မြန်မာနိုင်ငံတိုးတက်ဖို့အတွက် အမျိုးသားညီညွှတ်မှုအောင်ပွဲတွေ အများကြီးလိုအပ်သေးကြောင်း နတ်မောက်မြို့ ဗိုလ်ချုပ်ကွင်းမှာ စနေနေ့က ကျင်းပခဲ့တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လူထုတွေ့ဆုံပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲချူပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်က တက်ရောက် လာတဲ့ လူထုပရိသတ် တစ်သောင်းကျော် ကို ပြောကြားခဲ့ပါတယ်။
Saturday, December 8, 2012
၆ လကြာခဲ့ပေမယ့် ရခိုင်က ဒုက္ခသည်တွေ အခက်အခဲများစွာရှိနေဆဲ
2012-12-07
ရခိုင်ပြည်နယ် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာ ၆ လ ရှိခဲ့ပြီ ဖြစ်ပေမယ့် အိုးအိမ်စွန့်ပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ဒုက္ခသည် ၁ သိန်း ၁ သောင်းကျော်ဟာ အခက်အခဲမျိုးစုံ နဲ့ နေထိုင်နေကြရဆဲပဲလို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR က ပြောကြား လိုက်ပါတယ်။
လက်ပန်းတောင်းတောင်အရေး တရုတ်သံရုံး သတင်းစာရှင်းလင်းပွဲကျင်းပ
2012-12-07
လက်ပန်းတာင်းတောင်အရေးနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr.Li Junhua က ဒီကနေ့ တရုတ်သံရုံးမှာ ၂နာရီကျော်ကြာ ကျင်းပခဲ့ပါတယ်။
Photo: RFA/Thiha Tun
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး(Li Junhua)ရဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှာ ကျင်းပစဉ်
ထိုင်းစက်ရုံက တရားဝင်မြန်မာအလုပ်သမားတွေ အလုပ်ဖြုတ်ခံရ
2012-12-07
ထိုင်းနိုင်ငံတောင်ပိုင်း၊ လတ်ဘူရီခရိုင်၊ ပဝိုင်မြို့နယ်၊ ကီလိုကောက်ဒေသမှာရှိတဲ့ V&K နာနတ်သီး ဖျော်ရည်သွပ်စက်ရုံက တရားဝင်နိုင်ငံကူးလက်မှတ်နဲ့ လာရောက်အလုပ်လုပ်နေသူ မြန်မာအလုပ်သမား ၁ဝ၂ ဦးဟာ နှစ်နိုင်ငံ သဘောတူစာချုပ် MOU မှာပါရှိတဲ့ အခွင့်အရေးအတိုင်း တောင်းဆိုတာကို စက်ရုံငြင်းပယ်လိုက်ပြီး၊ နိုင်ငံကူးလက်မှတ်တွေ အလုပ်ကနေ ထုတ်ပစ်လိုက်တယ်လို့ သိရပါတယ်။ အလုပ်ထုတ်ခံရတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတဦးဖြစ်တဲ့ ကိုဇော်မျိုးလတ်က အခုလိုပြောပါတယ်။
ကချင်စစ်ပြေးဒုက္ခသည်တွေ အကူအညီတွေ ပိုလိုအပ်နေ
2012-12-07
ကချင်ပြည်နယ်က စစ်ပြေး ဒုက္ခသည်တွေဟာ ဆောင်းရာ သီရောက်လို့ ရာသီဥတု ဆိုးလာတာနဲ့အမျှ အကူအညီတွေပိုပြီး လိုအပ်နေတဲ့အတွက် သူတို့ကို ထောက်ပံ့ကူညီ တာတွေ တားဆီး ပိတ်ပင်တာတွေမလုပ်ဖို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Mrs. Valerie Amos က မြန်မာအစိုးရကို ပန်ကြားလိုက်ပါတယ်။
နတ်မောက်မြို့ တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ် ကြေးရုပ် ဘောလုံးကွင်း တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်းမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များနှင့် ပတ်သက်၍ ပြောကြားချက်ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။
