Thursday, June 7, 2012
ဆူးလေတွင် မွတ်စလင်လူမျိုး(၂၀)ကျော် ဆန္ဒထုတ်ဖော်
ဆူးလေရှိ
ဘန်ဂါလီစွန္တွီဂျာမေဗလီဝတ်ပြုကျောင်းရှေ့တွင် ယနေ့
ဇွန်လ(၅)ရက်နေ့နေ့လည်ပိုင်းမှစ၍
မွတ်စလင်လူမျိုး(၂၀)၀န်းကျင်ကတောင်ကုတ်မြို့တွင် သေဆုံးသွားသူများ၏
ဓါတ်ပုံများကိုင်ဆောင်ကာ
ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရှိရသည်။
ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရှိရသည်။
တရုတ်နယ်စပ် ဖီမော်တွင် ဆရာများ ပြန်မလာသေး၍ အစိုးရကျောင်းများ မဖွင့်လှစ်နိုင်
တရုတ်- မြန်မာနယ်စပ်ရှိ နယ်ခြားစောင့်တပ်တည်ရှိသော ပန်ဝါမြို့နယ် ဖီမော်(HpiMo) မြို့တွင် အစိုးရ အခြေခံပညာ သင်ကျောင်းများ ဖွင့်နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
Jolly Good အထည်ချုပ် စက်ရုံက စွန့်ပစ် မိလ္လာကြောင့် ဒုက္ခရောက်နေကြ

