Thursday, June 7, 2012

နေပြည်တော်ဆိုင်ကယ်ဈေးကွက်တွင် လိုင်စင်မဲ့ဘီးများ အမြင့်ဈေးဖြင့်အရောင်းသွက်

နေပြည်တော်ဆိုင်ကယ်ဈေးကွက်တွင် မန္တလေးတိုင်းဒေသကြီးမှ လိုင်စင်မဲ့ဆိုင်ကယ်များအား  တရားဝင်လိုင်စင်   လျှောက် ထားနိုင်ခြင်းကြောင့် အမြင့်ဈေးဖြင့် အရောင်းအ၀ယ်ဖြစ်ပေါ်လျက်ရှိကြောင်းဒေသခံဆိုင်ကယ်အရောင်း ဆိုင်များက သိရသည်။
 
 

“အခု ဘလက်ဘီးတွေကို လိုင်စင်လုပ်ပေးနေတယ်ဆိုတော့ ဘီးအသစ်ဝယ်ပြီး လိုင်စင်လျှောက်ကြတဲ့အတွက် ဘလက် ဘီးတွေက   ရောင်းအားတက်နေတာပါ။ လိုင်စင်ဘီးတော့ နည်းနည်း အရောင်းအ၀ယ်အေးသွားတယ်။ ဈေးလည်း နည်းနည်းကျသွားတယ်။” ဟု နေပြည်တော်ပျဉ်းမနားရှိ စူပါဝမ်းဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်က ပြောသည်။
 
လိုင်စင်မဲ့ (ဘလက်ဘီး)ဆိုင်ကယ်ဈေးကွက်တွင် မေလပိုင်းတွင် ကျပ် (၃)သိန်း (၈)သောင်းဝန်ကျင်ရှိခဲ့သော တရုတ် (ရင်ဇင်း)ဆိုင်အမျိုးအစားမှာ ယခု ဇွန်လပိုင်းတွင် ကျပ် (၄)သိန်း (၂)သောင်းဝန်းကျင်နှင့် ကျပ် (၄)သိန်း ၀န်ကျင်ရှိခဲ့သော တရုတ်(လော့ဂျာနှင့် ကန်ဘို)အမျိုးအစားမှာ ကျပ် (၄)သိန်း(၃)သောင်းဝန်းကျင်ရှိကြောင်း သိရသည်။
 
လိုင်စင်မဲ့ဆိုင်ကယ်ဈေးကွက်တွင် အမြင့်ဈေးနူန်းများဖြင့် ၀ယ်လိုအားမြင့်တက်ခဲ့သော်လည်း လိုင်စင်ဆိုင်ကယ်   ဈေးကွက်တွင်   ဈေးနူန်းကျဆင်းကာ ၀ယ်လိုအားကျဆင်းခဲ့ခြင်းဖြစ်သည်။
 
“လိုင်စင်ပါပြီးသား ကန်ဘိုဆိုင်ကယ်ဆိုရင် ဆိုင်မှာ (၅)သိန်းကျော်လောက်ပေးရတယ်။ ဘလက်ဘီးဆိုရင် ၃သိန်း-၃သိန်းခွဲလောက်နဲ့ဝယ်ပြီး လိုင်စင်လျှောက်မယ်ဆိုရင် ၄သိန်းကျော် ၄သိန်းဝန်းကျင်လောက်ပဲရှိတယ်။ လိုင်စင်တွေကို မန္တလေးမှာလျောက်နေပြီလို့တောင် ကြားတယ်။ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္တီလာတွေမှာလည်း လျောက်ထားလို့ရပြီဆိုရင် ဒီထက်တောင် ဈေးမြင့်နိုင်သေးတယ်” ဟု နေပြည်တော်၊ ပျဉ်းမနားမြို့ပေါင်းလောင်း ရပ်ကွက်မှ ကိုကျော်မင်းထိုက်က   ပြောသည်။
 
လိုင်စင်မဲ့ဆိုင်ကယ်ဈေးကွက်တွင် အမြင့်ဈေးဖြင့်ဝယ်လိုအားတက်လာခြင်းမှာ မန္တလေးမြို့တွင် ဆိုင်ကယ် လိုင်စင်လျောက် ထားနိုင်မူများရှိလာခြင်းကြောင့် လိုင်စင်မဲ့(ဘလက်ဘီး)ဘီးများဝယ်ယူကာ လိုင်စင်  လျှောက်ထားမှု များလာခြင်းကြောင့်   ဖြစ်ကြောင်း ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ကိုင်သူများက ဆိုသည်။
 
လိုင်စင်ဆိုင်ကယ်ဈေးကွက်၌ မေလအစောပိုင်းက ကျပ် ၅သိန်း ၈သောင်း ၀န်ကျင်ရှိသော တရုတ်နိုင်ငံထုတ် ကန်ဘိုနှင့်   လော့စ်ဂျာ အမျိုးအစားမှာ ယခု ဇွန်လပိုင်းတွင် ကျပ် ၅သိန်း ၂သောင်းဝန်းကျင်သို့ လည်းကောင်း   ဈေးနူန်များကျဆင်း  ခဲ့ကြောင်း သိရသည်။
 
နေပြည်တော်ဒေသအတွင်းရှိ ဆိုင်ကယ်လိုင်စင်များမှာ မန္တလေးလိုင်စင် (မ.တ.လ/××××)ဖြစ်ပြီး ပဲခူးလိုင်စင် (ပ.ခ/××××)နှင့် အခြားမြို့လိုင်စင်ဆိုင်ကယ်များကိုလည်း တွေ့ရှိနိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။