"ကျွန်မ ပြောမယ်နော်။ အန်အယ်လ်ဒီတွေ မြောက်ကြွ မြောက်ကြွ လုပ်နေလို့ကတော့ ကျွန်မကိုသာတိုင်။ ကျွန်မ လုံးဝမကြိုက်ဘူး။ ကျွန်မတို့အဖွဲ့ဟာ ပြည်သူတွေရဲ့မျက်စိမှာ အမြင်မတော်ဘူးဆိုရင် ဘာမှမလုပ်ဘူး။ အဲဒီတော့ လုပ်လို့ရှိရင် ပြည်သူတွေအနေနဲ့
ကျွန်မကိုပြောနိုင်တဲ့အခွင့်အရေးရှိပါတယ်။ ပြောလည်းပြောပါ။

ကမ်းရိုးတန်းတလျှောက် အဆင့်မြင့် ခေတ်မှီရေယာဉ်များ တိုးချဲ့ပြေးဆွဲမည်
ဧရာဝတီ-ချင်းတွင်း-သံလွင်မြစ်များနှင့် ရခိုင်-တနသာင်္ရီကမ်းရိုးတန်းတလျှောက်တွင် ခရီးသည်တင် အဆင့်မြင့် (စပိဘုတ်) ခေတ်မှီရေယာဉ်များ ပြေးဆွဲသွားမည် ဖြစ်ကြောင်း အလင်းသစ် သင်္ဘော ရေကြောင်းလိုင်းမှ သိရှိရသည်။
ထိုသို့ ပြေးဆွဲပေးနိုင်ရန်အတွက် အဆင့်မြင့်ခေတ်မှီ (စပိဘုတ်) အမြန်ယာဉ်များအား မလေးရှားနိုင်ငံမှ (၁၀)စင်း၊ စင်္ကာပူနိုင်ငံမှ (၂၀)စင်း၊ ဂျပန်နိုင်ငံမှ(၂၀)စင်း တို့မှ အသီးသီး မှာယူထားပြီး ၂၀၁၃ခုနှစ် မတ်လကုန်ပိုင်းမှ စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခဖြစ်ပွားခဲ့သည့်နေရာသို့ သံတမန်များသွားရောက်လေ့လာ
ရခိုင်ပြည်နယ်သို့ရောက်ရှိနေသော ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး (UNOCHA) ရုံးချုပ်နဲ့ ရန်ကုန်ရုံးခွဲ ပေါင်းစပ်ညှိနှိုင်းရေး တာဝန်ခံ မစ္စတာ အာရှော့ခ် နီဂမ်းမ် (Ashok Nigam)၊ ဘင်္ဂလားဒေ့ရှ်သံအမတ်နှင့် အင်ဒိုးနီးရှား သံအမတ်တို့ဘေးဒဏ် သင့်ဒုက္ခ သည်များသို့ ဒီဇင်ဘာလ (၇) ရက်နေ့က သွားရောက်လေ့လာခဲ့သည်။
တော်ဝင်သစ်အချောထည် စက်ရုံ ပြဿနာ မပြေလည်သေး
တော်ဝင်သစ်အချောထည် စက်ရုံမှ အလုပ်ရှင်နှင့် အလုပ်သမားများ ပြဿနာပြေလည်မှုမရရှိသေးသဖြင့် အလုပ်သမားများမှ မရမ်းကုန်းမြို့နယ် အလုပ်သမားဝန်ကြီးဋ္ဌာန ရုံးရှေ့တွင် ယနေ့ထိတိုင် ဆက်လက်ဆန္ဒ ထုတ်ဖော်လျက်ရှိကြောင်း သိရှိရသည်။
ကချင်နှင့် ရှမ်းပြည်နယ် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ဥပဒေကွန်ယက်ဖွဲ့
ချင်းမိုင်(မဇ္စျိမ)။ ။ တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအား ဥပဒေဆိုင်ရာ ကူညီပေးနိုင်ရန်အတွက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ ရှေ့နေများက ကချင် တရားရေးဆိုင်ရာ အထောက်အကူပြု ကွန်ယက်အဖွဲ့ (KLANG) ကို စနေနေ့က စတင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
မန္တလေးမြို့ တွင် လက်ပံတောင်တောင်းစီမံကိန်းတွင် အကြမ်းဖက်နှိမ်းနှင်းသောကြောင့် ရဟန်းရှင်လူများ လမ်းလျှောက် ဆန္ဒထုတ်ဖော်
မန္တလေးမြို့ ၈.၁၂.၂၀၁၂ နေ့  ( အမျိုးသားနေ့ ) မွန်းလွဲ ၁ နာရီတွင် သံဃာတော်များသည် အိမ်တော်ရာဘုရားအတွင်းတင် ထိုင်သပိတ်ပြုလုပ်ပြီးသည့်နောက် မွန်းလွဲ ၂ နာ၇ီတွင် ရဟန်းရှင်လူများအပါ လမ်းလျှောက်ဆန္ဒထုတ်ဖော်နေပါသည် ။
