Thursday, June 7, 2012

ညှိုနှိုင်းပေးသော လစာနူန်းထားသည် အလုပ်သမားတို့ စားဝတ်ရေးအတွက် အဆင်မပြေနိုင်သေးကြောင်း တိုင်ရီအလုပ်သမားများ ပြောဆို

အလုပ်သမားများအတွက် လက်ရှိ ညှိုနှိုင်းပေးလျက်ရှိသော တိုးမြှင့်လုပ်ခလစာနူန်းထားများသည် အလုပ်သမား များ၏ စားဝတ်ရေးအတွက် အဆင်မပြေနိုင်ကြောင်း ဆန္ဒပြလုပ်သားတို့က မြစ်မခမီဒီယာသို့ပြောဆိုသည်။
 


 “ကျွန်မတို့ စက်ရုံတွေမှာ အခြေခံလစာနဲ့ အခြားတိုင်တွေက အရမ်းများတယ်။ဦးမြင့်စိုးတင်ပြတဲ့အထဲမှာ တိုင် (၁၁)တိုင်ကနေ (၆)တိုင်လျော့ ပေးပြီး(၅)တိုင်ဆိုတာအရမ်းကောင်းပါတယ်။ ဒါပေမယ့် လုပ်ခလစာငွေ (၃၁၇၀၀)အချိန်ပိုကြေး မပါတဲ့ အနေအထားက မဖြစ်နိုင်ပါဘူး။ အလုပ်သမားတစ်ယောက်ရဲ့အနည်းဆုံး တစ်လကုန်ကျစရိတ်က (၄၀၀၀၀)ရှိပါတယ်။ အခုညှိနိုင်းပေးတဲ့လုပ်ခလစာက ဘယ်လိုမှ ပြေလည်မူ မရှိနိုင်ပါဘူး” ဟု တိုင်ရီဖိနပ်စက်ရုံကမမိုးဝေက ပြောသည်။
 
တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမားများအနေဖြင့် လက်ရှိအခြေခံလစာ(အိုတီကြေးမပါ) ကျပ် ၄သောင်း ၈ထောင်မှ ၅ သောင်း ၂ ထောင်ဝန်းကျင်ထိရရှိနေရာမှ အခြေခံလစာ လုပ်သက်နှင့်အရည်အသွေးလိုက်ကျပ် ၈သောင်းမှ ၁သိန်း  နှင့်အထက် ရရှိလိုကြောင်း   တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။