Thursday, June 7, 2012

အလုပ်သမားများက တောင်းဆိုလျက်ရှိသော လစာငွေကို အလုပ်ရှင်များက မနည်းညှစ်ထုတ်ပေးရခြင်းဖြစ်ကြောင်း ပြည်တွင်း အလုပ်ရှင်တဦး ပြောဆို

အလုပ်ရှင်များအနေဖြင့် အလုပ်သမားများတောင်းဆိုသည့်လစာနှုန်းထားများအားမနည်းညှစ်ထုတ်၍    ပေးရခြင်းဖြစ်ကြောင်း အထည်ချုပ်စက်ရုံပိုင်ရှင်တစ်ဦးကဆိုသည်။


 

“ကျတော်တို့ လွယ်လွယ်ပေးရတာမဟုတ်ပါဘူး ပေးနိုင်တဲ့နှုန်းထက်များနေပါတယ်မနည်းညှစ်ထုတ်ပြီး    တိုင်းပြည်အတွက် ၀ိုင်းလုပ်ကြမယ်ဆိုပြီးလုပ်ကြတာပါစက်မှုလုပ်ငန်းက   အများမြတ်တဲ့လုပ်ငန်းမဟုတ်ပါဘူး ကျတော်တို့အခုလိုပေး  တာကို အရင်တုန်းကဘာလို့ မပေးတာလဲဆိုရင် ဂုတ်သွေးစုတ်တယ်ထင်မှာစိုးလို့ ပြောရတာပါ”ဟု   လက်ဝါးအထည်ချုပ်စက်ရုံ ပိုင်ရှင်
ဒေါက်တာခင်မောင်အေးကပြောသည်။



မြန်မာပြည်တွင် လုပ်ဆောင်လျက်ရှိသော စက်မှုလက်မှု လုပ်ငန်းများအနေဖြင့်အကျိုးအမြတ်ရရှိမှု   နည်းပါးခြင်း၊ ကုန်ကျစရိတ်မြင့်မားခြင်းနှင့်စီးပွားရေး ပိတ်ဆို့မှုများကြောင့် ဈေးကွက်ကျဉ်းမြောင်းခြင်း  စသော    အခက်အခဲများကြောင့် အလုပ်ရှင်များအနေဖြင့် လုပ်ငန်း လည်ပတ်နိုင်ရုံငွေကြေးသာ ရရှိပြိး   အမြတ်အစွန်း နည်းပါးလှခြင်းတို့ကြောင့်
အလုပ်သမားများ၏ လစာငွေများနည်းပါးရခြင်းဖြစ်ကြောင်းပြည်တွင်းအလုပ်ရှင်များက   ပြောဆိုသည်။


 ဆန္ဒပြလျက်ရှိသော အလုပ်သမားများနှင့် အလုပ်ရှင် နှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိစေရန် ဇွန်လ ၄ ရက်နေ့မှစတင်ပြီး အလုပ်သမားဝန်ကြီးဋ္ဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးမြင့်သိန်း၊ ရန်ကုန်တိုင်း   ဒေသကြီး အလုပ်သမားဝန်ကြီးဋ္ဌာန
ဦးစိုးမင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ ညှိုနှိုင်းရေး ဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်စသော   တာဝန်ရှိသူများ၊ အလုပ်ရှင်များ၊ အလုပ်သမားကိစ္စရပ်များအား ၀င်ရောက် ဆောင်ရွက်ပေးလျက်ရှိသော၈၈မျိုးဆက်ကျောင်း  သားခေါင်ဆောင် ကိုကိုကြီးနှင့်အဖွဲ့၊အလုပ်သမားခေါင်းဆောင်တို့သည်   လှို်င်သာယာ စက်မှုဇုံ(၁)၊ ကနောင်ခန်းမတွင်တွေ့ဆုံဆွေးနွေး  ခဲ့ကြပြီး  စက်ရုံ့ ၇ ရုံခန့် ပြေလည်မှု ရရှိသွားကြောင်းတွေ့ရှိရသည်။


