Saturday, December 8, 2012

ရန်ကုန်ဆိပ်ကမ်းအချို့တွင် စက်ယန္တရား နှင့် အခြေခံအဆောက်အအုံ မလုံလောက်

ရန်ကုန်ဆိပ်ကမ်းအချို့တွင် စက်ယန္တရားနှင့် အခြေခံအဆောက်အအုံ မလုံလောက်

ရန်ကုန် မြို့ရှိ ဆိပ်ကမ်း အချို့တွင် ကုန်စည်များ ရှင်းလင်းရန် လိုအပ်သော အခြေခံ အဆောက်အအုံ နှင့် စက်ယန္တရားများ လုံလောက် မှု မရှိသောကြောင့် ကွန်တိန်နာ များ (ကုန်သေတ္တာများ) ထုတ်ယူ ရာတွင် ကြန့်ကြာမှုများ ရှိနေ ကြောင်း အကောက်ခွန် လုပ်ငန်း များဆိုင်ရာ ဝန်ဆောင် သူများ အသင်း ဥက္ကဋ္ဌ ဦးမျိုးသန့်က ပြော သည်။

 

ယခုနှစ် အတွင်း ပြည်တွင်း ပြည်ပ ကုန်သွယ်မှု များလာသော ကြောင့် ဆိပ်ကမ်း အများစု၌ ကွန်တိန်နာပုံးများ စုပုံနေခြင်း ဖြစ်သည်။ "ထရပ်ကားတွေ မလုံ လောက်ဘူး။ ကွန်တိန်နာတွေ ပုံတဲ့ နေရာက အရမ်းကျပ်လာတယ်" ဟု အဆိုပါအသင်းဥက္ကဋ္ဌက ဆို သည်။

ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ အား ကြားခံဆောင်ရွက်ပေးသည့် ကိုယ်စားလှယ်များအချိန်မီရောက် ရှိမှု အားနည်းခြင်း၊ ဆိပ်ကမ်း၏ ပေးနိုင်သည့် ဝန်ဆောင်မှုနှင့် တိုး ပွားလာသည့် ကုန်စည်ပမာဏတို့ မမျှတခြင်း၊ ကွန်တိန်နာများအား နေရာအပြောင်းအရွှေ့ လုပ်ပေး နိုင်သည့် စက်ယန္တရားများ လုံ လောက်မှု မရှိခြင်း တို့ကြောင့် ယခု ကဲ့သို့ဆိပ်ကမ်း၌ ကွန်တိန်နာများ အမြောက်အမြား စုပုံနေခြင်း ဖြစ်သည်ဟု ပို့ကုန်လုပ်ငန်းရှင် တစ်ဦးက သုံးသပ်သည်။

အကောက်ခွန်ဌာန၏ စစ် ဆေးမှုများ၊ သတ်မှတ်ထားသည့် အခွန်နှုန်းထားများ ပြင်ဆင်ရန် လို အပ်ပြီး ကွန်တိန်နာတစ်လုံးထုတ် ရန်သတ်မှတ်အချိန်ထက်ကြာမြင့် နေခြင်းတို့ကို ဖြေလျှော့ပေးရန်လို အပ်နေသေးကြောင်း အထက်ပါ လုပ်ငန်းရှင်ကဆိုသည်။

"ဆိပ်ကမ်းမှာ ကွန်တိန်နာ တွေက များလာလို့ ဌာနက ဝန် ထမ်းတွေက စနေနေ့အထိပါ အ လုပ်ဆင်းပြီး ဆောင်ရွက်ပေးနေပါ တယ်။ တင်သွင်းလာတဲ့ ကုန်စည် ရဲ့ တန်ဖိုးကို ထင်ရာမြင်ရာ ဆုံး ဖြတ်ကောက် ခံခွင့် မရှိပါဘူး။ ကွန် တိန်နာတွေ ရွှေ့ပြောင်းဖို့ ယန္တရား တွေနဲ့ကားတွေမလုံလောက်လို့အ ခုလိုဖြစ်ရ တာပါ" ဟု အကောက် ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောသည်။

ပို့ကုန်၊ သွင်းကုန် လိုင်စင်များ နှင့် ဆိပ်ကမ်းမှ ထုတ်ယူရေးအ တွက်ဆောင်ရွက်ပေးသော ပုဂ္ဂလိ ကဆိပ်ကမ်းရှင်းလင်းရေးဝန်ထမ်း များ၌ ပြင်ပမှ ဧည့်ဝန်ထမ်း များက ဝင်ရောက်ဆောင်ရွက်ပေးမှုများ ရှိနေခြင်းကြောင့် မသမာသည့် ဖြစ်စဉ်အချို့လည်း ပေါ်ပေါက်နေ ကြောင်း ယခုနှစ်၌ ကုန်စည်ကိုင် တွယ်မှု ပမာဏ ၂၅ ရာခိုင်နှုန်းခန့် တိုးပွားလာကြောင်း၊အကောက်ခွန် ဦးစီးဌာန၌ရှိသည့် ဝန်ထမ်းအင် အားမှာ လောက်ငမှုမရှိကြောင်း ဦးမျိုးသန့်က ပြောကြားသည်။

ရန်ကုန် ဆိပ်ကမ်း များမှ ၂၀ဝ၂-၂၀ဝ၃ ဘဏ္ဍာနှစ်တွင် မက်ထရစ် တန်ပေါင်း ၁၀သန်းကျော် ကိုင်တွယ်ဖြေရှင်းခဲ့ရာမှ ယခုအခါ နှစ်ဆကျော် တန် သန်း၂၀ကျော် ကိုင်တွယ် ဖြေရှင်းပေးနေသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။