လူဝင်ခွင့်ကောက်ခံမှုအပေါ်
ကျေနပ်မှုမရှိသောကြောင့် မန်းကျောက်မျက်ဈေးဝင်းအတွင်းတွင် ယနေ့နံနက်က
လူဦးရေ တစ်ရာ့ငါးဆယ်နီးပါးပါဝင်သော ဆန္ဒထုတ်ဖေါ်မှုတစ်ရ ပ်ဖြစ်ပွားခဲ့သည်။
‘’သဘောမတူဘူးဆိုတဲ့သူက
လူနည်းစုပါ ၊ ကျနော်တို့ကလဲ သဘောထား ကောက်ခံပြီးမှ ဒီကိစ္စကို လုပ်တာပါ ၊
ပြီးတော့လဲပြီးသွားမှာပါပဲ ဘာမှမဖြစ်ပါဘူး ၊ သူတို့ဖက်ကလဲ
သူတို့သဘောထားထုတ်ပြတာပဲလေ’’ဟု မန္တလေး ကျောက်မျက်ဈေးအုပ်ချုပ်ရေးရုံးမှ
တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားသည်။
ဆန္ဒထုတ်ဖေါ်မှုများဖြစ်ပေါ်လာသည့်အတွက်
ဝင်ခွင့်ကဒ်ပြုလုပ်ရေးလုပ်ငန်းများအား သက်ဆိုင်ရာလူကြီးများမှ
ယာယီရပ်ဆိုင်း ခိုင်းထားပြီး ပြန်လည်စဉ်းစားသုံးသပ်နေကြာင်း
ဈေးအုပ်ချုပ်ရေးမှုးမှ ဆက်လက် ပြောဆိုသည်။
အဆိုပါဆန္ဒထုတ်ဖေါ်မှုမှာ ဒုတိယနေ့မြောက်ဖြစ်ပြီး ဈေးစည်ပင်အဖွဲ့မှ လူတစ်ဦး ကျပ်(၅၀၀၀)သတ်မှတ်ရာမှ စတင်ခဲ့သောပြသနာဖြစ်သည်။
‘’လူတစ်ဦးကို
တစ်နှစ်စာဝင်ခွင့် ငါးထောင်ပဲတောင်းတောင်း ၊ တစ်ထောင်ပဲ တောင်းတောင်း ၊
တစ်ရာပဲ တောင်းတောင် ဒါဟာ အဓ္ပိပါယ်မရှိတဲ့ဟာပဲ ၊ မြန်မာတစ်ပြည်လုံး
ဘယ်ဈေးမှ မတောင်းဘူး ၊ ဒီဈေးတစ်ဈေးပဲ တောင်းတာ’’ ဟု အဆိုပါ ဆန္ဒထုတ်ဖေါ်
မှုတွင်ပါဝင်သော ဈေးသားတစ်ဦးဖြစ်သူ ကိုသိန်းအောင်မြင့်က ပြော သည်။
ယခုကဲ့သို့ဆန္ဒထုတ်ဖေါ်မှုကို
နောက်ရက်များတွင်လည်း ဆက်လက်လုပ်ကိုင်ဦးမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့်
ယခုကဲ့သို့ မတရားဝင် ခွင့်ကောက်ခံမှုကို သက်ဆိုင်ရာလူကြီးများက
အမြန်ဆုံးရုတ်သိမ်းပေးရန်သာဆန္ဒရှိပြီး ဆူပူမှုများ ဖြစ်ပေါ်လာရန် မလို
လားကြောင်းကို လည်း ဆန္ဒထုတ်ဖော်သူများက ဆိုသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။