ဇွန်လ(၅)ရက်နေ့တွင် ညှိုနှိုင်းမှုများကြောင့် ဆန္ဒထုတ်ဖော်စက်ရုံများမှMyanmar  C & N အထည်ချုပ်စက်ရုံ၊ Hi-mo ဆံပင်တု စက်ရုံ၊ Great Foreverအထည်ချုပ်စက်ရုံ၊ Myit Apparel အထည်ချုပ်စက်ရုံ၊စံကောင်းပီနံအိတ်စက်ရုံ
New Way ဖိနပ်စက်ရုံ တို့ ပြေလည်ညှိုနှိုင်းမှုရရှိခဲ့သည်။


ဆန္ဒပြစက်ရုံများမှ အဆင်ပြေမှုရရှိသွားသောစက်ရုံများသည် စာချုပ်ချုပ်ဆိုကာဇွန်လ(၆) ရက်နေ့တွင်   လုပ်ငန်းခွင်ဝင်ရောက် ရမည်ဖြစ်ပြီးကျန်စက်ရုံများကိုလည်း   ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ပြေလည်မှုရရှိခဲ့သော စက်ရုံများထဲတွင် Costec အထည်ချုပ်စက်ရုံသည်ယာယီစာချုပ်ချုပ်ဆိုပြီး   စက်ရုံတွင်း ၀င်ကာအလုပ်လုပ်မည်ဖြစ်သော်လဲတိုင်းဒေသကြီးအဆင့်ထိ  ဆက်လက် တောင်းဆိုသွားမည် ဖြစ်သည်။

အလုပ်သင်တစ်ဦးလျှင် နေ့ကြေး(၁၀၀၀)ကျပ်နှင့် ၂၇ ရက်အတွက် ၂၇၀၀၀၀ကျပ်ရှားပါးစရိတ် တစ်ရက်  (၁၀၀)ကျပ် နှင့် ၂၇ ရက်အတွက် ၂၇၀၀ကျပ် အချိန်ပိုကြေးတစ်နာရီ ၂၇၃ ကျပ် နှင့်  ၈၈ နာရီ ၂၄၀၀၀ နှင့် ရက်မှန်ကြေး၃၀၀၀(  သုံးထောင်) စုစုပေါင်း ၅၆၇၀၀ကျပ် ရရှိမည်ဖြစ်ကြောင်းအထည်ချုပ်လုပ်ငန်းရှင်များဥက္ကဌ  ဦးမြင့်စိုးကပြောသည်။


စက်ချုပ်သင်အလုပ်သမားတယောက်အနေနဲ့ နေ့ကြေး(၁၁၀၀)ကျပ်နှင့် ၂၇ရက်အတွက်(၂၉၇၀၀)ကျပ်   ရှားပါးစရိတ် တစ်ရက်(၃၀၀)ကျပ်နှင့် (၂၇)  ရက်အတွက်(၈၁၀၀) ကျပ် အချိန်ပိုကြေး တစ်နာရီ (၃၀၀) ကျပ် နှင့် ၈၈ နာရီ
၂၆၄၀၀ ကျပ် ရက်မှန်ကြေး ၃၀၀၀(သုံးထောင်) နှင့် ထုတ်လုပ်မှုဆုကြေး၃၀၀၀(သုံးထောင်) ရရှိ မည်ဖြစ်ကြောင်း  ညှိနှိုင်းဆွေးနွေးကြသည်။


အလတ်လယ်လတ်တန်းစား နေ့ကြေး (၁၁၅၀)ကျပ်၊ ရှားပါးစရိတ် တစ်ရက် ၅၀၀ကျပ်နှင့် ၂၇ ရက်အတွက် (၁၃၅၀၀) ကျပ်အချိန်ပိုကြေးတစ်နာရီ ၃၁၃ ကျပ် ၈၈နာရီ ၂၇၅၄၄ ကျပ်၊ ရက်မှန်ကြေး ၅၀၀၀  ထုတ်လုပ်မှု ဆုကြေး ကျပ် ၅၀၀၀
ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။


