရသောဝေဒနာ များသက် သာစေရန် လူနေမှုစရိုက်များကို ပြောင်းလဲပေးခြင်းသည် အဓိကကျ ကြောင်း အရိုးအထူး ကုဆရာဝန် များ က 

ဇနီး အခြားယောကျာ်း နောက်လိုက်၍ ပိုးသတ်ဆေးသောက် သေဆုံး


ရန်ကုန်တိုင်း ဒေသကြီး ရွှေ ပြည်သာမြို့နယ် အတွင်း၌ မိမိကိုယ် ကို ပိုးသတ်ဆေး သောက်၍ သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတ၏ ကိုယ်ရေးအရာရှိကိုယ်တိုင် မဲစာရင်းထဲမပါ

မေလ ၂၉ ၊ ၂၀၁၂ -ကျော်သူရမျိုး (YPI)

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး ကိုကိုကျော် နှင့်ဇနီးတို့ မဲစာရင်းတွင်မပါရှိသဖြင့် မဲမပေးခဲ့ရကြောင်း မေလ ၂၂ ရက်နေ့က နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် တွင် လူသတ်မှုဒိမ်းကျင့်မှုဖြစ်စဉ်ဖြစ်ပွား

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် သပြေချောင်ကျေးရွာနေ ဦးလှတင်+ဒေါ်မမြတို့၏ သမီး မသီတာထွေးသည် ၂၈.၅.၂၀၁၂  ညနေ ၅ နာရီ ၁၅ မိနစ် ၀န်းကျင်ခန့်တွင် ကျောက်နီမော်ကျေးရွာမှ သပြေချောင်ကျေးရွာသို့အပြန် ပျောက်ဆုံး နေသဖြင့် မိဘများမှ ည ၈ နာရီ ၀န်းကျင်ခန့်တွင် ကျောက်နီမော် ရဲစခန်းသို့ သွားရောက်တိုင်ကြားသော်လဲ ရဲစခန်းမှ လုံးဝလိုက်လံရှာဖွေပေးခြင်း၊ စုံစမ်းပေးခြင်း မရှိခဲ့ပေ။

ကျောက်စိမ်းကုမ္ပဏီတွေ ဖားကန့်ဒေသက အမြန်ဆုံးထွက်ခိုင်း

(ဓာတ်ပုံ- zawmoehetet)
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက်စိမ်း
တူးဖေါ်နေတဲ့ ကုမ္ပဏီတွေနဲ့ စက်ယန္တယားတွေကို အမြန်ဆုံးရုတ်သိမ်းဖို့
နေပြည်တော်က မေ ၂၃ ရက်က ညွှန်ကြားချက် ထုတ်တာကြောင့်
မေလကစပြီး ဖားကန့်ကနေ လူအတော်များများ ထွက်ခွာနေကြတယ်လို့
သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်မြို့ ရောက်ရှိ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်တာ ကာလအတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို မနေ့ည (၁၀) နာရီက ထိုင်းလေကြောင်းလိုင်းနဲ့ ရောက်ရှိလာပါတယ်။
လိမ္မော်ရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သုဝဏ္ဍဘူမိလေဆိပ်က ထွက်လာချိန်မှာ စုဝေးရောက်ရှိနေတဲ့မြန်မာတွေက သံပြိုင်ကြွေးကြော်ပြီး နှုတ်ဆက်ခဲ့ကြပါတယ်။