Thursday, June 7, 2012

အ၀ယ်အေးသော်လည်း နေမည့်သူများ စိတ်ဝင်စားသည့် မန္တလေးအိမ်ခြံမြေဈေးကွက်

မန္တလေးမြို့ နေရာတော်တော်များများတွင် အိမ်ခြံမြေအရောင်းဝယ်အေးနေပြီး နေထိုင်မည်သူများနှင့်သာ  အရောင်းအ၀ယ်ဖြစ် လျက်ရှိကြောင်း အကျိုးဆောင်များက ဆိုသည်။
 
မန္တလေးအိမ်ခြံမြေဈေးကွက်တွင် နန်းရှေ့၊အောင်တော်မူ၊နယူးစီဗွီလိုင်း စသည့်နေရာများတွင် အရောင်းအ၀ယ် ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်အသိုင်းဝိုင်းက သိရှိရသည်။

'အခုအ၀ယ်လိုက်နေသူတွေက အိမ်ဝိုင်းတွေဝယ်ပြီးဈေးကောင်းကို စောင့်ရောင်းတဲ့ ၀ယ်ရောင်းသမား မဟုတ်သလို အချိုအချောင်ရလို့ ၀ယ်ထားတဲ့ တယ်ထိန်းသမားလည်းမဟုတ်ဘူး။ တကယ်နေမဲ့သူတွေပဲ ၀ယ်ကြတယ်’’ဟု နန်းရှေ့မှ အိမ်ခြံမြေအကျိုးဆောင် ဦးသက်နိုင်ကပြောသည်။
 
အရောင်းအ၀ယ်ဖြစ်သည့် အိမ်ခြံမြေများမှာ ကျပ်သိန်းသောင်းကျော်တန်  အိမ်ဝိုင်းများအားရောင်းချ၍  လာရောက်ဝယ်ယူ သူများကြောင် နန်းရှေ့နှင့်အောင်တော်မူတွင် (ပေ-၄၀×၆၀)တစ်ကွက်လျှင် ကြားလမ်း များတွင် ကျပ်သိန်းထောင်ကျော်မှ လမ်းသင့်သည့်အလျောက် ဈေးရကြောင်းနှင့် ကျပ်သိန်းထောင်ကျော်တန် အကွက်များကြောင်းကိုလည်း သိရှိရသည်။
 

မြိုသစ်အိမ်ခြံမြေဈေးကွက်မှာ အရောင်းဝယ်အေးနေပြီး၊ ၀ယ်ထိန်သမားများက ဈေးလျော့ရောင်းမှသာ အရောင်းအ၀ယ်ဖြစ်လေ့ ရှိကြောင်း ကိုလည်း အကျိုးဆောင်များထံက သိရှိရသည်။
 
“လောလောဆယ် မြို့သစ်မှာ အရောင်းအ၀ယ်ပါးနေတော့ ဈေးလျော့ရောင်းမှပဲ အရောင်းအ၀ယ်ဖြစ်တယ်၊”ဟု မြို့သစ်မှ အိမ်ခြံမြေအကျိုးဆောင် ဦးစောအောင်က ပြောသည်။
 
 မြို့သစ်တွင် ကျပ်သိန်းခြောက်ရာတန်သော (ပေ၄၀×၆၀)မြေကွက်တစ်ကွက်လျင် ကျပ်သိန်းငါးရာလောက်နှင့် ရောင်းချမှာ အရောင်းအ၀ယ်ဖြစ်သွားကြောင်းကိုလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။