မြသီရိ (၂) လမ်း ရပ်ကွက် မြောင်းထဲကို သွန်ချ နေတဲ့အတွက် အနံ့အသက်ဆိုးတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ စွန့်ပစ် မိလ္လာတွေကို ရပ်ကွက် မြောင်းတွေထဲ
အလုပ်ရှင် အလုပ်သမား ယာယီသဘောတူညီချက် အလုပ်ရှင်ဖောက်ဖျက်
အလုပ်ရှင် အလုပ်သမား ယာယီသဘောတူညီချက် အလုပ်ရှင်ဖောက်ဖျက်
2012-06-06
လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုဆန္ဒပြနေတဲ့ ရန်ကုန်မြို့ စံကောင်း ပီနံအိတ်စက်ရုံမှာ အလုပ်သမားတွေက အစိုးရအရာရှိတွေရဲ့ တိုက်တွန်းမှုကြောင့် သပိတ်ရပ်လိုက်ပေမယ့် စက်ရုံပိုင်ရှင်က အလုပ်သမား ၂၉ ဦးကို ဒီနေ့ အလုပ်ထုတ်ပစ်လိုက်တယ်လို့ သတင်းရရှိပါတယ်။ပိတ်ဆို့မှု ယာယီဆိုင်းငံ့ဖို့ သြစတြေးလျနိုင်ငံ ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည်ကြိုဆို
ပိတ်ဆို့မှု ယာယီဆိုင်းငံ့ဖို့ သြစတြေးလျနိုင်ငံ ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည်ကြိုဆို
2012-06-06
အရင် စစ်အစိုးရအပေါ် ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုတွေကို အခုအခါ ယာယီဆိုင်းငံ့ဖို့ သြစတြေးလျနိုင်ငံက ဆုံးဖြတ်လိုက်တဲ့အပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပါတယ်။
Photo courtesy of NLD
၂၀၁၂ ခုနှစ် ဇွန်လ ၆ ရက်က သြစတြေးလျ
နိုင်ငံခြားရေးဝန်ကြီး Mr. Bob Carr နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
တာဝန်သိသိရင်းနှီးမြှုပ်နှံကြဖို့ သြစတြေးလျကို ဒေါ်စုတိုက်တွန်း
မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြမယ့် သြစတြေးလျ
စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ တာဝန် သိသိနဲ့ လူထုကို အမှန်တကယ်
အကျိုးဖြစ်ထွန်း စေမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးဖြစ်ဖို့ NLD အမျိုးသား
ဒီမို ကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးချက်နဲ့အညီ
လုပ်ဆောင်သွားမှာ ဖြစ်တယ် လို့ မြန်မာနိုင်ငံမှာ အလည်အပတ် ရောက်ရှိနေတဲ့
သြစတေးလျနိုင်ငံခြားရေးဝန်ကြီးက ပြောပါ တယ်။ နိုင်ငံခြားရေးဝန်ကြီး Bob Carr
ဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက်တွေ့ဆုံပြီး
ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အဲဒီလို ပြောလိုက်တာပါ။
အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ဒုတိယ၀န်ကြီး နှစ်ဦး ရာထူးမှ နှုတ်ထွက်
ဒုတိယ၀န်ကြီး နှစ်ဦး ရာထူးမှ နှုတ်ထွက်
2012-06-06
စီးပွားရေးအရ အရေးပါတဲ့ ၀န်ကြီးဌာနနှစ်ခုက ဒုတိယ၀န်ကြီး နှစ်ဦးကို ရာထူးက နှုတ်ထွက်ခွင့်ပြုကြောင်း ထုတ်ပြန်ချက် တစ်ရပ် နိုင်ငံပိုင်သတင်းစာတွေမှာ မနေ့က ဖော်ပြပါရှိခဲ့ပါတယ်။
ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးတင့်လွင်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်တို့ကို
မိမိတို့ သဘောဆန္ဒအလျောက် ရာထူးက နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သမ္မတ
ဦးသိန်းစိန် အနေနဲ့ ထုတ်ပြန်ကြေညာခဲ့တာပါ။
ရခိုင်ပြည်နယ်က စခဲ့တဲ့ အကြမ်းဖက်မှု.စုံစမ်းစစ်ဆေးရန်အမေရိကန်တိုက်တွန်း
ရခိုင်ပြည်နယ်က စခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဖြစ်ခဲ့တဲ့
အဖြစ်အပျက်တွေအပေါ် စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို အရေးယူကိုင်တွယ်ဖို့
အတွက် အမေရိကန်ပြည်ထောင်စုက မြန်မာအာဏာပို်င်တွေကို တိုက်တွန်းပါတယ်။
ဒါ့အပြင် လူမျိုးရေးအဓိကရုဏ်းတွေ မဖြစ်စေရေး ထိန်းထိန်း
သိမ်းသိမ်းလုပ်ကိုင်ကြဖို့နဲ့ တရားဥပဒေစိုးမိုးရေးကို အလေးထားကြဖို့လည်း
မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အစုအဖွဲ့အားလုံးကို တိုက်တွန်းထားပါတယ်။
ဒီအကြောင်းအပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ကြည့်မြင်တိုင် စံပြငါးဈေးတွင် ဆန္ဒပြတောင်းဆိုမှု ဖြစ်ပွား
![]() |
ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးတွင် အလုပ်သမားများ ဆန္ဒပြထုတ်ဖော်တောင်းဆိုနေကြစဉ် |
နေရာ - ရန်ကုန် ရက်စွဲ
June 06, 2012
ဇွန်လ နံနက် ၆နာရီခွဲအချိန် တွင် ကြည့်မြင့်တိုင်မြို့နယ်၊ ဗဟိုစံပြ ငါးဈေးရှိ ကုန်တင်ကုန်ချ အလုပ် သမား ၂၀၀ ခန့်တို့၏ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆို ခဲ့ကြကာ ယင်းတောင်းဆိုချက်များကို ခ.ရ.ကနှင့် မ.ရ.က တို့မှ ငါးရက် အတွင်း ပြေလည်အောင်ဖြေရှင်းပေးသွား မည်ဖြစ်ကြောင်းသိရသည်။
တပ်မတော်၏ နိုင်ငံရေးမှ နောက်ဆုတ်မည့် ခြေလှမ်းကို ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
ရန်ကုန်၊ ဇွန် ၆
မြန်မာနိုင်ငံရေးတွင် တပ်မတော်မှ သင့်တော်သည့် အချိန်တွင် နောက်ဆုတ်ပေးမည်ဟု ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လှမင်း၏ ပြောကြားချက်ကို ကြိုဆိုကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံရေးတွင် တပ်မတော်မှ သင့်တော်သည့် အချိန်တွင် နောက်ဆုတ်ပေးမည်ဟု ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လှမင်း၏ ပြောကြားချက်ကို ကြိုဆိုကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။
မသီတာထွေး အသတ်ခံရမှု ခရိုင်ရုံး၌ ဇွန်လ ဒုတိယပတ်တွင် စစ်ဆေးမည်
ရန်ကုန် ဇွန် ၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မသီတာထွေး အသတ်ခံရမှုကို ကျောက်ဖြူမြို့နယ် ခရိုင်တရားရုံးတွင် ဇွန်လ ဒုတိယပတ်တွင် ရုံးတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း ကျောက် ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ အရာရှိ တစ်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မသီတာထွေး အသတ်ခံရမှုကို ကျောက်ဖြူမြို့နယ် ခရိုင်တရားရုံးတွင် ဇွန်လ ဒုတိယပတ်တွင် ရုံးတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း ကျောက် ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ အရာရှိ တစ်ဦးက ပြောကြားသည်။
စစ်တွေ ပဋိပက္ခမှု သေနတ် ဒဏ်ရာရသူ လေးဦးကို ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်
ရန်ကုန်၊ ဇွန် ၆
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဇွန်လ ၃ရက်နေ့က ဖြစ်ပွါးခဲ့သော ပဋိပက္ခဖြစ်ပွါးမှုတွင် ဒဏ်ရာ ရရှိသူများအနက် အရေးပေါ် အခြေအနေရောက်နေ သူများကို ရောက်ရှိနေပြီဖြစ်သဖြင့် အစိုးရ ထောက်ပံပေးမှုနှင့် မြို့ခံများ ပါတီ များ၏ အလှူငွေများဖြင့် ရန်ကုန်မြို့သို့ ယနေ့ (ဇွန်လ ၆) နေ့လယ် ၁နာရီခန့်က ကုသရန် ပို့ဆောင်လိုက်ပြီ ဖြစ် ကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီဝင်များက ပြောကြားသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဇွန်လ ၃ရက်နေ့က ဖြစ်ပွါးခဲ့သော ပဋိပက္ခဖြစ်ပွါးမှုတွင် ဒဏ်ရာ ရရှိသူများအနက် အရေးပေါ် အခြေအနေရောက်နေ သူများကို ရောက်ရှိနေပြီဖြစ်သဖြင့် အစိုးရ ထောက်ပံပေးမှုနှင့် မြို့ခံများ ပါတီ များ၏ အလှူငွေများဖြင့် ရန်ကုန်မြို့သို့ ယနေ့ (ဇွန်လ ၆) နေ့လယ် ၁နာရီခန့်က ကုသရန် ပို့ဆောင်လိုက်ပြီ ဖြစ် ကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီဝင်များက ပြောကြားသည်။
မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း စတင်ပြောင်းလဲ ပြေးဆွဲလာ

