Friday, September 14, 2012

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ရခိုင် အမျိုးသမီးတစ်ဦး ဓားခုတ်ခံရ ဟုဆို


ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ် အတွင်း စက်တင်ဘာ ၂ ရက်နေ့က ရခိုင် အမျိုးသမီး တစ်ဦး ဓားဖြင့် အခုတ်ခံရ၍ ဆေးရုံတင် ထားရကြောင်း မောင်တော ခရိုင် ရဲတပ်ဖွဲ့မှသိရသည်။

“ကျွန်တော်တို့ လာတဲ့အချိန် ဘင်္ဂါလီတွေ အချင်းချင်းတိုးတိုး တိတ်တိတ်ပြောကြတယ်။ နောက်ကနေ လိုက်လာပြီး ဓားနဲ့ခုတ်တယ်။ ပထမတစ်ချက် နောက်က လွယ်ထားတဲ့ ပလိုင်းကိုထိတယ်၊ ဒုတိယ အချက်မှာ ဘယ်ခြေထောက်ကိုထိတယ်”ဟု ဓားခုတ်ခံရသူ၏အစ်ကို ကိုကျော်လှိုင်သန်းက Venus News Weekly သို့ ပြောကြားသည်။
ဓားဖြင့် အခုတ်ခံရသူမှာ ပြင် ရှည်ကျေးရွာနေ (ဘ) ဦးစံကျော်လှ ၏ သမီးမရီရီသန်း ၁၆ နှစ်ဖြစ်ပြီး စိုင်းဒင်တောင်ကုန်း အေရာချ ကျေးရွာ တောင်ယာမှ ရာသီပေါ်ဟင်းသီးဟင်းရွက်များ ဝယ်ယူပြီး မောင်နှမသုံးဦးပြန်လာရာ အုတ်တောင်ကျေးရွာ တောင်ဘက် ဘုန်တော်ကြီးကျောင်းဟောင်းအနီးတွင် “ဝ” ဥရောင်းချပြီးပြန်လာသည့် ဘင်္ဂါလီ ၂၀ ခန့် ရှိသည့်အုပ်စုက ၄င်းတို့ကို နောက်ကအမီလိုက်ပြီး ဘင်္ဂါလီလူငယ်တစ်ဦးက ဓားဖြင့် ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းကထပ်မံ ပြောကြားခဲ့သည်။
အဆိုပါအမှုနှင့် ပတ်သက်၍ အာပုလဲတောင် ဘင်္ဂါလီကျေးရွာမှ အဘူကာဆိန်း ၁၂ နှစ်အား ပုဒ်မ ၃၂၄ ဖြင့် ဘူးသီးတောင်ရဲစခန်းမှ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
“ဓားနဲ့လိုက်ခုတ်တာ မဟုတ်ဘူး၊ ဖြစ်တဲ့နေရာကလည်း အမှတ် ၅၆၄ ခြေမြန်တပ်ရင်း ဧရိယာအတွင်းမှာပဲ။ နောက်က ပါလာတဲ့ ဘင်္ဂါလီတစ်ဦးရဲ့ဓားနဲ့ ခိုက်မိသွားတာပါ။ ဓားကိုလည်း ကျွန်တော် တို့သိမ်းဆည်းထားပါတယ်” ဟု ဘူးသီးတောင် ရဲတပ်ဖွဲ့မှ မြို့နယ် မှူးကလ Venus News Weekly သို့ တယ်လီဖုန်းဖြင့် ပြန်လည်ဖြေကြား ခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။