အဆိုပါ သတ်မှတ်ကြေးများကိုပေးရမည်ဖြစ်ပြီး ယခင်က စက်ရုံမှပေးထားသောစားသောက်စရိတ် ခရီးစရိတ် ဖယ်ရီကားများကို မူလအတိုင်းပေးရမည်ဟုအထည်ချုပ်ဥက္ကဌ ဦးမြင့်စိုးကပြောသည်။

 “စက်ရုံတွေမှာ ဒဏ်ပေးတာဒဏ်ပေးတာတွေ မတ်တက်ရပ်ခိုင်းတာတွေ မလုပ်ရဘူး၊အလုပ်ရုံစည်းကမ်း   တွေကိုလည်း   ပြန်ထုတ်မယ်   စက်ရုံတိုင်း ကိုယ်ထုတ်ချင်တဲ့စည်းကမ်းတွေကို မထုတ်ရဘူး” ဟု   ပြည်ထောင်စု ၀န်ကြီး ဒုတိယ၀န်ကြီး
ဦးမြင့်သိန်းကပြောသည်။


စက်ရုံများတွင် လေကောင်းလေသန့်ရရှိနိုင်ရန်လေ၀င်ပေါက်များရရှိရမည်ဖြစ်ကြောင်း အလေးသွားတာကအစ ပိုက်ဆံလိုချင်သောစက်ရုံများ ရှိကြောင်း၊ စူပါ လီဒါများမှလည်းဆက်ဆံရေးကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ယခင် ပေးထားသော
ခံစားခွင့်များကိုလည်း ဆက်လက်ပေးဆောင်ရမည်ဖြစ်ကြောင်းမိမိတို့အနေဖြင့်လည်း လိုက်လံစစ်ဆေး မည်ရမည် ဖြစ်ကြောင်း
ပြည်ထောင်စုဝန်ကြီး ဒုဝန်ကြီး ဦးမြင့်သိန်းကပြောသည်။




“ကျွန်တော်တို့ ကျေနပ်ဖို့အရေးမကြီးပါဘူးအလုပ်သမားတွေကျေနပ်ဖို့အရေးကြီးပါတယ် ကျွန်တော်တို့က ၀င်ရောက် ညှိနှိုင်းပေးတာပါ ကာယကံရှင်တွေကျေနပ်ဖို့အရေးကြီးပါတယ်”ဟု(၈၈)မျိုးဆက်ကျောင်းသား   ခေါင်းဆောင် ကိုကိုကြီးက ရှင်းပြသည်။


စက်ရုံများအနေဖြင့် လုပ်သားများ၏ တောင်းဆိုမှုများအား လိုက်လျောပေးသည်ဟုယူဆကြောင်း ရရှိပြီး သားအခွင့်ရေးများ မှာလည်း ကောင်းမွန်သည့်အတွက် အဆိုပါဆွေးနွေးညှိနှိုင်းမှုအား   လက်ခံနိုင်ကြောင်း ဥပဒေပညာရှင် ဦးဌေးကဆိုသည်။

“ကျတော်တို့က ဒီက၀န်ကြီးတွေ ဒီကလူကြီးတွေအတိုင်းရမယ်ဆိုရင် ကျေနပ်ပါတယ်အခြေခံလစာလဲ   နှစ်ဆလောက် တိုးလာတယ်ဆိုတော့ကျတော်တို့မိသားစုအတွက်အဆင်ပြေပါတယ်” ဟု Myit Apparel အထည်ချုပ်စက်ရုံမှကိုယ်စားလှယ် တစ်ဦးဖြစ်သူ အလုပ်သမားခေါင်းဆောင် ကိုမင်းကိုနိုင်ကပြောသည်။


1 comment:

  1. ပိုက်ဆံကရှာရတာမလွယ်ကုန်ဈေးနူန်းကတတ်ရင်တော.ငတ်ဖို.ပဲကျန်တော.တယ်ကွယ်....သူဌေးသဘောင်္ပျက်တာတော်သေးတယ်...ဆင်းရဲတဲ.သူစားစရာမရှိတာခက်တယ်...

    ReplyDelete

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။