မိုးရွာသွန်းမှု စတင်လာပြီဖြစ်သဖြင့် ကလေးဝ-ယာကြီး-မုံရွာလမ်း၌ သွားလာမှုများ ပြတ်တောက်ခဲ့စဉ်
ပျော်ဘွယ်မြို့ စည်ပင်သာယာ အမှတ်(၁)ဈေးအတွင်း မီးလောင်ကျွမ်း

ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီက ပျော်ဘွယ်မြို့စည်ပင်သာယာ အမှတ်(၁)ဈေးအတွင်း ပိုင်းမီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း ၂၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ ပျော်ဘွယ်ဈေး မီးလောင်ကျွမ်းမှုကို မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်းမြို့များမှ မီးသတ်ကား ၁၀ စီးဖြင့် ငြှိမ်းသတ်ခဲ့ပြီး မီးလောင်ကျွမ်းမှုမှာ တစ်နာရီနီးပါး ကြာမြင့်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာအနီး တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာတွင် ရေရိုးပိတ်နေသောကြောင့် စိုက်ခင်းများ ရေလျှံမည်ကို ဒေသခံများ စိုးရိမ်နေကြောင်းသိရ

ရေရိုးကို ကန့်လန်ဖြတ် သွယ်တန်းထားသော ပိုက်လိုင်းနေရာကို ဇွန်လ ၁ ရက်နေ့ကတွေ့ရစဉ်
လုပ်ငန်းရှင်တို့၏ သတ်မှတ်စည်းကမ်းများထက် ကျော်လွန်ကာ လုပ်ကိုင်နေမှုကြောင့် ကျေးလက်ဒေသများတွင် နွားရှားပါးမှုများ ဖြစ်ပွားလာနိုင်
လုပ်ငန်းရှင်တို့၏ သတ်မှတ်စည်းကမ်းများထက် ကျော်လွန်ကာ
လုပ်ကိုင်နေမှုများကြောင့် ကျေးလက်ဒေသများတွင် နွားရှားပါးမှုများ
ဖြစ်ပွားလာနိုင်ကြောင်း ဒေသခံတို့၏ ပြောကြားချက်အရ သိရှိရပါသည်။
မရမ်းကုန်းမြို့နယ်တွင် ဥက္ကာလမ်းဆုံအနီး ဆေးရုံယာဉ်တစ်စီး တိမ်းမှောက်ကာ လူနာတစ်ဦးနှင့် အခြားသူတစ်ဦး ဒဏ်ရာရ

