Thursday, June 7, 2012

ရခိုင်တွင် တည်ငြိမ်မှု ငြိမ်းချမ်းရေး အဖွဲ့ဖွဲ့စည်းမည် မိုးဝေ (မြစ်မခ)ရခိုင်ပြည်နယ်

ပဋိပက္ခများကိုငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းမည့် အဖွဲ့စည်းတစ်ခုကိုရခိုင်ပြည်နယ်တွင် ဖွဲ့စည်းမည်ဖြစ်ကြောင်း  သိရသည်။


အဆိုပါ အဖွဲ့စည်းကို မြို့မိမြို့ဖနှင့်ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၊လွှတ်တော် ကိုယ်စားလှယ်များ၊  ဘာသာရေး အဖွဲ့စည်းများ ပါဝင်မည်ဟုသိရသည်။



“မနေ့ က အစည်းဝေးမှာ အဲဒီကိစ္စကို သဘောတူခဲ့ကြပါတယ်၊ အားလုံးပါဝင်တဲ့အဖွဲ့စည်းပေါ့ ပဋိပက္ခကိုဖြေရှင်းနိုင်မယ့် အဖွဲ့အစည်းပေါ့ ”ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ပြည်နယ် လွှတ်တော် အမတ်ဦးအောင်မြကျော်က ပြောသည်။



ယမန်နေ့ကလည်း အဆိုပါ အဖွဲ့မှ စစ်တွေမြို့ ရပ်ကွက်တစ်ချို့တွင်သွားရောက်ဖြေရှင်းပေးခဲ့ကြောင်း ဦးအောင်မြကျော် က ပြောသည်။




“စစ်တွေမှာ အခု ကောလဟာလ သတင်းတွေက အမျိုးမျိုးထွက်နေတယ်၊ဒါကို အဲဒီယာယီအဖွဲ့ကဘဲ သွားရောက်ဖြေ ရှင်းပေးခဲ့ပါတယ်၊စက်ရုံစုရပ်ကွက်တို့အောင်မင်္ဂလာရပ် ကွက်တို့မှာ’’ဟု ပြောသည်။



 ရခိုင်ပြည်နယ်တွင် ဆက်တိုက်ဖြစ်ပွားခဲ့သော မုဒိန်းမှုနှင့် လူသတ်မှု စသည့် ပဋိပက္ခ များ ဖြစ်ပေါ်ခဲ့ပြီးနောက်   ဆူပှုမှု အနေအထား  မဖြစ်စေရေး  ပဋိပက္ခများကို ဖြေရှင်းရန် တည်ငြိမ် မှုငြိမ်းချမ်းရေး အဖွဲ့ကိုဖွဲ့ရန်ရခိုင်ပြည်နယ် အစိုးရ အဖွဲ့နှင့်မြို့မိမြို့ဖများ ဘာသာရေးအသင်းအဖွဲ့များက သဘောတူခဲ့ကြခြင်းဖြစ်သည်။



မေလ ၂၈ရက်နေ့က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ကျောက်နီမော်ကျေးရွာ အုပ်စုသပြေချောင်း ကျေးရွာမှ  ရခိုင် အမျိုးသမီး မသီတာထွေးအားကျောက်နီမော်ကျေးရွာမှ  အစ္စလမ် ဘာသာဝင်  (၃) ဦးက အဓမ္မ ပြုကျင့်ပြီးပစ္စည်းများလုယူသတ်ဖြတ်ခဲ့သည့်  ဖြစ်ရပ် တစ်ဖြစ်ပွားခဲ့သလို  ဇွန်လ၃ရက်နေ့တွင်လည်း တောင်ကုတ်မြို့   တွင် အစ္စလမ်ဘာသာဝင်  (၁၀)ဦးအသတ်ခံခဲ့  ရသည်။ထို့အပြင် ယင်းနေ့၌ပင် ရခိုင်ပြည်နယ် စစ်တွေမြို့၌လူထုနှင့်  ရဲတပ်ဖွဲ့ဝင်တို့် ပဋိပက္ခ ဖြစ်ပွားခဲ့ရာရဲတပ်ဖွဲ့မှ  လူစုခွဲလိုက်သဖြင့်  (၁၁)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
 
အဆိုပါဖြစ်ရပ်များနှင့် ပတ်သတ်၍ ဇွန်လ ၅ ရက်နေ့ နေလယ်ပိုင်းတွင် ရန်ကုန်မြို့ ဆူးလေဘုရားအနီး ဗလီရှေ့၌ မွတ်စလင်လူမျိုးအယောက်(၂၀)ခန့်က သေဆုံးသူများ၏ ဓာတ်ပုံများကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။
 
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။