အိမ်တော်ရာအနောက်ပေါက်မှ စတင်ပြီး ၂၆ ဘီလမ်းအတိုင်း အရှေ့သို့ ချီတက်ပြီး ဈေးချိုမှ ၈၄ လမ်းအတိုင်း တောင်ဖက်သို့ ဆက်လက်လမ်းလျှောက်ပြီး ၃၁ လမ်းရှိ သကျသီဟ ဘုရားတွင်လမ်းလျှောက်ဆန္ဒပြ ယနေ့ အတွက် ပြီးစီးပြီး နောက်နေ့ တွင်လည်း ဆက်လက် လမ်းလျှောက် ဆန္ဒဆက်လက်ပြီးလုပ်ဆောင်သွားမည့်ဟု လမ်းလျှောက်ဆန္ဒပြပွဲတွင်ပါဝင်သော ဦးဆောင် ဆရာတော်တစ်ပါးမှ ပြောကြားပါသွားပါသည် ။

လက်ပံတောင်းတောင် အရေး ရန်ကုန်မှာ သံဃာတော်များ ဆန္ဒထုတ်ဖော်
ရန်ကုန်၊ ဒီဇင်ဘာ ၈။
လက်ပံတောင်းတောင် အရေးကိစ္စနှင့် ဆန္ဒထုတ်ဖော်သော သံဃာတော်များအား အကြမ်းဖက် ဖြိုခွင့်းမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးရန် သံဃာတော်အပါး (၂၀)သည် ယနေ့နေ့လယ် (၁း၃၀)ခန့်တွင် ကြေးသွန်း ဘုရားရှေ့မှ ဆူးလေသို့ စတင် ဆန္ဒထုတ်ဖော်ရန် ထွက်ခွာလာခဲ့သည်။

ကျောက်တော်တွင် အသက် ၂၀ ကျော် အရွယ် လူငယ် တစ်ဦး အသတ်ခံရ
" ဟုတ်တယ်။ အလောင်းကို ဒီကနေ့ မနက်က ရပါတယ်။ ရွာဟောင်းအနီးက ကာလီယာ ဘင်္ဂလီ တစ်ဦးရဲ့ လယ်ထဲက တလင်း အနီးမှာ ရပါတယ်။ ဒါပေမယ့် ဘယ်သူ သတ်သလဲ ဆိုတာ မပြောနိုင်သေးဘူး။ ရဲက စစ်ဆေး နေပါတယ်။ ညနေပိုင်းလောက်မှ
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့် ချင်းအမျိုးသားတပ်ဦး တွေ့ဆုံခြင်း
၂၀၁၂ခုနှစ် ဒီဇင်ဘာ(၈)ရက်နေ့ နေ့လည်ခန့်တွင် ရန်ကုန်မြို့ရှိ PeaceCentre ၌ ပြည်ထောင်စုအစိုးရ၀န်ကြီး ဦးအောင်မင်း ၊ ဦးစိုးသိန်း နှင့်ချင်းအမျိုးသားတပ်ဦးတို့အဖွဲ့အား (၂)ရက်ကြာတွေ့ဆုံဆွေးနွေးမှု ရလဒ်ကိုသတင်းထုတ်ပြန်ရန် အစီအစဉ်ရှိသည်ဟု သိရှိရသည်။
CNF နှင့် အစိုးရ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ရန်ကုန်တွင် ဆွေးနွေး
ချင်းအမျိုးသားတပ်ဦး(CNF)နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ ငြိမ်းချမ်းရေး စင်တာတွင် သောကြာနေ့ နံနက် ၁၀ နာရီမှ စတင်ခဲ့သည်။
ဆွေးနွေးပွဲတွင် နှစ်ဘက်ခေါင်းဆောင်များ အလွတ်သဘော ဆွေးနွေးမည်ဖြစ်ပြီး ဒီဇင်ဘာလ ၈ ရက်နေ့တွင်
ဆွေးနွေးပွဲရလဒ်တခု ရရှိမည်ဟု သိရသည်။
"ဆွေးနွေးရမယ့် အချက်တွေထဲမှာ သဘောတူညီရမယ့် အချက်တွေ အများကြီးဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲဟာ
အောင်မြင်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်" ဟု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း က ပြောသည်။
အစိုရဘက်မှ ဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း၊ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်ပိုင်းတို့ တက်ရောက်ခဲ့ပြီး CNF ဘက်မှ အတွင်းရေးမှူး ပူးဇင်ကျုံး၊ အထွေထွေအတွင်းရေးမှူးချုပ်
ဒေါက်တာ ရွှေခါး အပါဝင် ကိုယ်စားလှယ်အဖွဲ့ ၂၀ ဦး တက်ရောက်ခဲ့ကြသည်။
ပထမအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို မေလအတွင်က ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

Subscribe to:
Posts (Atom)