မေလ ၃၁ ရက်နေ့က ဆေးရုံယာဉ် တိမ်းမှောက်မှုကို တွေ့ရစဉ်
အသစ်ဖွင့်လှစ်မည့် ကုတင် ၅၀၀ ဆံ့ဆေးရုံတွင် မြန်မာနိုင်ငံ၌ ပထမဆုံးသော အရိုးအကြောအဆစ် ဆေးပညာဌာနကို ထည့်သွင်းပြီး အတွင်းလူနာများ လက်ခံကုသသွားမည်

အသစ်ဖွင့်လှစ်မည့် ကုတင် ၅၀၀ ဆံ့ ဆေးရုံအား ဇွန်လ ၅ ရက်နေ့က တွေ့ရစဉ်
ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော လူသတ်မှုအပါအ၀င် မှုခင်းဖြစ်စဉ်အချို့ကို ရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖော်ထုတ်နိုင်ခဲ့ ၂၀၀၈ ခုနှစ်က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်းတွင် ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို အမှုပိတ်ထားခြင်းမရှိဘဲ ယနေ့ထိ စုံစမ်းနေဆဲဖြစ်ကြောင်း သိရ

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော လူသတ်မှု အပါအ၀င် မှုခင်းဖြစ်စဉ် အချို့ကို ရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရှိရပြီး ၂၀၀၈ ခုနှစ်က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်းတွင် ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကိုလည်း အမှုပိတ်ထားခြင်းမရှိဘဲ ယနေ့ထိ စုံစမ်းနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အခြားနိုင်ငံအပေါ် မှီခိုရခြင်းကို မကြိုက်ဟု ဒေါ်အောင်ဆန်းစုကြည်က သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ပြောကြား

ဇွန်လ ၆
ရက်နေ့ ညနေပိုင်းတွင် သြစတြေးလျနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Bob Carr
နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခဲ့စဉ်
အလုပ်သမားကိစ္စရပ်များ ဆောင်ရွက်ပေးနေသည့် အဖွဲ့ ခုနှစ်ဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တွေ့ဆုံ
အလုပ်သမားရေးရာကိစ္စများ ဆောင်ရွက်ပေးနေသည့် အဖွဲ့ခုနှစ်ဖွဲ့နှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ မေလ ၆ ရက်နေ့က
ပထမဆုံး အကြိမ်တွေ့ဆုံခဲ့ကြောင်း သတင်းရ ရှိသည်။
မြန်မာနှင့်ထိုင်း ဆက်ဆံရေးပိုမိုကောင်းမွန်အောင် ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်မည်

ဇွန်လ ၆ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ
ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်အတွင်း ပြင်သစ်နိုင်ငံသို့လည်း သွားရောက်မည်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုလအတွင်း
ဥရောပနိုင်ငံများသို့ သွားရောက်ရန် စီစဉ်ထားပြီး ပြင်သစ်နိုင်ငံသို့လည်း
သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြချက်အရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ပြင်သစ်သမ္မတသစ် ဖရန်ဆွာအော်လွန်ဒ်က ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံသို့ ဇွန်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ပြင်သစ်သမ္မတသစ် ဖရန်ဆွာအော်လွန်ဒ်က ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံသို့ ဇွန်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
AT garment factory အထည်ချုပ်လုပ်သားများ ဆန္ဒဖော်ထုတ်
![]() |
အလုပ်သမားဆန္ဒပြမှုတခုအားတွေ့ ရစဉ် |
နှစ် ၃ဝ ထည့်ဝင်ကြေးဖြင့် အိမ်တစ်လုံးပိုင်ဆိုင်မည့် အစီအစဉ် မကြာမီ စတင်မည်
![]() |
အိမ်နီးချင်း နိုင်ငံတစ်ခုရှိ တန်ဖိုးနည်း ကွန်ဒိုအိမ်ရာတစ်ခုကို တွေ့ရစဉ် |
မှန်မှန်ကန်ကန်ပြုပြင်နိုင်ရန် ကမ္ဘာ့စီးပွားရေးညီလာခံတွင် ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား
မန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းများမှန်မှန်ကန်ကန်ပြုလုပ်နိုင်ရန်အတွက် ကမ္ဘာ့စီးပွားရေးညီလာခံတွင်
မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ကြောင်း အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဋ္ဌကဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခရီးစဉ်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအခြေအနေနှင့်ပတ်
ထိုင်းခရီးစဉ်အပေါ် ဝေဖန်မှုတွေ ဒေါ်စု ပယ်ချ

