Thursday, June 7, 2012

တော်ဝင်စက်ရုံ အလုပ်သမားများ အကြမ်းဖက်ခံရ

တော်ဝင်စက်ရုံ အလုပ်သမားများ အကြမ်းဖက်ခံရ



တော်ဝင်မြန်မာ ဇာထိုးပန်းထိုး စက်ရုံ ဆန္ဒပြ အလုပ်သမားများ

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုံ (၁) မှာရှိတဲ့ ထိုင်ဝမ်တရုတ်ပိုင် တော်ဝင်မြန်မာ ဇာထိုးပန်းထိုး စက်ရုံက စက်ရုံအလုပ်သမားတွေဟာ ဇွန်လ ၁ ရက်နေ့
မနက် ၈ နာရီကနေ စတင်ပြီး နောက်တစ်နေ့ နံနက် ၈ နာရီအထိ တစ်နေ့လုံး တစ်ညလုံး ဆန္ဒပြ ခဲ့ကြပါတယ်။ အခြေခံလစာ ၃၀၀၀၀ ကျပ်ရရှိရေးနဲ့ အလုပ်သမား
အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် မေလ ၂၆ ရက်နေ့ကနေ စတင်ပြီး ဆန္ဒပြခဲ့တဲ့ စက်ရုံအလုပ်သမားတွေနဲ့ စက်ရုံလုံခြုံရေး တာဝန်ရှိသူတွေအကြား ရုန်းရင်း
ဆန်ခတ်မှုလည်း ဖြစ်ခဲ့ကြပါတယ်။ အဲဒီထဲကမှ ခြေထောက်နဲ့ အကန်ခံရတဲ့ အသက် ၁၄ နှစ်အရွယ် စက်ရုံအလုပ်သမား မပြည့်စုံထွေးနဲ့ ဆန္ဒပြ အလုပ်သမားတွေကို
သွားရောက် အားပေးခဲ့တဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးကို Burma VJ Media မှ စုံစမ်း မေးမြန်း ထားပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။