Wednesday, May 30, 2012

ရန်ကုန်တိုင်းဒေသကြီးတွင် ရေအရည်သွေးညံ့ချင်းမှုကြောင့် ငါးသေဆုံးမှုများရှိ

ငါးမွေးကန်များတွင် ငါးသေဆုံးမှုအများစုမှာ ကပ်ပါးရောဂါကြောင့်မဟုတ်ပဲ ရေအရည်အသွေးညံ့ဖျင်းမှုကြောင့် ဖြစ်ကြောင်းကို ငါး/ပုစွန်ကျွမ်းကျင် ပညာရှင်တစ်ဦးထံမှသိရသည်။
 

ငါးသေဆုံးမှုမှာ ရေအရည်အသွေညံ့ဖျင်းမှုတို့ကြောင့်အဖြစ်များပြီး၊ ဒတ်တိုင်လိုဂိုင်းရပ်စ်ခေါ်ကပ်ပါးများကြောင့် လည်း သေဆုံးနိုင်ကြောင်းကို ငါးလုပ်ငန်းဦးစီးဌာန၊မွေးမြူရေးဌာနခွဲ၊ှ ငါးပုစွန်ကျန်းမာမှုနှင့်ရောဂါထိန်းချုပ်မှု လုပ်ငန်းမှ ဦးစောလာဖောဝါးက ပြောခဲ့သည်။
 
“ကျွန်တော်တို့ဆီကို ငါးအသေတွေ ယူလာတယ်၊ ရေနမူနာတွေ ယူလာတယ်၊ ကျွန်တော်တို့ ဓါတ်ခွဲခန်းမှာစစ်ကြည့်လိုက်တော့   သူတို့သေတာက ရေအရည်အသွေးမကောင်းလို့ သေတာတွေဖြစ်နေတယ်” ဟု ၄င်း က ပြောသည်။
 
တွံတေးမြို့နယ်အတွင်းရှိ ငါးကန်များတွင် ငါးသေဆုံးမှုများနေကြောင်းကိုလည်း သိရှိရသည်။ “ကျွန်တော်တို့ တွံတေးဘက်မှာ အခုတလောငါးတွေ တော်တော်သေနေပါတယ်၊ အဲ့ဒီလိုသေတာက နည်းနည်းမဟုတ်ပါဘူး၊ တော်တော်များပါတယ်” ဟု တွံ့တေးမှငါးမွေးမြူရေးလုပ်ကိုင်သူ ဦးစိုးတင့်က မြန်မာနိုင်ငံငါးလုပ် ငန်းအဖွဲ့ချုပ် အင်္ဂါပတ်အစည်းအဝေးတွင်ပြောခဲ့သည်။
 
ထိုကဲ့သို့ ရေအရည်အသွေးညံ့ဖျင်းခြင်းမှာ ငါးမွေးမြူမည့်သူများသည် ငါးတစ်ခါဖော်ပြီးလျှင် အဆိုပါကန် အတွင်းမှ ရေထဲသို့ပင် ထပ်ခါထပ်ခါ အသုံး၍ ငါးသစ်ထပ်ထည့်ခြင်းများ ပြုနေခြင်းကြောင့် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
ထို့ပြင် ကပ်ပါရောဂါဖြစ်နေသောငါးကန်မှ ရေကိုလည်း မြစ်ချောင်းအင်းအိုင်များအတွင်းသို့အလွယ်တကူ စွန့်ပစ်ခြင်း မပြုရန်နှင့် ထိုရေအား ပိုးသတ်ခြင်း၊ ရေသန်းရှင်းအောင်ပြုလုပ်ခြင်းများဖြင့် ပြန်လည်အသုံးပြု၍ ရကြောင်းကိုလည်း   ဦးစောလာဖောဝါးက ဆိုသည်။
 
ရေအရည်အသွေးညံ့ဖျင်းသော ရေများတွင် ရေသန့်အမှတ် ၇.၀ PH ကိုကျော်၍ ၇.၇ PH ရှိနေတက်ကြောင်း
ကိုလည်း သိရသည်။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တွံတေး၊ တိုက်ကြီး၊ ခရမ်း၊ ထန်းတပင်မြို့နယ်များရှိ ငါးကန်များမှာ အခြား ဒေသများထက်  ငါးသေဆုံးမှုများကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။