ဓာတ်ပုံ ASSOCIATED PRESS
ဲမြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ်ရုံးအတွင်း ထိုင်းခရီးစဉ်နှင့်ပတ်သက်သည့်
သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီလ ၆ ရက်၊ ၂၀၁၂။)
ပြီးခဲ့တဲ့သီတင်းပတ်က
သွားရောက်ခဲ့တဲ့ ထိုင်းခရီးစဉ်အပေါ် ကျေနပ်အားရ မိကြောင်းနဲ့ ထိုင်း-မြန်မာ
ရခိုင်အဓိကရုဏ်းမျိုး မဖြစ်စေဖို့ ဒေါ်စု သတိပေး
ရခိုင်လူမျိုးတွေနဲ့ မူစလင်လူမျိုးတွေကြားမှာ ရခိုင်ပြည်နယ်ဘက်က
စခဲ့တဲ့အခြေအနေကို တရားဥပဒေ စိုးမိုးရေးအမြင်နဲ့ ထိန်းသိမ်းစေချင်ပြီး
လူထုအနေနဲ့လည်း ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် လူများစုအနေနဲ့
လူနည်းစုပေါ်မှာ ဂရုဏာထားဖို့ကိုလည်း သတိပေးပြော
မြန်မာ့ပြုပြင်ပြောင်းလဲမှု သင်ခန်းစာယူဖို့ မြောက်ကိုရီးယားကို သမ္မတ လီမြောင်ဘတ် တိုက်တွန်း
မြန်မာ့ပြုပြင်ပြောင်းလဲမှု သင်ခန်းစာယူဖို့ မြောက်ကိုရီးယားကို သမ္မတ လီမြောင်ဘတ် တိုက်တွန်း
2012-06-06
မြောက်ကိုရီးယား အနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေကို သင်ခန်းစာယူပြီး တိုင်းပြည်ကို အမှောင်ချထားရာကနေ ရုန်းထွက်ဖို့ တောင်ကိုရီးယားသမ္မတ Lee Myung-Bak က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
Hmuu Zaw, Myanmar President’s Office
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဒီမိုကရေစီမိတ်ဆွေ (၁၀ ) ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံ
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဒီမိုကရေစီမိတ်ဆွေ (၁၀ ) ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံ
2012-06-06
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Bob Carr ဟာ ဒီကနေ့မနက်ပိုင်းက ဒီမိုကရေစီမိတ်ဆွေ (၁၀ ) ပါတီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ သြစတြေးလျနိုင်ငံက အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။NDF ပါတီ ပြန်လည်ပြင်ဆင် တိုးချဲ့ဖွဲ့စည်းမည်
NDF ပါတီ ပြန်လည်ပြင်ဆင် တိုးချဲ့ဖွဲ့စည်းမည်
2012-06-06
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီကို ပြန်လည်ပြင်ဆင် တိုးချဲ့ဖွဲ့စည်းဖို့အတွက် ရှေ့သီတင်းပတ် ဇွန်လ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ ပါတီ ဗဟိုဦးစီးအဖွဲ့ စုံညီအစည်းအဝေးကို ခေါ်ယူကျင်းပမယ်လို့ သတင်းရရှိပါတယ်။VOA နဲ့ MRTV သဘောတူညီချက်
လာမယ့်ဇွန်လ ၁၄ ရက်နေ့မှာကျင်းပမယ့် ILO
သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့မည်
သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့မည်
2012-06-05
မနေ့ ညက မြန်မာနိုင်ငံ ရန်ကုန်မြို့ကိုရောက်ရှိလာတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Bob Carr ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့လြုံခုံရေးအရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။
RFA
Subscribe to:
Posts (Atom)