Wednesday, May 30, 2012

ဓာတ်ဆီလောင်းပြီး မီးရှို့ခံရသူ ဆရာဝန်အမျိုးသမီး ကွယ်လွန်

မေလ(၂၇)ရက်နေ့က ဓာတ်ဆီလောင်းပြီး မီးရှို့ခံရသူ အမျိုးသမီးသည် ယနေ့ မေလ(၂၉)ရက်နေ့မွန်းလွဲ(၃)နာရီ(၅၅)မိနစ်ခန့်က ကွယ်လွန်သွားပြီဖြစ်ကြောင်း Popular Myanmar News Journal - facebook အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။
ကမာရွတ်မြို့နယ် လှည်းတန်း ၇ လမ်း ၅ လွှာတွင် ငှားရမ်းနေထိုင်သည့် ဆရာဝန်တဦးဖြစ်သူ မအိမြတ်မွန်အား ရည်းစားဖြစ်သူ လွင်ဦး က ဓါတ်ဆီလောင်းကာ မီးရှို့ခဲ့ရာမှ မအိမြတ်မွန်မှာ တကိုယ်လုံး ဒဏ်ရာရရှိသွားပြီး ညီမဖြစ်သူမှာ ခြေထောက်တွင် မီးလောင်ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ဆီလောင်းပြီး မီးရှိုးတဲ့ တရားခံကိုတော့ ဖမ်းမိထားပြီဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။