Saturday, December 8, 2012

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့် ချင်းအမျိုးသားတပ်ဦး တွေ့ဆုံခြင်း


၂၀၁၂ခုနှစ် ဒီဇင်ဘာ(၈)ရက်နေ့ နေ့လည်ခန့်တွင် ရန်ကုန်မြို့ရှိ PeaceCentre ၌ ပြည်ထောင်စုအစိုးရ၀န်ကြီး ဦးအောင်မင်း ၊  ဦးစိုးသိန်း နှင့်ချင်းအမျိုးသားတပ်ဦးတို့အဖွဲ့အား (၂)ရက်ကြာတွေ့ဆုံဆွေးနွေးမှု ရလဒ်ကိုသတင်းထုတ်ပြန်ရန် အစီအစဉ်ရှိသည်ဟု သိရှိရသည်။



ဒီဇင်ဘာ(၇)ရက်နေ့နှင့်(၈)ရက်နေ့များတွင် ချင်းအမျိုးသားတပ်ဦးနှင့်ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့သည်ချင်းပြည် နယ်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အရေးကိစ္စများ ၊စစ်ဖက်ဆိုင်ရာအရေးကိစ္စများကို ဆွေးနွေးမည်ဟု ချင်းအမျိုးသားတပ်ဦးမှယခင် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။


အဆိုပါတွေ့ဆုံမှုသည် ချင်းအမျိုးသားတပ်ဦးအတွက် ဒုတိယအကြိမ်ဖြစ်ပြီး ၊ပထမအကြိမ်ဆွေးနွေးမှုတွင် ချင်းပြည်နယ် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အပါအ၀င် အချက်(၁၅)ချက်ကို ချုပ်ဆိုခဲ့ကြသည်။


ချင်းအမျိုးသားတပ်ဦးသည် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့်(၂)ရက်ကြာတွေ့ဆုံပြီးနောက် ဒီဇင်ဘာ(၉)ရက်နေ့တွင် ရန်ကုန်အတွင်းရှိချင်းပါတီ ၊ တိုင်းရင်းသားပါတီ ၊  ချင်းကျောင်းသူ ၊ကျောင်းသားများနှင့်ပါတွေ့ဆုံရန် အစီအစဉ်ရှိသည်ဟုချင်းအမျိုးသားတပ်ဦးအဖွဲ့မှ သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။