မောင်ရမ္မာ

ရခိုင်ပြည်နယ် သံတွဲမြို့တွင် မူဆလင် ဆန့်ကျင်ရေး စာရွက်စာတမ်းဖြန့်ဝေမူ စွပ်စွဲ ချက်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသော ကျောင်းသား သုံးဦး အာမခံရရှိခဲ့သည်ဟု သိရသည်။
“ ‘ဒီလ ၄ ရက်နေ့က အာမခံရတယ်။ အပြင်ကို ရောက်လာတယ်။ မနက်ဖြန်မှာလည်း ထပ် ရုံးချိန်း ရှိပါတယ်” ဟု ကိုထွန်းဖေက နိရဉ္စရာသို့ ပြောသည်။
ကိုထွန်းဖေသည် အာမခံ ရထားသူ ကျောင်းသား (၃) ဦးထဲမှ ကိုညီမင်းခန့်၏ ယောက်ဖ တော်စပ်သူ ဖြစ်သည်။