Wednesday, May 30, 2012

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် တွင် လူသတ်မှုဒိမ်းကျင့်မှုဖြစ်စဉ်ဖြစ်ပွား

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် သပြေချောင်ကျေးရွာနေ ဦးလှတင်+ဒေါ်မမြတို့၏ သမီး မသီတာထွေးသည် ၂၈.၅.၂၀၁၂  ညနေ ၅ နာရီ ၁၅ မိနစ် ၀န်းကျင်ခန့်တွင် ကျောက်နီမော်ကျေးရွာမှ သပြေချောင်ကျေးရွာသို့အပြန် ပျောက်ဆုံး နေသဖြင့် မိဘများမှ ည ၈ နာရီ ၀န်းကျင်ခန့်တွင် ကျောက်နီမော် ရဲစခန်းသို့ သွားရောက်တိုင်ကြားသော်လဲ ရဲစခန်းမှ လုံးဝလိုက်လံရှာဖွေပေးခြင်း၊ စုံစမ်းပေးခြင်း မရှိခဲ့ပေ။

ထို့ကြောင့် မိဘများမှ သပြေချောင်ကျေးရွာမှ လူများစုပြီး လိုက်လံရှာဖွေရာတွင် ၂၉.၆.၂၀၁၂ မနက် ၈ နာရီ ၄၈ မိနစ်ခန့်တွင် ချောင်းဝကျေးရွာ နှင့် ကျောက်ထရံ ကျေးရွာကြား ပရဟိတကျောင်းအနောက်ဘက်ရှိ ဆည်အဟောင်းဘောင်ပေါ်တွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

 တွေ့ရှိချိန်တွင် အ၀တ်အစားများမှာ စုတ်ပြဲနေပြီး မုဒိန်းမှု ပြုကျင့် ခံထားရကာ လည်ပင်းကိုလဲ ဓားဖြင့် လှီးဖြတ်ထားပြီး၊ ညာဖက်ပုခုံးတွင် ဓားဒဏ်ရာတစ်ချက်၊ ရင်အုံတစ်ဖက် တစ်ချက်စီတွင် ဓားဒဏ်ရာတစ်ချက်စီ၊ ခါးနောက်တွင် ဓားဒဏ်ရာတစ်ချက်နှင့် နားရွက်နှစ်ဖက်ကိုလဲ လှီးဖြတ်ထားသည်ကို တွေ့ရှိခဲ့ရသည်။

 ထို့အပြင် မိဘများ၏ ပြောပြချက်များအရ သေဆုံးသူတွင် ၀တ်ဆင်ထားသော ရွှေဆွဲကြိုး၊ ရွှေဆွဲသီး၊ ရွှေနားကပ်တစ်ရံ နှင့် ရွှေလက်စွပ်နှစ်ကွင်း ပျောက်ဆုံးနေသည်ကို သိရှိရပါသည်။ ယခုအချိန်တွင် သေဆုံးသူ၏ အလောင်းအား ကျောက်နီမော်တိုက်နယ်ဆေးရုံတွင် စစ်ဆေးလျက်ရှိနေပါသည်။

ထွက်ရှိလာသော ဆေးစစ်ချက်များနှင့် သတင်းအချက်အလက်များအား ထပ်မှန် ပေးပို့ပေးပါမည်။ ကျောက်နီမော်ကျေးရွာနှင့် သပြေချောင်ကျေးရွာ အကြားတွင် လုယက်မှုများ မကြာခဏဖြစ်းပွားနေသော်လည်း တာဝန်ရှိသူများမှ ဖြေရှင်းပေးခြင်း မရှိခဲ့ပါ။

 ရဲစခန်းသို့ တိုင်ကြားကြသော်လည်း တရားခံမပေါ်ခဲ့ပေ။ အရေးယူဆောင်ရွက်မှုများလည်း မပြုလုပ်ပေးခဲ့ပါ။ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် ၄င်းဖြစ်စဉ်များ မပေါက်စေရန်နှင့် အမှုမှန် အမြန်ဆုံးပေါ်ပေါက်လာစေရန် တာဝန်ယူဖြေရှင်းပေးကြပါရန် တောင်းဆိုအပ်ပါသည်။

တာဝန်သိပြည်သူတဦး

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။