Saturday, December 8, 2012

ဂျပန်နိုင်ငံတွင် ဥမင်လိုဏ်ခေါင်း ပြိုကျမှုကြောင့် လူကိုးဦးသေဆုံး

ဂျပန်နိုင်ငံတွင် ဥမင်လိုဏ်ခေါင်း ပြိုကျမှုကြောင့် လူကိုးဦးသေဆုံးဂျပန်နိုင်ငံတွင် ကားလမ်း ဖြတ်သန်း ဖောက်လုပ် ထားသော အဓိက ဥမင်လိုဏ်ခေါင်း တစ်ခု ဒီဇင် ဘာ ၂ ရက်က ပြိုကျခဲ့ရာ မော်တော်ယာဉ်များ ဥမင် လိုဏ်ခေါင်း အတွင်း ပိတ်မိပြီး မီးလောင်ကျွမ်းမှု တစ်ခုလည်း ဖြစ်ပွားခဲ့ကာ လူကိုးဦး သေဆုံးခဲ့ သည်။

"ချူအို အဝေးပြေးလမ်းမကြီး ပေါ်ရှိ ပြိုကျသွားသောဆာဆာဂို ကားလမ်းဥမင် မော်တော်ယာဉ် သုံးစီးအတွင်းမှ အလောင်းကိုး လောင်းကို တွေ့ရှိခဲ့ကြောင်း ကျိုဒို သတင်းဌာနက ကြေညာသည်။

တိုကျိုမြို့အနောက်ဘက်မိုင် ၅၀ အကွာရှိ သုံးမိုင်ရှည်လျား သော ဥမင်၏ ကွန်ကရစ်အမိုးပြား များပြုတ်ကျလာပြီး ကားများကို ပိပြားသွားစေကာ မီးလောင်မှု ဖြစ်ပွားခဲ့သည်။ လူအများ အပြား မှာ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရ သည်။

အရေးပေါ်ကယ်ဆယ်ရေး သမားများသည် ကားတစ်စီးအ တွင်းမှ အမျိုးသားသုံးဦးနှင့် အမျိုး သမီးနှစ်ဦး၏ မီးလောင်ကျွမ်း ထားသော အလောင်းများကို တွေ့ ရှိခဲ့ကြောင်း ဂျိဂျိသတင်းဌာနက ပြောသည်။

ဥမင်ပြိုကျပြီးပြီးချင်း အကူ အညီပေးရန် ကုမ္ပဏီကိုလှမ်း၍ အကြောင်းကြားခဲ့သည့် အသက် ငါးဆယ်အရွယ် ထရပ်ကား အမျိုး သားယာဉ်မောင်း တက်ဆူရာ နာကာဂါဝါ ၏ အလောင်းကို လည်း တွေ့ရကြောင်း မီးသတ်နှင့် ဘေးအန္တရာယ် စီမံခန့်ခွဲ အေဂျင် စီက ပြောကြားသည်။

အခြားသေဆုံးသူ သုံးဦးမှာ သက်ကြီးပိုင်းအမျိုးသားတစ်ဦး နှင့် အမျိုးသမီးနှစ်ဦးတို့ဖြစ်ပြီး ကား တစ်စီးအတွင်း အတူစီးနင်း ပိတ်မိသူများ ဖြစ်သည်။ ယင်းဥမင်ပြိုကျမှုအတွက် တာဝန်ပေါ့လျောလစ်ဟင်းမှု ရှိ မရှိဆိုသည်ကို ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေသည်။

အဆိုပါအဝေးပြေးလမ်းမကို တာဝန်ယူလုပ်ကိုင်နေသောကုမ္ပဏီ ကမူ ပြီးခဲ့သည့် စက်တင်ဘာလက အဆိုပါ ဥမင်လိုဏ်ခေါင်းအား စစ် ဆေးခဲ့ရာတွင် ပုံမှန်မဟုတ်သည့် အခြေအနေများ မတွေ့ရှိခဲ့ရ ကြောင်း ပြောကြားသည်။

—Ref: ASP

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။