Friday, September 14, 2012

အရန်ဆန် တစ်ရက်အိတ်တစ်သောင်း ရောင်းမကုန် ဟုဆို


မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း ရှင်များ အသင်းမှ ဈေးကွက် အတွင်းသို့ တစ်ရက်လျှင် အရန် ဆန်အိတ် ရေ တစ်သောင်းခန့် သွားရောက် ရောင်းချ ခဲ့သော်လည်း ဆန်အိတ် တစ်သောင်းလုံး ရောင်းမကုန် ကြောင်း ဆန်စပါး အသင်းမှ အမှု ဆောင် ဒေါက်တာ စိုးထွန်းက ပြော ကြားသည်။

“အရန်ဆန်မရောင်းခင် ဝယ် ပြီး လှောင်ထားတဲ့ လှောင်လက် တွေကလည်း ထုတ်ရောင်းကြ တယ်။ ဈေးကွက်ထဲမှာ သူရောင်း ကိုယ်ရောင်းဆိုတော့ ရောင်းလို အားများပြီး မကုန်တာ၊ ဆန်ဈေး တွေကတော့ အေးသွားပြီ”ဟု ၄င်း က ဆိုသည်။
ယခုထုတ်ရောင်းသော အရန် ဆန်များကိုဝယ်ယူပါက ဝယ်လက် များအနေဖြင့် ကျသင့်ငွေကိုကြိုတင် ပေးဆောင်ရမည်ဖြစ်ပြီး မိမိအစီ အစဉ်ဖြင့် ပစ္စည်းသွားရောက်သယ် ယူရမည်ဖြစ်သဖြင့် အရန်ဆန် ဝယ် ယူသူ နည်းပါးနေခြင်းဖြစ်ကြောင်း ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ စိန်ကျွန်းမဏ္ဍိုင်ဆန်ပွဲရုံမှ ဦးသိုက်ထွန်း က ဆိုသည်။
“အရန်ဆန်ဝယ်ရင် ငွေကြို သွင်းရမှာ။ ငွေသွင်းပြီးမှ ဆန်သွား ထုတ်ရမှာ၊ ပြီးတော့ ဆန်ကို ရွေး လို့မရဘူး၊ သူတို့ပေးတာ ယူရမှာ ဆိုတော့ ဝယ်မယ့်သူနည်းတယ်” ဟု ၄င်းက ဆိုသည်။
ယခုထုတ်ရောင်းသော အရန် ဆန်များမှာ အိတ်သားအနည်းငယ် တက်နေပြီး တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ ဖြင့်ရောင်းချသော အစား မှာ ဆန်အကျိုးအကျေ ပါဝင်မှုများ ကြောင်း၊ ယခုလက်ရှိအရန်ဆန်ကို ဈေးကွက်အတွင်း တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀-၁၅၇၀ဝ ဖြင့် နှစ်မျိုး ရောင်းချကြောင်း ဝါးတန်းဆိပ် ကမ်း အခြေစိုက် ဆန်စပါးကုန်စည် ဒိုင်မှ ဆန်ရောင်းဝယ်သူတစ်ဦးက ဆိုသည်။
“ရှယ်စလိုချင်တဲ့ သူက အရန် ဆန်မဝယ်တော့ဘူး။လူတိုင်းလည်း မဝယ်ဘူး၊ လူတိုင်းလည်းကြိုက်တဲ့ အစမဟုတ်ဘူး၊ လှောင်လက်တွေ ကလည်း ပြန်ထုတ်လာတော့ တစ် ရက်ကို အိတ် ၁၀ဝ၀ဝ ကုန်ဖို့ဆို တာ မလွယ်ဘူး” ဟု ၄င်းကဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လကုန် ပိုင်းတွင် ပြည်တွင်းဆန်ဈေးနှုန်း များ ဆက်တိုက်မြင့်တက်လာခြင်း ကြောင့် ပြည်တွင်းဆန်ဈေးနှုန်း အား ထိန်းညှိပေးသည့်အနေဖြင့် အရန်ဆန်များ ထုတ်ရောင်းခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။